မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲက ကျေးရွာတွေကို စစ်အုပ်စုက Y12 လေယာဉ်နဲ့ လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးသူတွေရှိခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။

ဇွန်လ ၂၃ ရက် မနက် ၆ နာရီခွဲလောက်မှာ စစ်အုပ်စုက ပေါက်နယ်တောင်ပိုင်း ကျေးရွာတွေဖြစ်တဲ့ ဘိုမယ်ရွာ၊ ဘိုကုန်ရွာ၊ လက်ယာရွာ၊ လက်ပံလှရွာ၊ တံစူးရွာ၊ သက္ကကျင်ရွာ၊ ကင်မရွာ စတဲ့ ကျေးရွာတွေဘက်ကို ထိတွေ့ပစ်ခတ်မှုမရှိဘဲလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အခုလို လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားတဲ့အတွက် သက္ကကျင်ရွာက ဒေသခံ ၃ယောက်၊ ဘိုမယ်ရွာက ဒေသခံ ၂ယောက် သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။ ပေါက်မြို့နယ်မြောက်ပိုင်းကနေ တောင်ဘက်ကို အလုပ်ကိစ္စနဲ့ လာရောက်တဲ့ဒေသခံတချို့လည်း ထိခိုက်သေဆုံးတာတွေ ရှိတယ်ဆိုပေမယ့် အရေအတွက် အတိအကျကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

“အခုလောလောဆယ် သိရတာက ၅ ယောက်သေတယ်။ ဒဏ်ရာရတဲ့သူတွေများတယ်။ လေကြောင်းကြဲသွားတဲ့နေရာက စစ်ရှောင်တွေနေတဲ့နေရာတွေလည်း ပါတယ်။ မြောက်ပိုင်းဘက်ကနေ အလုပ်ကိစ္စနဲ့ ဒီဘက်ကိုရောက်နေတဲ့လူတွေ သေဆုံးတာတွေလည်း ရှိတယ်။ ဦးရေတော့ အခုလောလောဆယ်တော့ မပြောနိုင်သေးဘူး။ ထိခိုက်မှုသေဆုံးမှုကတော့ များပါတယ်” လို့ ပေါက်နယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

လက်ရှိမှာ ဒဏ်ရာရသူတွေဟာ နီးစပ်ရာဆေးခန်းတွေမှာ သွားရောက်ဆေးကုတာမျိုးရှိသလို တချို့ကလည်း စစ်ကောင်စီစစ်ကြောင်း၊ ပျူစောထီးကျေးရွာတွေနဲ့ အနီးနားမှာရှိသေးတဲ့အတွက် သွားရောက်ကုသတာမျိုး မရှိဘူးလို့ ဆိုပါတယ်။

“စစ်ကြောင်းက ပေါက်အရှေ့ဘက် ရေနံမှော် သာကြီးတောင် ရိက္ခာယာဉ်တန်းရောက်နေတယ်။ ဒဏ်ရာရတဲ့လူတွေကတော့ နီးစပ်ရာ ဆေးခန်းကိုပြေးနေကြတယ်၊ ကျန်တဲ့လူတွေကျတော့လည်း သွားရေးလာရေး ခက်ခဲတယ်။ စစ်ကြောင်း၊ ပျုရွာတွေနဲ့ အနီးဆုံးမှာဆိုတော့သွားရေးလာရေးခက်ခဲနေတယ်ဆိုနေတော့ မသွားရတဲ့လူတွေလည်းရှိသေးတယ် ” လို့ အထက်ပါ နယ်ခံက ဆက်ပြောပါတယ်။

