မန္တလေးတိုင်း၊ နွားထိုးကြီးမြို့ပေါ်မှာရှိတဲ့ ရှေးဟောင်းသမိုင်းဝင် ရှင်ပင်သာဒွန်းဦးဘုရားကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

မနေ့ည ၁၂နာရီကျော်အချိန်မှာ ထိတွေ့ပစ်ခတ်မှုတွေ မရှိဘဲ နွားထိုးကြီးမြို့ အမှတ် ၂ ရပ်ကွက်က ရှေးဟောင်းသမိုင်းဝင် ဘုရားတစ်ဆူဖြစ်တဲ့ ရှင်ပင်သာဒွန်းဦးဘုရားကို လေကြောင်းကနေ ဗုံးသီး ၂လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး ဘုရားအဆောက်အဦးတချို့ ပြိုကျပျက်စီးသွားတယ်လို့ ဆိုပါတယ်။

“အကြောင်းမဲ့ တိုက်ပွဲမဖြစ်ဘဲ လာပစ်သွားတာ။ ကာကွယ်ရေးအဖွဲ့တွေ ရှိတယ်ထင်လို့ ကြဲတာပေါ့။ ဂေါပက တစ်ဦးတော့ အစ မှန်တယ်လို့ သိရတယ်။ မစိုးရိမ်ရဘူး။ အခုလို လာကြဲတာက ပထမအကြိမ်ပါ။ မြို့ကတော့ ပုံမှန်ပါပဲ။ ထွက်ပြေးတဲ့လူတွေ မရှိပါဘူး။” လို့ နွားထိုးကြီးမြို့ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

အဆိုပါ ရှင်ပင်သာဒွန်းဦးဘုရားဟာ နွားထိုးကြီး မြို့သူမြို့သားတွေ အဓိက ကိုးကွယ်နေတဲ့ ဘုရားကြီးဖြစ်သလို ဘုရားကြီးဖြစ်ပေါ်လာပုံ သမိုင်းကို ဆေးပန်းချီတွေနဲ့ ဖော်ပြထားတဲ့ သမိုင်းဝင်ဘုရားလည်း ဖြစ်ပါတယ်။

“သူတို့က ဘာသာသားသနာနဲ့ အော်ပြီးတော့ တကယ့်တကယ်တမ်းကျတော့ သာသနာကို သူတို့ကိုယ်တိုင်ဖျက်ဆီးနေတာ။ အဲဒီအပေါ်မှာတော့ ကျနော်တို့က အရေးယူဆောင်ရွက်စေချင်တာပေါ့ဗျာ” လို့ နွားထိုးကြီးမြို့နယ် လူ့အခွင့်အရေးအဖွဲ့တစ်ခုရဲ့ တာဝန်ရှိသူက ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နွားထိုးကြီးကို စစ်ကောင်စီအနေနဲ့ ပြန်လည်သိမ်းပိုက်ချင်ရင် လက်ရုံးချင်း ယှဥ်တိုက်ရမှာဖြစ်ပြီး အခုလို လေကြောင်းကနေ လာရောက်ပစ်ခတ်နေတာကတော့ ပြည်သူတွေကို ထိခိုက်သေဆုံးစေဖို့ ရည်ရွယ်တာမျိုး ဖြစ်တယ်လို့ အထက်ပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။

“အဲဒါကို ပြန်လိုချင်တယ်ဆိုလည်း လက်ရုံးချင်းယှဥ်ပေါ့ဗျာ.. အခုဟာက လက်ရုံးချင်းကလည်း မယှဥ်နိုင်တဲ့အခါကျတော့ အခုလို ပြည်သူလူထုကို တိုက်ခိုက်တာ၊ ပြည်သူ ကိုးကွယ်တဲ့ ဘုရားတွေကို သူတို့ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာပဲလေ။ သူတို့ ဒါကို ပိုင်ဆိုင်ချင်တဲ့အတွက်ကြောင့် အခုလိုလုပ်တာတော့ မဖြစ်နိုင်ဘူးလို့ ကျနော်က ထင်တယ်”

