မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်မှာ ဟန်ပြနုတ်ထွက်ထားတဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ၁ယောက် နေအိမ်အတွင်း ကိုယ့်ကိုကိုယ် ကြိုးဆွဲချအဆုံးစီရင်သွားကြောင်း Cobra One Pakokku တပ်ဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဇွန်လ ၂၃ရက် မနေ့က မနက်ပိုင်းမှာ ပခုက္ကူမြို့နယ်၊ လယ်ယာကျေးရွာအုပ်စုရဲ့ အုပ်ချုပ်ရေးမှူးဖြစ်သူ  ဦးမိုးဝင်းဟာ သူ့နေအိမ်မှာပဲ ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားခဲ့ကြောင်း သိရပါတယ်။

သူဟာ အုပ်ချုပ်ရေးမှူးသက်တမ်းအတွင်း ကျေးရွာပိုင်မြေတွေကို အလွဲသုံးစားလုပ်တာတွေ ရှိခဲ့သလို  အာဏာပိုင်တွေရဲ့ ဖိအားပေးဒဏ်ကို မခံနိုင်တဲ့အဆုံးမှာ အခုလိုလုပ်ဆောင်သွားခဲ့တာဖြစ်မယ်လို့ Cobra One Pakokku တပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

လယ်ယာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမိုးဝင်း မသေဆုံးခင်က ဟန်ပြနုတ်ထွက်ကြောင်း တင်ထားသည့်စာ

“သူက စကစ က ခန့်ထားတဲ့အုပ်ကြီးပါ။ စစ်တပ်အတွက် တစ်လကိုတစ်ကြိမ် စစ်မှုထမ်းကြေး  ကောက်ပေးရတယ်။ တစ်အိမ်ကို ၁သောင်းခွဲကျပ်နူန်းပေါ့။ နောက်တော့ ကွက်သစ်ထုတ်တဲ့မြေတွေကိုလည်း  ရောင်းစားတယ်လေ။ သူပိုင်တဲ့မြေတော့ မဟုတ်ဘူးဗျ။ ကျေးရွာပိုင်မြေနဲ့ ပြည်သူပိုင်မြေတွေပါ။ အဲ့လို အလွဲသုံးစားလုပ်ထားတာတွေလည်း ရှိတယ်။  နောက်ပိုင်း စကစကလည်း သူ့ကို အရေးမပေးတော့ဘူး။ မသေခင်ကလည်း စကစက သူတို့ကိုလိမ်လို့ဆိုပြီး အချုပ်ချသေးတယ်။ အဲ့လိုကနေ ဖိအားတွေရပြီး  အခုလိုဆူစိုက်လုပ်သွားတာဖြစ်ရမယ်” လို့ Cobra One Pakokku တပ်ဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ပခုက္ကူမြို့နယ်အတွင်းက ကုက္ကိုလ်စု၊ ကံလှ၊ လယ်ယာနဲ့ ကျေးရွာတချို့မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဆိုသူတွေက ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ သတိပေးချက်ကြောင့် ရာထူးကနေ နုတ်ထွက်ဟန်ပြထားခဲ့ပေမယ့် လက်တွေ့မှာတော့ ပေါ်ပေါ်ထင်ထင် ဆက်လက်လုပ်ဆောင်နေကြကြောင်း သိရပါတယ်။

 

0 Shares:
You May Also Like
Read More

မင်းကင်း CDM ဆရာဝန် ဒေါက်တာခင်သူသူလွင်အား အကြမ်းဖက်ဖမ်းဆီးမှု များစွာတုန်လှုပ်မိကြောင်း CDM Medical Network ထုတ်ပြန်

တော်လှန်ရေးမှာ ကျရာတာဝန်ထမ်းဆောင်ရင်း ပါဝင်အားဖြည့်ပေးနေတဲ့ CDM ကျန်းမာရေးဝန်ထမ်းတွေရဲ့ လူမှု ဘဝဟာ လုံခြုံမှုမရှိဘဲ အကြမ်းဖက်စစ်တပ်ရဲ့ ခြိမ်းခြောက်မှုကို နေ့စဉ်ကြုံတွေ့နေရတဲ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့ သွေဖီကာ ပြည်သူ့လုံခြုံရေး အဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်မှုကိုပါ ခံနေရတဲ့အပေါ် များစွာတုန်လှုပ်မိတယ်လို့ CDM Medical Network က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တွင် ကဗျာရွတ်ဆို ဂုဏ်ပြုခဲ့သည့် နိုင်ငံ‌ရေးအကျဉ်းသားများ ရိုက်နှက်တိုက်ပိတ်ခံထားရ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့ကို ဂုဏ်ပြု ကဗျာရွတ်ဖတ်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မြင်းခြံ‌ထောင်ရှိ ဝန်ထမ်းတွေက နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက်ပြီး ခြေချင်းခတ် တိုက်ပိတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Read More

ကျောက်ကြီးမြို့နယ်မှာ ခမရ−၅၈၉ က စစ်ကောင်စီတပ်သားတစ်ယောက် လက်နက်ချအလင်းဝင်လို့ ကျပ်ငွေ ၁၀ သိန်း ဆုချီးမြှင့်…

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း ခမရ−၅၈၉ က စစ်ကောင်စီတပ်သားတစ်ယောက် လက်နက်ချအလင်းဝင်လို့ ကျပ်ငွေ ၁၀ သိန်း ဆုချီးမြှင့်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ထားပါတယ်။
Read More

တစ်နှစ်အတွင်း ရန်ကုန် လမ်းမများပေါ် တွင် အကြမ်းဖက် စစ်တပ် ဖမ်းဆီးခံရသူ ၈၄၀ ရှိကြောင်း RSN ထုတ်ပြန်

၂၀၂၅ခုနှစ်အတွင်း ရန်ကုန်မြို့ လမ်းမတွေ ပေါ် ရှိနေတဲ့အချိန် ဖမ်းဆီးခြင်းခံရတဲ့ ပြည်သူ အယောက် ၈၄၀ ရှိတယ်လို့ Rangoon Scout Network – RSN က သတင်း ထုတ်ပြန်ထားပါတယ်။
Read More

နောင်ချိုမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်များ ပြန်လည်ထိန်းချုပ်ဟု ဆို

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းတပ်မတော် TNLA နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်လိုက်ပြီဖြစ်တယ်လို့ စစ်ကောင်စီလော်ဘီမီဒီယာတွေက သတင်းဖော်ပြထားပါတယ်။
Read More

သပိတ်ကျင်းမှာ စစ်ကောင်စီတပ် ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၂ ယောက် သေဆုံးပြီး ၁၆ ယောက် ပြင်းထန်ဒဏ်ရာရ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သားနေအိမ်တွေကို ပစ်မှတ်ထားပြီး ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂ ယောက် သေဆုံးပြီး ၁၆ ယောက် ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။