တနင်္သာရီတိုင်း၊ ပလောက်မြို့မှာ အပတ်စဥ် ၁၁ စစ်မှုထမ်းသင်တန်းအတွက် အဓမ္မစစ်သားစုဆောင်းခံရသူ လူငယ် ၄ ယောက်ဟာ ဘက်ပြောင်းခိုလှုံအလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ (၁၈) ရက်က ပလောက်မြို့၊ အမှတ် (၁၂) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း(တိုင်းဗဟို ၁၂) ရှိ စစ်မှုထမ်းသင်တန်း အပတ်စဉ် (၁၁) အဖြစ် အဓမ္မစုဆောင်းခံရသူ လူငယ် (၄) ယောက်ဟာ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းဆီ ခိုလှုံလာတယ်လို့ ဆိုပါတယ်။

အဆိုပါလူငယ် ၄ ယောက်ဟာ ထိုင်းနိုင်ငံမှာ ဗီဇာသက်တမ်းကုန်တာကြောင့် ဖမ်းဆီးခံခဲ့ရပြီး မြန်မာနိုင်ငံဆီ ပြန်လည်ပို့ဆောင်ခံခဲ့ရတဲ့နောက် မိမိ ဆန္ဒမပါဝင်ဘဲ ပလောက်မြို့ တိုင်းဗဟို ၁၂ ဆီ စစ်မှုထမ်းသင်တန်း အပတ်စဉ် (၁၁) တက်ရောက်ဖို့ အတင်းအဓမ္မ ပို့ဆောင်ခံခဲ့ရတယ်လို့ သိရပါတယ်။

မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းအနေနဲ့ လက်ရှိမှာ အဆိုပါလူငယ် ၄ ယောက်ကို ကောင်းမွန်စွာ ဆက်လက်ထိန်းသိမ်းထားရှိပြီး လိုအပ်တာတွေ ဆက်လက်လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

စစ်မှုထမ်းအဖြစ် အတင်းအဓမ္မစုဆောင်းခံရသူတွေကို မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းအနေနဲ့ အကောင်းဆုံး ကူညီဆောင်ရွက်နိုင်အောင် နည်းလမ်းမျိုးစုံနဲ့ ကြိုးစားနေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

အရာတော်တွင် အကြမ်းဖက်စစ်ကြောင်း ထိခိုက်သေဆုံးများဖြင့် တပ်လန်ပြန်ဆုတ်သွားအောင် တော်လှန်ရေးတပ်များ တိုက်ခိုက်နိုင်ခဲ့

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ ပျူစောထီးရွာကနေ ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲ ၄ကြိမ်ထက်မနည်း ဖြစ်ပွားကာ စစ်အုပ်စုအထိနာပြီး ပြန်လည်ဆုတ်ခွာသွားတယ်လို့ Generation Z Power - GZP (Mandalay) ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက်ကျားတပ်ဖွဲ့ (မန္တလေး) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ကျားသစ်နက်တပ်မတော် တပ်တည်ထောင်ခြင်း (၃) နှစ်ပြည့် အဖြစ် နွေဦးရွက်ကြွေဇရပ်

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကျားသစ်နက်တပ်မတော်ရဲ့ တပ်တည်ထောင်ခြင်း (၃) နှစ်ပြည့် အဖြစ် နွေဦးရွက်ကြွေ ဇရပ်ဆောက်လုပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Read More

ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီတပ်ရဲ့ ဒရုန်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုနဲ့ နင်မိုင်းတို့ကြောင့် အရပ်သား (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၁) လုံးနဲ့ စာသင်ကျောင်း (၁) ကျောင်းထိခိုက်ပျက်စီးခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီး မြို့နယ်နဲ့ မူးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူတွေ ပစ်မှတ် ထားတဲ့ ရည်ရွယ်ချက်ရှိရှိ ဒရုန်းနဲ့ ဗုံးကြဲခြင်း၊ လက်နက်ကြီးတွေ ပစ်ခတ်ခြင်းတို့ကြောင့် ပြည်သူပိုင် နေအိမ်(၁)လုံး၊ စာသင်ကျောင်း (၁) ကျောင်းနဲ့ အရပ်သား ပြည်သူ(၁) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် စစ်ကောင်စီတပ် ထောင်ထားတဲ့မိုင်း နင်းမိပြီး ပြည်သူ (၁) ယောက် ထိခိုက်ဒဏ်ရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က ထုတ်ပြန်ထားပါတယ်။
Read More

အတုအယောင် ရွေးကောက်ပွဲအတွက် အဆိုတော်များ ဝါဒဖြန့်ပေးရန် အလှည့်ကျလာပြန်

အာဏာသိမ်း အကြမ်းဖက် စစ်ကော်မရှင်ဟာ အတုအယောင် ရွေးကောက်ပွဲအတွက် အနုပညာရှင်တွေကို ခြိမ်းခြောက် ဝါဒဖြန့်ခိုင်းနေရာမှာ သရုပ်ဆောင်တွေပြီးတဲ့နောက် အဆိုတော်တွေအလှည့် ရောက်လာပြန်ပါပြီ။
Read More

“မေမေ့ကို မတရား ဖမ်းဆီးချုပ်နှောင်ထားတဲ့ ထောင်ထဲမှာ သေဆုံးသွားမှာ မဖြစ်စေချင်ဘူး”

မတရားဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်ထဲမှာ နှလုံးနဲ့ ပတ်သက်ပြီး ကျန်းမာရေးအခြေအနေ ဆိုးရွားစွာ ခံစားနေရပေမယ့် နှလုံးအထူးကုဆရာဝန်နဲ့ ပြသခွင့် မရကြောင်း သားဖြစ်သူ ကိုထိန်လင်း (ခ) Kim Aris က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပြောဆိုခဲ့ပေမယ့် ဒါဟာ မဟုတ်မမှန်ကြောင်း အာဏာသိမ်းစစ်တပ်က ပြောဆိုခဲ့ပါတယ်။
Read More

စဉ့်ကူးမြို့နယ်အတွင်းရှိ စစ်ရှောင်ပြည်သူတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်းအမှတ် -၁၂၂၂ က ရိက္ခာနဲ့ အသုံးအဆောင်တွေ ထောက်ပံ့ကူညီ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်းရှိ စစ်ဘေး ရှောင်ပြည်သူတွေဆီကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်းအမှတ် -၁၂၂၂ ၊ ပြည်သူ့ဆက်ဆံရေးနှင့်စည်းရုံးရေးဌာနက ဆန်၊ ဆီ၊ အဝတ်အထည်တွေနဲ့ အခြားအသုံးဆောင်ပစ္စည်းတွေ သွားရောက် လှူဒါန်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။