ပြီးခဲ့တဲ့ မေလ ၁၆ရက်နေ့တုန်းကလည်း နွားထိုးကြီးမြို့နယ် မာန်လည်ရွာကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ကာ စက်လက်နက်နဲ့ပါ ပစ်ခတ်ခဲ့လို့ အသက် ၅၄နှစ်အရွယ် အမျိုးသားနဲ့ အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ယောက် သေဆုံးပြီး ၈ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။

နွားထိုးကြီးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ရှင်ပင်သာဒွန်းဦးဘုရား လေကြောင်းတိုက်ခိုက်ခံထားရပုံ (ဓာတ်ပုံ လူမှုကွန်ရက်)

0 Shares:
You May Also Like
Read More

စစ်သား ၁၈ ဦးထိ သေဆုံးစေခဲ့တဲ့ Mi-17 ရဟတ်ယာဉ်ကို FPV အသေခံ ဒရုန်းဖြင့် ဝင်တိုက်ဖျက်ဆီးခဲ့ခြင်း ဖြစ် 

ကချင်ပြည်နယ် ဗန်းမော်မြို့ကို စစ်ကူလာတဲ့ စစ်ကောင်စီရဲ့ Mi-17 ရဟတ်ယာဉ်ကို အသေခံဒရုန်းနဲ့ ဝင်တိုက်ပြီး ဖျက်ဆီးခဲ့တဲ့ ရုပ်သံဖိုင်တစ်ခု ဒီကနေ့မှာ ထွက်ပေါ်လာပါတယ်။
Read More

ဖားကန့်တွင် လူ ၅ဦးအထက် စုဝေးခြင်းမပြုရ စည်းကမ်းချက် စစ်ကော်မရှင် ထုတ်ပြန်

ကချင်ပြည်နယ်၊ ဖားကန့်မှာ လူ ၅ ယောက်အထက် စုဝေးခြင်းမပြုရ စည်းကမ်းချက်ကို ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက အောက်တိုဘာ ၈ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ကွတ်ခိုင်မှာ တအာင်းသံဃာတော်တွေနဲ့ PSLF/TNLA ထိပ်ပိုင်းခေါင်းဆောင်တွေက ဗဟိုသံဃာတော် အစည်းအဝေးပြုလုပ်…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်မှာ တအာင်းသံဃာတော်တွေနဲ့ PSLF/TNLA ခေါင်းဆောင်တွေ ဗဟိုသံဃာတော်အစည်းအဝေးကို ဇန်နဝါရီလ ၁၆ ရက်မှာ ပြုလုပ်ကျင်းပခဲ့တယ်လို့ TNLA က မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

ပုလဲမှာ စစ်ဘေးရှောင် နှစ်သောင်းကျော်အထိတိုးမြှင့်လာ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့မှာပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် ပြည်သူ နှစ်သောင်းကျော်လောက်စစ်ဘေးရှောင်နေရ တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ BNRA ၊ GZ နဲ့ YSO တော်လှန်ရေးအဖွဲ့တွေက နိုဝင်ဘာ ၁၁ ရက် မနက်မှာ ပုလဲမြို့ကို စတင်ဝင်ရောက်တိုက်ခိုက်မှုကြောင့်တိုက်ပွဲတွေပြင်းထန်ခဲ့ရပြီး ဒေသခံအများစုက ရုတ်တရက်မြို့ပေါ်ကနေ ဘေးလွတ်ရာကို စစ်ဘေးရှောင်နေရခြင်းဖြစ်ပါတယ်။
Read More

သီပေါမြို့ကို အကြမ်းဖက်စစ်တပ် ဗုံး ၄ လုံး ကြဲချမှုကြောင့် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် နေအိမ် ၁၃ လုံး ပျက်စီး

ရှမ်းပြည်နယ်အတွင်း တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားရာ သီပေါမြို့ကို အကြမ်းဖက်စစ်တပ်က ထပ်မံလေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းအပါအဝင် နေအိမ် ၁၃ လုံး ပျက်စီးသွားခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ခင်ဦးမြို့ပေါ် တိုက်ပွဲမှာ ရဲဘော် နွေဦး ကျဆုံးခဲ့

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေမှု့ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ယောက် ကျဆုံးခဲ့ရကြောင်း သိရပါတယ်။