စစ်ကိုင်းတိုင်း မုံရွာခရိုင် အရာတော်မြို့အတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေရဲ့ ၂ ရက် ဆက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၄ ယောက်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိ ခဲ့တယ်လို့ မုံရွာခရိုင်ပကဖအထူးတိုက်ခိုက်ရေးတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။

ဇွန်လ ၁၉ ရက်က အရာတော်မြို့နယ် ငွေတွင်းပျူစခန်းနဲ့ မီတာ ၈၀၀ အနီးမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲ ၁ ကြိမ်၊ ဇွန်လ ၂၀ ရက်က ငွေတွင်းပျူစခန်းအနီးရှိ ဦးကြာစိတံတားဘေးတိုက်ပွဲ တစ်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အရာတော်မြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးကိုလည်း ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရ ပါတယ်။ ၂ ရက်ဆက်တိုက်ပွဲနဲ့ စစ်ဆင်ရေးတွေအတွင်း စစ်ကောင်စီလက်အောက်ခံတပ်သား ၄ ယောက်သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို Danger Force – မုံရွာခရိုင်ပကဖအထူးတိုက်ခိုက်ရေးတပ်ဖွဲ့ နှင့်အတူ မုံရွာခရိုင်ပကဖ ၊ အရာတော်မြို့နယ် ပကဖ ၊ မုံရွာခရိုင် အမှတိ (၂၁) ​တပ်ရင်း ၊ အမည်မဖော်လိုသူ တပ်ဖွဲ့ ၊ NDRF တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video- Danger Force – မုံရွာခရိုင်ပကဖအထူးတိုက်ခိုက်ရေးတပ်ဖွဲ့

0 Shares:
You May Also Like
Read More

လောင်းလုံးမြို့နယ်အတွင်း အင်အား ၃၀၀ ခန့်ရှိ စစ်ကောင်စီစစ်ကူစစ်ကြောင်းအား တိုက်ခိုက်မှု စစ်ကောင်စီတပ်သားများ အထိနာ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း အင်အား ၃၀၀ ခန့်ရှိတဲ့ စစ်ကောင်စီစစ်ကူစစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတွေ သေဆုံးမှုများခဲ့ပြီး အထိနာခဲ့တယ်လို့ ဝေဟင်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

“ကမ္ဘာ့ကလေးများနေ့ ” အထိမ်းအမှတ်အခမ်းအနားမှ ပြည်ထောင်စုဝန်ကြီးချုပ်၏ အဖွင့်အမှာစကား (ရုပ်/သံ)

"ကမ္ဘာ့ကလေးများနေ့ " အထိမ်းအမှတ်အခမ်းအနား မှာအမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်း၀င်းခိုင်သန်းပြောကြားတဲ့ အဖွင့်အမှာစကား ကို အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်လာပါတယ်။
Read More

တညောင်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ရှင်းလင်းမှုအတွင်း ရဲ ၈ ဦး သေပြီး ၂ ဦး အရှင်ဖမ်းမိ (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ် တညောင်ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ချေမှုန်းခဲ့ရာ ရဲ ၈ ယောက် သေဆုံးပြီး ၂ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ စလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မဲပလီဗျူဟာစခန်းကို KNLA ပူးပေါင်းတပ်တွေ သိမ်းပိုက်ရရှိမှု မှတ်တမ်း (ရုပ်/သံ)

ဗျူဟာမှူးအပါအဝင် စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်းများပါ ရရှိခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ မဲပလီဗျူဟာစခန်းသိမ်းတိုက်ပွဲ မှတ်တမ်းကို စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ 
Read More

တော်လှန်ကျောင်းသားလူငယ်တွေရဲ့ ”ကျောင်းသားဟစ်တိုင်သံချပ်” (ရုပ်/သံ)

ဒို့ဖက်ဒရယ် သံချပ်ပြိုင်ပွဲမှာ ယှဉ်ပြိုင်ခဲ့တဲ့ အနုပညာဝါသနာပါတဲ့ တော်လှန်ကျောင်းသား ကျောင်းသူတွေရဲ့ ''ကျောင်းသားဟစ်တိုင်သံချပ်"ကို ယခုလိုပဲ နားဆင်ရမှာဖြစ်ပါတယ်။
Read More

ချောင်းဦးမြို့နယ်အတွင်း လမ်းသွားပြည်သူတွေကို ပိုက်ဆံတောင်းနေတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် နတ်ရေကန်နဲ့ ရေပိုးစားကျေးရွာကြား လမ်းသွားပြည်သူတွေကို ပိုက်ဆံတောင်းနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၅ ရက် နေ့လယ်ပိုင်းက မိုင်းဆွဲတိုက် ခိုက်ခဲ့တယ်လို့ ဒေါင်းစစ်သည်ပြောက်ကျားအဖွဲ့ထံက သိရပါတယ်။