အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်မတော်(လေ) (MAF) အမှတ်တံဆိပ်ပါ Shaanxi Y-8F-200W နည်းဗျူဟာမြောက် သယ်ယူပို့ဆောင်ရေး လေယာဉ်နှစ်စင်းကို တရုတ်နိုင်ငံ ကူးမင်းလေဆိပ်ရှိ နေရာတစ်ခုမှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ Myanmar Witness က မနေ့က ထုတ်ပြန်ပါတယ်။

အဆိုပါ လေယာဉ်သစ်နှစ်စင်းရဲ့ အမြီးနံပါတ်တွေက ၅၉၂၃ နဲ့ ၅၉၂၄ တို့ဖြစ်ပြီး လေယာဉ်တွေမှာ နာမည် တပ်မတော် (လေ) လို့ ရေးသားထားပါတယ်။

စစ်ကောင်စီက မိတ်ဆက်ထားတဲ့ Y-8F-200W အမြီးနံပါတ် ၅၉၂၂ ကိုတော့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ စတင်အသုံးပြုခဲ့တယ်လို့ Myanmar Witness ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီအနေနဲ့ စစ်ဘက်လေယာဉ်တွေနဲ့ ပတ်သက်ပြီး ဝန်ဆောင်နိုင်စွမ်းနဲ့ ဘက်စုံအသုံးပြုနိုင်မှုအတွက် အလေးသာတဲ့ Y-8 လေယာဉ်တွေကို ဆက်လက်တိုးချဲ့အသုံးပြုနေတာကို တွေ့ရှိရတယ်လို့လည်း ဆိုပါတယ်။

အခုလို လေယာဥ်အသစ် ထပ်မံရောက်ရှိလာတာဟာ MAF ရဲ့ ထောက်ပံ့ပို့ဆောင်ရေးနဲ့ လည်ပတ်နိုင်မှုစွမ်းရည်ကို တိုးပွားစေဖို့ လုပ်ဆောင်တာဖြစ်တယ်လို့ Myanmar Witness က ထုတ်ပြန်ထားပါတယ်။

(ဓာတ်ပုံ Myanmar Witness)

0 Shares:
You May Also Like
Read More

NUG ၏ လမ်းညွှန်မှုနှင့်အတူ ကနီ ပအဖ တာဝန်ရှိသူများကို ငွေအလွဲသုံးစားလုပ်မှု သံသယဖြင့် ဖမ်းဆီးထိန်းသိမ်းထား

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတွေအနေနဲ့ ပြည်သူပိုင်ငွေကြေးတွေကို စီမံခန့်ခွဲရာမှာ အလွဲသုံးစားလုပ်မှုတွေရှိတယ်ဆိုပြီး ဖမ်းဆီးထိန်းသိမ်းထားတဲ့အကြောင်း ပကဖ အသံက ဒီနေ့မှာ သတင်းဖော်ပြထားပါတယ်။
Read More

ထန်တလန်မှာ စစ်ကောင်စီ တပ်သား ၃ ယောက် သေနတ် ၄ လက်၊ ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာ

ချင်းပြည်နယ်၊ ထန်တလန်မြို့က လိုင်ဗီလာဟိုတယ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်သား ၃ ယောက်က သေနတ် ၄ လက်နဲ့ ခဲယမ်းတွေကို ယူဆောင် အလင်းဝင်ရောက်လာခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

တောင်ပြတ်ကျေးရွာတိုက်ပွဲတွင် သာယာဝတီခရိုင် PDF တပ်ရင်း (၃) မှ ရဲဘော် ၄ ဦးကျဆုံးခဲ့

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ တောင်ပြတ်ကျေးရွာတိုက်ပွဲမှာ  အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ရင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သာယာဝတီခရိုင်တပ်ရင်း ၃ (Myanmar Defense Force) က ရဲဘော် ၄ ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

မြွေနှစ်ရဲ့ ကိုယ်စားပြုမှုဟာ နွေဦးတော်လှန်ရေးရဲ့ လက္ခဏာတွေကို ထင်ဟပ်နေတယ်လို့ NUG ယာယီသမ္မတ တရုတ်နှစ်ကူးဆုတောင်းမှာ ထည့်သွင်းပြောကြား

ဇန်နဝါရီ ၂၉ ရက် ဒီနေ့မှာ ကျရောက်တဲ့ မြွေနှစ်ကိုကူးပြောင်းတဲ့ တရုတ်နှစ်သစ်ကူးနေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက တရုတ်နှစ်သစ်ကူးအခါသမယ ဆုတောင်းစကား ပြောကြားခဲ့ပါတယ်။
Read More

မတ္တရာအရှေ့ခြမ်းတွင် ထိတွေ့တိုက်ပွဲများ နေ့စဥ်ရက်ဆက်ရှိနေပြီး စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေ

"စကစ က တိုးလာလို့ တိုက်ပွဲဖြစ်နေတာပါ။ ဆက်တိုက်ဖြစ်နေတာ ၂ရက် ၃ရက် ရှိပြီ။ ဒီနေ့အထိပဲ။ လေယာဥ်တွေကလည်း Y12 လာလိုက်၊ ဖိုက်တာလာလိုက်နဲ့ ပြည်သူတွေလည်း အိပ်ကောင်းခြင်းမအိပ်ရ၊ စားကောင်းခြင်းမစားရ ဖြစ်နေပြီ" လို့ ဒေသခံ ၁ယောက်က မောင်းကို ပြောပါတယ်။
Read More

မတ္တရာမြို့နယ်နှင့် စဉ့်ကူးမြို့နယ်တွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံး၊ ပြည်သူ ၁ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နဲ့ စဉ့်ကူးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ အမျိုးသမီး ၁ ယောက် သေဆုံးပြီး အမျိုးသမီး ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပြင်ဦးလွင်ခရိုင်က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။