မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်မှာ တင့်ကားတွေအသုံးပြုပြီး ဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်ကြောင်းတွေကြောင့် ကျေးရွာပေါင်း ၂၀ ကျော်က အရပ်သားတွေ  မိုးထဲရေထဲ ထွက်ပြေးတိမ်းရှောင်နေရကြောင်း People’s Democratic Army-PDA တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဇွန်လ ၂၃ရက် မနေ့က မနက်ပိုင်းမှာ ညောင်ဦးမြို့ပေါ်နဲ့ တောင်ဇင်းတိုက်နယ်ရဲစခန်းက ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်း ၂ခုဟာ မြို့နယ်အတွင်း ကျေးရွာတွေဆီ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။ အကြမ်းဖက်စစ်ကြောင်းတွေဟာ နေရာအသီးသီးကနေ အင်အားကိုယ်စီနဲ့ ခွဲပြီး ဝင်ရောက်လာတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

အကြမ်းဖက်စစ်ကြောင်းတွေထဲ ညောင်ဦးအခြေစိုက် ခမရ ၄၁၅ တပ်ရင်းနဲ့အတူ ကျောက်ပန်းတောင်း၊ မိတ္ထီလာနဲ့ ချောက်က ခြေလျင်အင်အားတွေအပြင် တင့်ကား ၃စီးလည်း ပါဝင်ခဲ့ကြောင်း People’s Democratic Army-PDA တာဝန်ရှိသူက ပြောပါတယ်။

“အဓိကကတော့ ရဲ၊ စစ်သားနဲ့ ပြည်သူ့စစ်တွေ ပေါင်းထိုးကြတာပေါ့။ အခုဆို ညောင်ဦးမြို့ပေါ် စစ်ကြောင်းရယ် တောင်ဇင်းကလာတဲ့စစ်ကြောင်းရယ်အပြင် တပ်မရေနံမြေကနေ စစ်ကြောင်းနောက်တစ်ခု ရှေ့ဆင့်နောက်ဆင့် ထပ်ထိုးလာတယ်။ အဲ့စစ်ကြောင်း၃ခုက တြိဂံပုံစံဖြစ်သွားတော့ ကြားထဲရွာတွေ အကုန်ရှောင်နေရတယ်။ အခု တပ်မရေနံမြေကနေ လာတဲ့စစ်ကြောင်းက မြောက်ကိုဖြတ်ပြီး လယ်ကန်ရွာကိုရောက်နေပြီ။ တောင်ဇင်းကလာတဲ့ စစ်ကြောင်းကတော့ မနေ့ညက ဇီးဖြူပင်အလယ်ရွာမှာအိပ်တယ်။ ဒီမနက်ကျ ကျောက်ပြင်ကန်ရွာကိုဖြတ်ပြီး အနောက်ဘက်ကိုဆက်ထွက်သွားတယ်။ ပုဂံညောင်ဦးမြို့ပေါ်က လာတဲ့ တင့်ကားစစ်ကြောင်းကတော့ မြေသန့်တောင်မှာပါ။ အဲ့ ၃ခု ဘယ်မှာဆုံမလဲတော့ မသိဘူး။” လို့ People’s Demorcratic Army-PDA တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အကြမ်းဖက်စစ်ကြောင်းကြောင့် ညောင်ဦးမြို့နယ်မှ ‌ဒေသခံများ စစ်ဘေးတိမ်းရှောင်နေစဥ်

အထက်ပါ အကြမ်းဖက်စစ်ကြောင်းတွေထဲက တောင်ဇင်းတိုက်နယ်စခန်းကထွက်လာတဲ့ စစ်ကြောင်းကို People’s Demorcratic Army-PDA တပ်ဖွဲ့ဝင်တွေက သွားရောက်ပစ်ခတ်ရင်း ၁၅မိနစ်ကြာ ထိတွေ့မှုဖြစ်ခဲ့သေးတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပုဂံညောင်ဦးမြို့ပေါ်က စစ်ကြောင်းဟာလည်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထောင်ထားတဲ့  မိုင်းတွေနင်းမိတာကြောင့် ထိခိုက်မှုတွေရှိနိုင်ကြောင်းနဲ့ စစ်ကောင်စီဘက်ကနေပါ လက်နက်ကြီး ၄၀ မမ တွေ ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် PDA တပ်ဖွဲ့ဝင် ၁ယောက် ခေါင်းကို ရှပ်ထိဒဏ်ရာ (မစိုးရိမ်) ရရှိခဲ့ကြောင်း People’s Democratic Army-PDA တပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။

အကြမ်းဖက်စစ်ကြောင်းတွေကြောင့် ညောင်ဦးမြို့နယ်အတွင်းက ကန်နီပေါက်၊ လက်ဝဲ၊ ကံကြီးကုန်း၊ သဖျင်းကန်၊ ယာတောကြီး ၊ ဇီးစမျှင်၊ အနောက်အုံ၊ ချောင်းရှည်၊ ကျောက်ကန်၊ တော၊ ဂျိုးကန် ၊ကျောက်ပြင်ကန်၊ မြောင် ၊ ရွှေကဖြူ၊ မြေသန့်တောင်၊ ကြအို၊ ကြအိုကျွန်း၊ လယ်ကန်၊ စကား၊ မအူ၊ ညောင်လှ၊ မုန်တိုင်၊ ဂုံတော၊ ကျွန်းဘိုကန်၊ သံဇပ်တော၊ မီးလောင်ဖျားတောင်ရွာ၊ မြောက်ရွာတွေမှာ အရပ်သားတွေ  စစ်ဘေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။

