ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ တရားမဝင် Vape ထုတ်လုပ်ရေးနေရာအဖြစ် အသုံးပြုနေတဲ့ အငှားအိမ်တစ်လုံးကို ထိုင်းရဲတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းခဲ့ပြီး တရုတ်နိုင်ငံသား ၂ ယောက်နဲ့ မြန်မာနိုင်ငံသား ၅ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

စီးနင်းမှုအတွင်း အသုံးပြုပြီးသား အီး-စီးကရက်တွေကို အရည်ပြန်ဖြည့်ပြီး အွန်လိုင်းမှာ ပြန်ရောင်းဖို့ ထုတ်ပိုးနေတာ တွေ့ရှိခဲ့ရကြောင်း၊ ထိုင်းဘတ်ငွေ ၁.၅ သန်းကျော် တန်ဖိုးရှိ Vape စက် ၃၂၀၀ ကို အာဏာပိုင်တွေက သိမ်းဆည်းခဲ့ရကြောင်း ဘန်ကောက်ပို့စ်မှာ ဖော်ပြပါတယ်။

အတုအပ Vape ထုတ်ကုန်တွေကို ထုတ်လုပ်သိမ်းဆည်းနေကြောင်း စုံစမ်းသိရှိရတာကြောင့် ပြီးခဲ့တဲ့ စနေနေ့ ညနေပိုင်းက ထိုင်းစားသုံးသူကာကွယ်ရေး ရဲတပ်ဖွဲ့ကနေ ဘန်ကောက်၊ ဘန်ချန်းခရိုင်က နေအိမ်ကို ဝင်ရောက်စီးနင်းခဲ့ကြောင်း သတင်းမှာ ဖော်ပြပါတယ်။

ဘန်ကောက်မှာ အွန်လိုင်းကနေ ပြန်လည်ရောင်းချဖို့အတွက် တရားမဝင်အသုံးပြုထားတဲ့ အီးစီးကရက်တွေကို အရည်အသစ်နဲ့ ပြန်လည်အသုံးပြုတဲ့ vape စက်ရုံကို စနေနေ့က ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပါတယ်။ (ဓာတ်ပုံ Facebook TalknewsOnline)

ကနဦး စုံစမ်းစစ်ဆေးမှုတွေအရ အဆိုပါလုပ်ငန်းဟာ အသုံးပြုပြီးသား Vape တွေ ပြန်လည်ဝယ်ယူခြင်း၊ ဆေးရည်ပြန်ဖြည့်ခြင်းနဲ့ အွန်လိုင်းကနေ ပြန်လည်ရောင်းချဖို့ ပြန်လည်ထုတ်ပိုးခြင်းတွေ လုပ်ဆောင်နေကြောင်း၊ Vape အသစ်တွေအဖြစ် ပြန်လည်ရောင်းချနေတယ်လို့ ရဲတပ်ဖွဲ့က သံသယရှိကြောင်း သိရပါတယ်။

လုပ်ငန်းအနေအထားကို သေချာသိရှိနိုင်ဖို့ သက်သေတွေကို ဆက်လက်စစ်ဆေးသွားမှာဖြစ်ကြောင်း၊ သံသယရှိသူတွေကိုလည်း ဖမ်းဆီးထိန်းသိမ်းထားပြီး ဥပဒေအရ အရေးယူမှာဖြစ်ကြောင်း စားသုံးသူရေးရာရဲမှူး Pattanasak က‌ ပြောပါတယ်။

မူရင်းသတင်း – Police raid illegal vape factory recycling used devices for resale

0 Shares:
You May Also Like
Read More

မလေးရှားတွင် တရားမဝင်ဖွင့်လှစ်ထားသည့် မြန်မာသီးသန့် KTV ကို အာဏာပိုင်များဝင်စီး၊ မြန်မာနိုင်ငံသား အယောက် ၂၀ အဖမ်းခံရ

