ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော် DPLF/DPLA ရဲ့ အပတ်စဉ် (၆) စစ်သင်တန်းဆင်းပွဲနဲ့ လက် နက်တပ်ဆင်ခြင်းအခမ်းအနားကို တ‌အောင်းပြည်တစ်နေရာမှာ ဇွန်လ ၂၁ ရက်က ကျင်းပပြုလုပ်ခဲ့တယ်လို့  သိရပါတယ်။

စစ်သင်တန်းမှာ DPLF/DPLA ဥက္ကဌ ဦးထွန်းထွန်းနိုင်က ဓနုဒေသအတွင်းရှိ ပြည်သူလူထုကို သစ္စာရှိရှိနဲ့ ကာကွယ်သွားကြဖို့၊ အမိန့်နာခံတတ်စေဖို့နဲ့ ဘယ်လိုအခြေအနေဖြစ်ဖြစ် စိတ်ဓာတ်မကျဘဲ စစ်အာဏာရှင်ကို တိုက်ထုတ်သွားကြဖို့ အမှာစကားပြောကြားခဲ့ပါတယ်။

စစ်သင်တန်းဟာ ၃ ကျော်ကြာမြင့်ခဲ့ပြီး ပြည်သူလူထုကို ကာကွယ်နိုင်ဖို့၊ ရန်သူကို အမြဲသတိထားတတ်စေဖို့နဲ့  တိုက်ခိုက်ရေးကျွမ်းကျင်မှုရှိစေဖို့ အဓိကထား သင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။

Video – Danu People’s Liberation Front – DPLF

0 Shares:
You May Also Like
Read More

ပြည်သူများ လယ်ယာရိတ်သိမ်းနေချိန် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တဲ့ ပန်းရံပျူစခန်းနဲ့ သီလုံးပျူစခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ပန်းရံပျူစခန်းနဲ့ သီလုံးပျူစခန်းကို ဇန်နဝါရီ ၂ ရက် နံနက်ပိုင်းက ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Shwebo Crocodile တပ်ဖွဲ့ထံက သိရပါတယ်။
Read More

လွတ်လပ်ရေးနေ့မှာ တောင်ငူလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း တောင်ငူမြို့ရှိ ကေတုမတီလေတပ်စခန်းကို လွတ်လပ်ရေးနေ့ ဇန်နဝါရီ ၄ ရက် ယနေ့နံနက်ပိုင်းမှာ ၁၀၇ မမ ရှော့တိုက်ဒုံး ၁၂ လုံးနဲ့ ပစ်ခတ်ဖို့ ပြင်ဆင်ခဲ့ရာ ၁၀ လုံးကို အောင် မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ Brave Warriors for Myanmar-BWM အဖွဲ့ထံက သိရပါတယ်။
Read More

အောင်ဇေယျကြောင်းမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ(၅၅) လက်အောက်ခံ ခမရ(၁၁၂) တပ်သား- ကျော်မင်းထွန်း၏ ပြောကြားချက် (ရုပ်/သံ)

''မတိုက်ခိုက်ချင်ဘူး၊ တစ်ဖက်နဲ့ တစ်ဖက်ရန်သူတွေလို ဘာမှာမဟုတ်ဘဲနဲ့ မတိုက်ခိုက်ချင်ဘူး။ သူတို့ရဲ့ တစ်ဖက်စီးနင်းနဲ့ အာဏာသုံးပြီး ဘယ်လိုဒုက္ခတွေပဲဖြစ်ဖြစ် ဝင်ကို ဝင်ရမယ်၊ (စစ်မှုထမ်းထဲ) ညီလေးတို့အပါအဝင် ပြည်သူလူထုတွေလည်း ဒုက္ခရောက်နေတာ''
Read More

ရွာမီးရှို့မယ့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရ၊ ထိခိုက်ကျဆုံးများစွာဖြင့် ဆုတ်ခွါသွား (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တူရွှင်းဘိုရွာကို မီးရှို့ဖို့ ရောက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို မတ်လ ၄ ရက်မှာ တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ ကြယ်တစ်ပွင့်တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ကရင်နီရှေ့တန်းစစ်မြေပြင်မှာ မဟာမိတ်တွေနဲ့အတူ ပူးပေါင်းတိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးရဲဘော်များ

ကရင်နီရှေ့တန်းစစ်မြေပြင်မှာ မဟာမိတ်တွေနဲ့အတူ ပူးပေါင်းတိုက်ပွဲဝင်နေတဲ့ မြို့ပြစစ်ဆင်ရေးစစ်ကြောင်း(UOC) က တော်လှန်ရေးရဲဘော်တွေရဲ့ မှတ်တမ်းရုပ်သံကို ထုတ်ပြန်လိုက်ပါတယ်။
Read More

ကျွန်းစုမြို့နယ်အတွင်း 116 စစ်သင်္ဘောနဲ့ ပျူစောထီးတွေတင်ဆောင်ထားတဲ့ သင်္ဘောကို တိုက်ခိုက်မှု ၂ ယောက် သေပြီး ၅ ယောက် ဒဏ်ရာရ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်အတွင်း 116 စစ်သင်္ဘောနဲ့ ပျူစောထီးတွေတင်ဆောင်ထားတဲ့ သင်္ဘောကို တိုက်ခိုက်ခဲ့ရာ စစ်သားနဲ့ ပျူစောထီး ၂ ယောက်သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖမှ သတင်းထုတ်ပြန်ထားပါတယ်။