“မနေ့ကလည်း မိုးရွာတော့ ဒေသခံတွေခမျာ.. မိုးထဲရေထဲရှောင်ရတာ ကလေးငယ်တွေနဲ့ သက်ကြီးပိုင်းတွေဆို  ဖျားနာတာတွေပါ ဖြစ်နေကြတယ်။” လို့  People’s Democratic Army-PDA တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

တပ်မကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းဟာ မုန်တိုင်ရွာကို ဝင်ရောက်စီးနင်းရင်း ဆိုင်ကယ် အစီး ၂၀ ကျော်၊ လှည်း ၄စီးနဲ့ ကားတစ်စီးကိုပါ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ဇွန်လ ၂၄ရက် ဒီနေ့မှာလည်း စစ်ကောင်စီတပ်တွေ ကြအိုရွာကို ဝင်ရောက်မီးရှို့နေကြောင်း PDA တာဝန်ရှိသူက ပြောခဲ့ပါတယ်။

 

0 Shares:
You May Also Like
Read More

နမခ မှ ထွက်လာသည့် စစ်ကားများကို မုံရွာ-ချောင်ဦးလမ်းပေါ် မိုင်းဆွဲတိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၇ ဦး​ သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကထွက်လာတဲ့ စစ်​ကောင်စီကားတွေကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား၇ယောက် သေဆုံးကြောင်း ယင်းမာပင်ခရိုင် အမှတ် ၉ တပ်ရင်း Idoits Column တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်အာဏာသိမ်းမှု ၃ နှစ်ကျော်အတွင်း သတင်းမီဒီယာသမား ၂၀၀ ကျော် ဖမ်းဆီးခဲခဲ့ရပြီး ၅၀ ကျော်က အကျဉ်းထောင်တွေထဲ ရောက်ရှိနေ

စစ်တပ်က အာဏာသိမ်းထားတဲ့ ၃နှစ်ကျော်အတွင်း သတင်းထောက် ၂၁၅ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ၅၄ ယောက်က အကျဉ်းထောင်တွေထဲမှာ ထိန်းသိမ်းခံထားရတယ်လို့ အသံအဖွဲ့က အသိပေးထုတ်ပြန်လာပါတယ်။
Read More

စလင်းမြို့နယ်ထဲက စစ်​​ကောင်စီဂိတ်စခန်းတွေ တစ်ရက်တည်း တိုက်ခိုက်ခံရပြီး ၁၀ ယောက်ထက်မနည်းသေ

မကွေးတိုင်း၊ စလင်းမြို့နယ်က အကြမ်းဖက်စစ်ကောင်စီတပ်တွေ ရှိနေတဲ့ နေရာ  ၄ ခုကို ဒရုန်းတွေ၊ ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၁၀ယောက်ထက်မနည်း သေဆုံးကြောင်း မင်းဘူးခရိုင်၊ အမှတ် ၅ တပ်ရင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

မိုးကုတ်တွင် ဒီဇင်ဘာ ဒုတိယပတ်ကစလို့ စစ်အုပ်စုနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲ ၁၅ ကြိမ် ဖြစ်ခဲ့၊ စစ်တပ်ဘက်က ၁၈ ဦး မျက်မြင်သေပြီး ၃ ဦးကို အရှင်ဖမ်းမိ၊ စစ်တပ် ခြေကုပ်ယူထားသည့်ရွာနှင့် စိုးမိုးကုန်းကို ရရှိခဲ့

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ ဒီဇင်ဘာလ ဒုတိယပတ်ကစလို့ အကြမ်းဖက်စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ၁၅ ကြိမ် ရှိခဲ့ပြီး စစ်တပ်ခြေကုပ်ယူထားတဲ့ ကျေးရွာ ၁ ရွာနဲ့ စိုးမိုးကုန်း ၁ ခုကို သုံ့ပန်းတွေနဲ့အတူ ရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
Read More

ကျုံဒိုးမှာ တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီတပ် ၁၇၀ မမ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ် ၁ လုံး ထိခိုက်ပျက်စီး

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ ၁၇၀ မမ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ် ၁ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ဘောမိကျေးရွာတိုက်ပွဲက ဒဏ်ရာရစစ်သားတွေကို ပုသိမ်စစ်ဆေးရုံမှာ ဆေးကုပေးနေ၊ သေဆုံးသူတွေကိုလည်း လူမသိအောင် သဂြိုလ်ပေးနေ

ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့၊ ဘောမိကျေးရွာတိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရခဲ့တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ တပ်သားတွေကို ပုသိမ်မြို့ အမှတ် ၄ ဆေးတပ်မှာ ဆေးကုပေးနေပြီး သေဆုံးစစ်သားတွေကို ရွှေမြင့်တင် သဂြိုလ်စက်မှာ လူမသိသူမသိ သဂြိုလ်ပေးနေတယ် လို့ စစ်တပ်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။