ဇွန်လ ၂၁ ရက်နေ့ကလည်း ပေါက်မြို့အနောက်ဘက်တစ်နေရာကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါသေးတယ်။ ဇွန်လ ၇ ရက်နေ့ကလည်း ပခုက္ကူ တမခ ၁၀၁ ကနေ ပေါက်မြို့နယ်ဘက်ကို ထွက်ခွာလာတဲ့ ရိက္ခာယာဉ်တန်း ၁၀၀ ကျော်ဟာ ကမ္မ ၊ ဂျိုးပျံနားရှိ ကားလမ်းဘေးမှာ တပ်ဖြန့်ထားချိန် အဆိုပါယာဉ်တန်းတွေကို ကာကွယ်ပေးတဲ့အနေနဲ့ တံတားဦးလေတပ်ကနေတက်လာတဲ့ Y12 တစ်စီးဟာ ကမ္မအနောက်ခြမ်း ၊ မန်းကျည်းသုံးပင်ရွာ နဲ့ သံဘုံရွာကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါသေးတယ်။

ပေါက်တောင်ပိုင်းကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် သေကြေပျက်စီးမှုများ (ဓာတ်ပုံ လူမှုကွန်ရက်)

0 Shares:
You May Also Like
Read More

သပြေကုန်းရွာ ဘုန်းကြီးကျောင်းရှိ စစ်ကောင်စီ တပ်စခန်းကို KNDF ပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၂၀ ဦးထက်မနည်း သေဆုံးပြီး လက်နက်ခဲယမ်းမျိုးစုံ ရရှိ

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့၊ သပြေကုန်းရွာဘုန်းကြီးကျောင်းဝန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို KNDF တပ်ဖွဲ့တွေက သွားရောက်ပစ်ခတ်ခဲ့တယ်လို့ KNDF ဗျုဟာအမှတ် (၂) က ဇွန်လ ၈ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

သပိတ်ကျင်းမြို့နယ်မှာ မြို့နယ် နဲ့ တိုက်နယ် ပကဖ ပူးပေါင်းပြီး ဆန်တွေ ပေးဝေခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်က ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့၊ သပိတ်ကျင်းမြို့နယ် ပကဖ တို့က ကျေးရွာတစ်ရွာကို ဆန်တွေ ပေးဝေခဲ့တယ်လို့ သပိတ်ကျင်းမြို့နယ် ပကဖ က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းပိုင်းတွင် မိုင်းရှာရန်ထွက်လာသည့် စစ်သားများ မိုင်းဆွဲခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ မိုင်းရှာ ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Chindwin Fighter Group – CFG တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ရိက္ခာပို့ပြီး ပြန်လာတဲ့ စစ်သားတွေ တိုက်ခိုက်ခံရလို့ ၁၀ ယောက်သေ၊ တိုက်ခိုက်ခံရလို့ မောင်းပြေးရင်း ကား ချောက်ထဲကျပြီး ၁၂ ယောက် ထပ်သေ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်း လမ်းပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်ယာဥ်တန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်လို့ မောင်းနှင်ထွက်ပြေးစဉ်မှာ ကားမှောက်ပြီး စစ်သား ၁၀ ယောက် သေဆုံးခဲ့တယ်လို့ အရှိုချင်းကာကွယ်ရေးတပ် (ACDF) က မောင်းကို အတည်ပြုပါတယ်။
Read More

ဝက်လက်နယ် အရှေ့တောင်ခြမ်းကို စစ်အုပ်စု လေကြောင်း ဗုံးကြဲ၍ လသားအရွယ် ကလေးတစ်ဦးအပါ လေး​ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်နယ်အရှေ့တောင်ခြမ်းကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဗုံးကြဲလို့ လသားအရွယ်ကလေးတစ်‌ ယောက်အပါအဝင် လေးယောက် သေဆုံးသွားတယ်လို့ ဝက်လက်နယ်ခံ ကိုဖေဖော်ဝါရီဝမ်းက ပြောပါတယ်။
Read More

လူထုထောက်ခံမှု မရှိသည့် ပါတီများနှင့် စစ်ကောင်စီ ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေ ဟု NUG ပြော

လာမယ့် နှစ်ကုန်ပိုင်းမှာ ရွေးကောက်ပွဲ လုပ်မယ်လို့ ကြွေးကြော်ထားတဲ့ စစ်ကောင်စီဟာ လူထုထောက်ခံမှု မရှိတဲ့ ပါတီတွေနဲ့ ရွေးကောက်ပွဲကို ကျင်းပဖို့ ပြင်ဆင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောပါတယ်။