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ၊ ဘန်ဒါမန်ဂျာလရာ မြို့နယ်မှာ တရားမဝင် ဖွင့်လှစ်ထားတဲ့ မြန်မာသီးသန့် KTV တစ်ခုကို မလေးရှားအာဏာပိုင်တွေက ဝင်ရောက်စီးနင်းခဲ့ပြီး မြန်မာနိုင်ငံသား အယောက် ၂၀ ဖမ်းဆီးခံခဲ့ရတယ်လို့ မလေးရှားသတင်းက မေလ ၂၀ ရက်မှာ ဖော်ပြပါတယ်။
Read More

ဆီးဂိမ်းဝင်ပြိုင်နေသည့် မြန်မာဘောလုံး အမျိုးသား၊ အမျိုးသမီးအသင်းများ အုပ်စုအဆင့်မှ လှည့်ပြန်လာရ

အကြမ်းဖက်စစ်တပ်လက်အောက်ကနေ ဆီးဂိမ်းပြိုင်ပွဲ ဝင်ရောက်ယှဥ်ပြိုင်နေတဲ့ မြန်မာအမျိုးသား U23 ဘောလုံးအသင်းနဲ့ မြန်မာအမျိုးသမီး လက်ရွေးစင်ဘောလုံးအသင်းတို့ဟာ အုပ်စုအဆင့် နောက်ဆုံးပွဲစဥ်တွေ ယှဥ်ပြိုင်အပြီးမှာ အသီးသီးရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီ ဖြစ်ပါတယ်။
Read More

ထိုင်း-ကမ္ဘောဒီးယား ပဋိပက္ခ ထိုင်းဘက်မှ စတင်ခြင်းမဟုတ် ဟု ထိုင်းသံရုံးထုတ်ပြန်

လက်ရှိဖြစ်ပွားနေတဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံနယ်စပ်ပြဿနာနဲ့ ပစ်ခတ်မှုတွေမှာ ထိုင်းနိုင်ငံဘက်က စတင်ခြင်းမဟုတ်ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာထိုင်းသံရုံးက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ငလျင်ဒဏ်သင့် ဒေသများတွင် ကူညီကယ်ဆယ်ရေးလုပ်ဆောင်ဖို့ ထိုင်းအထူးတပ်ဖွဲ့ ရောက်ရှိ

ထိုင်းအစိုးရက စေလွှတ်လိုက်တဲ့ ထိုင်းအထူးတပ်ဖွဲ့ဝင် (၅၅) ယောက်ဟာ မြန်မာနိုင်ငံက ငလျင်ဒဏ်သင့်ဒေသတွေမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ဒီနေ့ မတ်လ ၃၀ ရက်မှာ မြန်မာပြည်ကို ရောက်ရှိလာပြီဖြစ်ပါတယ်။
Read More

တောင်ကိုးရီးယားသမ္မတ အရေးပေါ်စစ်အုပ်ချုပ်ရေး ကြေညာ

တောင်ကိုရီးယားသမ္မတ Yoon Suk Yeol ဟာ ဒီဇင်ဘာလ ၃ ရက် အင်္ဂါနေ့ညနေ နှောင်းပိုင်းမှာ ရုပ်မြင်သံကြားမိန့်ခွန်းကတဆင့် အရေးပေါ် စစ်အုပ်ချုပ်ရေးကြေညာခဲ့ကြောင်း Yonhap သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
Read More

မြန်မာပြည်သူတွေခံစားနေရတဲ့ ဒုက္ခကို ပြည်ပရောက်မြန်မာတွေ နိုင်တဲ့ဘက်က ကူညီပေးဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်း

ဒုက္ခရောက်နေတဲ့ မြန်မာပြည်သူတွေ ကို ပြည်ပရောက်မြန်မာတွေက နိုင်တဲ့ဘက်ကကူညီပေးကြဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပြောကြားလိုက်ပါတယ်။