မကွေးတိုင်း ရေနံချောင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ရက် ၂၀ ကြာ စစ်ကြောင်း ထိုးလာတဲ့အတွက် တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က နေအိမ် ၁၅ လုံးကို မီးရှို့ဖျက်ဆီးကာ ပြည်သူ ၂ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ People’s Defence Force -Yenangyaung က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၇ ရက်က စတင်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ကျောက်ပန်း‌တောင်မြို့နယ် စည်ပင်ပျူစခန်းက ပျူစောထီးတွေနဲ့ ပူးပေါင်းပြီး အင်အား ၁၅၀ ခန့်နဲ့ တော်လှန်ရေးတပ်ဖွဲ့ရဲ့ ထိန်း ချုပ်နယ်မြေအတွင်း ဝင်ရောက်လာတဲ့အတွက် ထိတွေ့တိုက်ပွဲ စတင်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ကံသာ(ရွာသစ်)နဲ့ လွန်ပင်ရှိုကျေးရွာက နေအိမ် ၁၅ လုံးကို မီးရှို့ဖျက်ဆီး ခဲ့ပြီး လွန်ပင်ရှို့ကျေးရွာက ပြည်သူ ၁ ယောက်နဲ့ အင်တောကျေးရွာက ပြည်သူ ၁ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။ ရက် ၂၀ ကြာ လှည့်ပတ်စစ်ကြောင်းထိုးပြီးနောက် ဇွန်လ ၁၆ ရက်မှာ ကုန်းအိုင်၊ ဖောင်ကွဲလမ်းကတစ်ဆင့် ပြန်လည်ထွက်ခွာသွားတယ်လို့ သိရပါတယ်။

ထိတွေ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား အများအပြား သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို People’s Defence Force -Yenangyaung (YNG-PDF) ၊ Tamar Myay Special Column၊ Yenanthar Columnနဲ့ အင်တောတိုက်နယ် (ပကဖ)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – People’s Defence Force-Yenangyaung

0 Shares:
You May Also Like
Read More

အရေးပေါ်လိုအပ်နေသည့် ယာဉ် ၁ စီး ဖြည့်တင်းနိုင်ဖို့ “Project Buffalo” သိန်း(၅၀၀) “ကား” ကမ်ပိန်း (ရုပ်/သံ)

စစ်ရေးပြင်းထန်နေတဲ့ ရှမ်းပြည်နယ်(‌တောင်ပိုင်း)-ကယား(ကရင်နီ)အစပ်က မိုးဗြဲမြို့အတွင်း ရဲဘော်တွေအတွက် လျင်မြန်စွာ စစ်ဆင်ရေးတွေ လက်ဦးမှုရယူနိုင်ဖို့၊ သတ်မှတ်ပွိုင့်တွေဆီ အချိန်မှီရောက်ရှိဖို့၊ စစ်ရိက္ခာတွေသယ်ယူဖို့၊ ကင်းချိန်းတဲ့ ရဲဘော်တွေနဲ့ အသက်လု‌နေရတဲ့ ထိခိုက်ရဲဘော်တွေကို အချိန်မှီဆေးရုံပို့ဆောင်နိုင်ဖို့ ယာဉ် ၁ စီးအရေးပေါ်လိုအပ်နေတယ်လို့ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ထံက သိရပါတယ်။
Read More

ရေဦးမြို့နယ်ကို အင်အား ရာကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်အတွင်း အင်အား ၁၅၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံတပ်တွေကို နိုဝင်ဘာ ၁၇ ရက် နေ့လယ်ပိုင်းက Fixed-Wing  Drone တွေနဲ့ ဗုံးသီး ၅ လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ရေဦးမြို့နယ်ထံက သိရပါတယ်။
Read More

တပ်မ ၃၃ စစ်သားများ စစ်ကြောင်းပြုတ်အောင် တိုက်ခိုက်ခံရ (ရုပ်/သံ)

ရွှေဘိုခရိုင်နဲ့ ကန့်ဘလူခရိုင်အတွင်း စစ်ကြောင်းထိုးလာတဲ့ တပ်မ ၃၃ စစ်ကော်မရှင်တပ်သားတွေကို စစ်ကြောင်းပျက်အောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ငါန်းဇွန်မြို့နယ် မြို့သာစက်မှုဇုန်ထဲမှ Light Truck ယာဉ် ၂ စီးဖြင့် ထွက်လာသည့် စစ်ကောင်စီ တပ်သားများကို ပေပါမိုင်း ၂ လုံး ဖောက်ခွဲတိုက်ခိုက်၊ စစ်သား ၅ ဦး သေ (ရုပ်/သံ)

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် မြို့သာစက်မှုဇုန်ထဲကနေ Light Truck ယာဉ် ၂ စီးနဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ပေပါမိုင်း ၂ လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ယောက်သေပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ - မြင်းခြံက သတင်းထုတ်ပြန် ထားပါတယ်။
Read More

တနင်္သာရီမြို့နယ်တွင် လမ်းကင်းယူဖို့လာသည့် စစ်ကောင်စီတပ်သားများ ဗုံးသီးကြဲချခံရပြီး တပ်ကြပ်ကြီး ၁ ဦး သေဆုံး (ရုပ်/သံ)

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ရွာထဲမှာ လမ်းကင်းယူဖို့လာတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ရာ တပ်ကြပ်ကြီး ၁ ယောက် သေဆုံးခဲ့တယ်လို့ တနင်္သာရီပကဖ ဇုန် ၃ အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ကောလင်း-ဝန်းသိုလမ်းပိုင်းကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေ တိုက်ခိုက်ခံရပြီး အများအပြားသေ (ရုပ်/သံ)

ကောလင်းခရိုင် အမှတ်၂တပ်ရင်း ထိန်းချုပ်စိုးမိုးထားတဲ့ စစ်ကိုင်းတိုင်း ကောလင်း-ဝန်းသိုလမ်းပိုင်းကုထ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး အများအပြားသေဆုံးကာ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားတယ်လို့ ကောလင်းခရိုင်တပ်ရင်း၂ ထံက သိရပါတယ်။