စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ တပ်စုမှူး ရဲဘော်ကျော်ကြီး (ခ) ကျော်မျိုးသူရဲ့  နာရေးစျာပနကို ဇွန်လ ၂၃ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ ကျားသစ်နက်တပ်မတော်က  သတင်းထုတ်ပြန်ထားပါတယ်။

ရဲဘော်ကျော်ကြီး (ခ) ကျော်မျိုးသူဟာ ဇွန်လ ၁၉ ရက်က ကန့်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲမှာ စစ် ကောင်စီတပ်သားတွေကို အလင်းဝင်ဖို့ ခေါ်ဆောင်ရာကနေ အသက်ပေးဆပ်ခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

ကျဆုံးရဲဘော် ကျော်ကြီး (ခ) ကျော်မျိုးသူရဲ့  မိဘတွေကို ကျားသစ်နက်တပ်မတော်ရဲဘော်တွေက  သွားရောက်ဂါရဝပြုခဲ့ကြပါတယ်။

Video – ကျားသစ်နက်တပ်မတော် မြိုင်တပ်ခွဲ

0 Shares:
You May Also Like
Read More

KIA သိမ်းပိုက်ထားတဲ့ လန်ဆယ်ဒေသကို စစ်ကော်မရှင်တပ်နဲ့ ပြည်သူ့စစ်တွေ ပူးပေါင်းစစ်ကြောင်းထိုးလာ (ရုပ်/သံ)

ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ဆော့လော်မြို့နယ် လန်ဆယ်ဒေသကို စစ်ကော်မရှင်တပ်နဲ့ ပြည်သူ့စစ်တွေ စက်တင်ဘာ ၁၉ ရက်က စတင်ပြီး စစ်ကြောင်းထိုးလျက်ရှိရာ KIA နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားလျက်ရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ရေတာရှည်မြို့နယ်အတွင်း စစ်ရေးလှုပ်ရှားမှုပုံရိပ်များ တောင်ငူခရိုင် – တပ်ရင်းအမှတ် ၃၅၀၂ စစ်ကြောင်းတပ်ခွဲ ထုတ်ပြန် (ရုပ်/သံ)

ပဲခူးတိုင်း ရေတာရှည်မြို့နယ်အတွင်း ရဲဘော် မိုက်ကယ် ဦးစီးတဲ့ စစ်တောင်းစစ်ကြောင်းမှ အကြမ်း ဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ပြီး နယ်မြေရှင်းလင်းရေးနဲ့ စစ်ရေးလှုပ်ရှားမှုပုံရိပ်တွေကို တောင်ငူခရိုင် - တပ်ရင်းအမှတ် ၃၅၀၂စစ်ကြောင်းတပ်ခွဲ မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

သူမရဲ့ လွတ်လပ်ခွင့်၊ အားလုံးရဲ့ လွတ်လပ်ခွင့်။ သူမအတွက် တရားမျှတမှု၊ အားလုံးအတွက် တရားမျှတမှု …. (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကိုထိန်လင်း (Kim Aris) ဦးဆောင်တဲ့ ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှု All-in-One Piece ကို မြန်မာနိုင်ငံသားတွေအတွက် လွတ်လပ်မှု၊ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှု ပြန်လည်ရရှိစေဖို့ နိုင်ငံတကာလှုပ်ရှားမှုတွေကို သွေးသစ်လောင်းဖို့အတွက် စတင်ဖော်ဆောင်နေပြီလို့ သိရပါတယ်။ '' All-in-One Piece ကမ်ပိန်းလှုပ်ရှားမှု မေမေရဲ့ အကြောင်းတစ်ခုတည်းအတွက် မဟုတ်ပါဘူး။ ဒါဟာ လွတ်လပ်ခွင့်ရုတ်သိမ်းခံထားရတဲ့ နိုင်ငံတစ်ခုအကြောင်းဖြစ်ပါတယ်''လို့ ကိုထိန်လင်းက ဆိုပါတယ်။
Read More

ရေးမြို့ပေါ်ရှိ စကခ ၁၉ နှင့် အမတ ၃၁၅ အမြောက်တပ်ကို ရှော့တိုက်ဒုံးများနှင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မွန်ပြည်နယ် ရေးမြို့ပေါ်ရှိ စကခ ၁၉ နဲ့ အမတ ၃၁၅ အမြောက်တပ်ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့  ရာမညမွန်တပ်တော်(RMA)က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဧရာဝတီ PDF ရဲ့ လေ့ကျင့်ရေးပုံရိပ်များ (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ၊ တိုင်းစစ်ဌာန (ဧရာဝတီ)၊ AYA PDF အမှတ် (၂၉) ဗျူဟာ ၊ အပတ်စဉ် (၄/၂၀၂၄) အခြေခံစစ်ပညာသင်တန်းက ရဲဘော်တွေရဲ့ လေ့ကျင့်ရေးပုံရိပ်တွေကို ပြည်သူတွေသိရှိနိုင်ဖို့ မှတ်တမ်းရုပ်သံကို ထုတ်ပြန်လိုက်ပါတယ်။