ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်နဲ့ မူးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ဒရုန်းတွေ အသုံးပြုတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ (၃) ယောက် လက်နက်ကြီးထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ကျောက်ကြီးမြို့နယ်မှာ ဇွန်လ (၁၄)ရက်က ပိန်းဇလုပ် အခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ် ခလရ-၂၆၄ တပ်ရင်းကနေ သမင်အင်းကုန်းကျေးရွာကို ၁၂၀ မမ လက်နက်ကြီး (၁)လုံး၊ ဖျံတလင်းကျေးရွာကို ၁၂၀မမ လက်နက်ကြီး (၂)လုံး ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် သမင်အင်းကုန်းကျေးရွာနေ (၂၆)နှစ် အရွယ်အမျိုးသမီး၊ ဖျံတလင်းကျေးရွာနေ (၄၂) နှစ်အရွယ် အမျိုးသမီးနဲ့ (၁၁)နှစ်အရွယ် ကလေးငယ်တို့ လက်နက်ကြီးစ ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဇွန်လ (၁၇)ရက်ကလည်း အဆိုပါအကြမ်းဖက်စစ်ကောင်စီတပ်စခန်းက သမင်အင်းကုန်း ကျေးရွာကို လက်နက်ကြီး ၁၂၀မမ (၃)လုံး ထပ်မံပစ်ခတ်ခဲ့သေးတယ်လို့ KNU က ဆိုပါတယ်။

မူးမြို့နယ်မှာလည်း ဇွန်လ (၂၀) ရက်က နတ်သံကွင်းရှိ အကြမ်းဖက် စစ်ကောင်စီတပ်က ဥသျှစ်ကုန်းကျေးရွာအတွင်း ဒရုန်းနဲ့ ဗုံး (၁၂) လုံး၊ ရေလဲကျေးရွာအတွင်း လက်နက်ကြီး (၃)လုံးနဲ့ လယ်ကွင်းပြင်ကို (၁)လုံး ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဥသျှစ်ကုန်းကျေးရွာက နေအိမ် (၂) လုံး၊ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း (၁) ကျောင်းနဲ့ ခရစ်ယာန်ဘုရားကျောင်း (၁) ကျောင်း၊ ရေလဲကျေးရွာက နေအိမ် (၂) လုံး လက်နက်ကြီးထိမှန်ပျက်စီးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သားအမျိုးသမီး ၃၀၉ ဦး သေဆုံးခဲ့

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားအမျိုးသမီး ၃၀၉ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

စစ်တိုင်းမှူး အပြောင်းအလဲလုပ်အပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ်ကို ဒု-စစ်ခေါင်းဆောင် စိုးဝင်းရောက်ရှိလာ… ဧရာဝတီကို AA ဝင်လာရင် အစွမ်းကုန်တုံ့ပြန်ဖို့အတွက် ပြင်ဆင်ထားရန် ညွှန်ကြားဟုဆို

အကြမ်းဖက်စစ်ခေါင်းဆောင် မင်အောင်လှိုင်က စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေကို ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း အပြောင်းအလဲ ပြုလုပ်ခဲ့အပြီး၊ ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းဟာ ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာရှိတဲ့ နတခ တိုင်းစစ်ဌာနချုပ်ကို ဒီဇင်ဘာလ ၂၇ ရက် မနေ့က ရောက်ရှိလာခဲ့တယ်လို့ နတခ တိုင်းစစ်ဌာနချုပ်နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ညောင်လေးပင်ခရိုင်အတွင်း KNU ရဲ့ ခရိုင်တာဝန်ရှိသူတွေနဲ့ ပြည်တွင်းဌာနေမဲ့ ကရင်ဒုက္ခသည်များဆိုင်ရာ ကော်မတီ (CIDKP)တို့က စစ်ရှောင်ပြည်သူတွေကို ထောက်ပံ့ကူညီခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း ကရင်အမျိုးသားအစည်းအရုံး - KNU ရဲ့ ခရိုင်တာဝန်ရှိသူတွေနဲ့ ပြည်တွင်းဌာနေမဲ့ ကရင်ဒုက္ခသည်များဆိုင်ရာ ကော်မတီ (CIDKP)တို့က စစ်ရှောင်ပြည်သူတွေကို ထောက်ပံ့ကူညီခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။
Read More

ရန်ကုန်မှာ ဒီဇင်ဘာလအတွင်း လူ ၅၀၀ ကျော်ဖမ်းဆီးခံရ

ရန်ကုန်မှာ ဒီဇင်ဘာလ တစ်လအတွင်း စစ်ကောင်စီက လူဦးရေ ၅၀၀ ကျော်ကို အကြောင်းအမျိုးမျိုးပြ ဥပဒေမဲ့ ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တယ်လို့ Rangoon Scout Network က ဖော်ပြပါတယ်။
Read More

မဲပလီဗျူဟာသိမ်းတိုက်ပွဲအတွင်း ဟောင်ဝစ်ဇာအပါ လက်နက်ကြီးငယ် (၄၂) လက်ခန့် သိမ်းဆည်းရရှိ၊စစ်တပ်က ဗိုလ်မှူး (၁) ဦးနဲ့ ဗိုလ်ကြီး (၁)ဦး အပါအဝင် (၂၉) ဦး သေဆုံးကာ (၂၉) ဦး သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ကြောင်း KNU တရားဝင်ထုတ်ပြန်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မဲပလီကျေးရွာအုပ်စု၊ မဲပလီကျေးရွာမှာ ဝင်ရောက်ကျူးကျော် တပ်စွဲထားတဲ့ စစ်ကောင်စီတပ် အမှတ်(၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - စကခ ၈ လက်အောက်ခံ မဲပလီဗျူဟာစခန်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့မှုကို ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို)က ဒီနေ့မှာ တရားဝင်ထုတ်ပြန်လာပါတယ်။
Read More

ကရင်နီပြည် တော်လှန်ရေးတပ် စိုးမိုးနယ်မြေတစ်နေရာမှာ တော်လှန်ရေးပူးပေါင်းတပ်နဲ့ အရပ်ဘက်အုပ်ချုပ်ရေးအဖွဲ့ ပူးပေါင်းကာ ညကင်းလှည့်ပြီး ရှောင်တခင်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့

ကရင်နီပြည်အတွင်းက တော်လှန်ရေးတပ်တွေ စိုးမိုးနယ်မြေတစ်နေရာမှာ တော်လှန်ရေးပူးပေါင်းအဖွဲ့နဲ့ အရပ်ဖက်အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး ညကင်းလှည့်ကာ ရှောင်တခင် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ Unity Generation Z PDF 1101 (UGZ-PDF-1101) က ထုတ်ပြန်ထားပါတယ်။