အကြမ်းဖက်စစ်ကောင်စီလက်အောက်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV)က ဝန်ထမ်း မနှင်းယဉ်ဖြူကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို ဆုတောင်းပေးတာကြောင့် ဖမ်းဆီးလိုက်တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်နဲ့ စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်တွေကတစ်ဆင့် သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့မှာ MRTV ဝန်ထမ်း မနှင်းယဉ်ဖြူဟာ သူ့ရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာကနေ “Happy birthday အမေစု၊ အသက်ရှည် အနာမဲ့ပါစေ။ ဘဝဆက်တိုင်း ချစ်သောသူများနဲ့ကွေကွင်းရခြင်း ဒုက္ခ ကင်းဝေးပါစေ။ သူတော်ကောင်းများနဲ့သာ ကြုံဆုံတွေ့ပါစေ” ဆိုတဲ့ မွေးနေ့ဆုတောင်းစကားနဲ့အတူ ပန်းပန်ဆင်ပြီး ရိုက်ထားတဲ့ ဓာတ်ပုံတွေကို ဖော်ပြခဲ့တာပါ။

မနှင်းယဥ်ဖြူရဲ့ လူမှုကွန်ရက်ပေါ် မျှဝေထားတဲ့ ပို့စ်နဲ့ ပတ်သက်လို့ စစ်တပ် လော်ဘီတယ်လီဂရမ်ချန်နယ်တွေက ဖမ်းဆီးဖို့ လှုံ့ဆော်ခဲ့ပြီးနောက် ဇွန်လ ၂၁ ရက်ညပိုင်းမှာ “AUGUST HNIN (နှင်းယဉ်ဖြူ)” Facebook အကောင့်ပိုင်ရှင် မနှင်းယဉ်ဖြူကို အကြမ်းဖက်စစ်တပ်က နေပြည်တော် တပ်ကုန်းမြို့နယ်ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဝန်ထမ်းအိမ်ရာဝန်းမှာ လာရောက် ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီကတော့ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေဖို့နဲ့ အစိုးရယန္တရားတွေ ပျက်ပြားစေဖို့ ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းတွေ ပြုလုပ်ခဲ့တာကြောင့် မနှင်းယဉ်ဖြူ (ခ) နှောင်းနှောင်းကို ဝင်ရောက် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ မနှင်းယဉ်ဖြူအပြင် ပန်းသပိတ်မှာ ပါဝင်တဲ့ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေအပြင် ပြည်သူတွေနဲ့ ကျောင်းသားတွေကို ဖမ်းဆီးဖို့ စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်တွေ လှုံ့ဆော်မှုတွေ ဆက်တိုက် လုပ်ဆောင်နေပြီး ဖမ်းဆီးခံရသူတွေလည်း ရှိနေတာဖြစ်ပါတယ်။

ဇွန် ၁၉ ရက်က ကျရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် ပြည်တွင်း၊ ပြည်ပရှိ ဒီမိုကရေစီလိုလားသူတွေနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ဂုဏ်ပြုဆုတောင်းပေးမှုတွေ၊ Suu 80 Birthday Campaign အမည်နဲ့ မွေးနေ့ဆုတောင်းပေးမှုတွေ စုစုပေါင်း မှတ်တမ်းဗီဒီယို အရေအတွက် ၁၀၀,၀၀၀ ကျော်အထိ ရှိခဲ့တာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီ မီးရှို့ခဲဲ့တဲ့ရွာကို လျှပ်စစ်မီးရအောင် MBT တပ်ဖွဲ့ ဆောင်ရွက်ပေးခဲ့ 

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေ မီးရှို့သွားတဲ့ ကျေးရွာတွေထဲက ရွာတစ်ရွာကို လျှပ်စစ်မီးရအောင် ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ Myingyan Black Tiger (MBT) တပ်ဖွဲ့က အသိပေးလာပါတယ်။ 
Read More

ဖယ်ခုံက နောင်ဝိုးတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ အင်းလေး PDF က ရဲဘော်ရဲ့ စျာပနအခမ်းအနား…

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ နောင်ဝိုးကျေးရွာတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်က ရဲဘော်ရဲ့ စျာပနအခမ်းအနားကို အောက်တိုဘာ ၅ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

KNU တပ်မဟာ ၅ နယ်မြေမှာ (၁၅) ရက်အတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူးအပါ ၇၇ ယောက် သေဆုံး

ကရင်အမျိုးသားအစည်အရုံး (KNU) ရဲ့ တပ်မဟာ ၅ နယ်မြေမှာ နိုဝင်ဘာလအတွင်း ၁၅ ရက်တာ တိုက်ပွဲတွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်က တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူးအပါ ၇၇ ယောက် သေဆုံးခဲ့တယ်လို့ KNU မူတြော်သတင်းစဥ်က ထုတ်ပြန်ပါတယ်။
Read More

ဟွန်ဒီလုပ်ကိုင်သူတွေကို ဆက်တိုက်ဖမ်းဆီးမှုတွေ ရှိလာလို့ ဒေါ်လာစျေးပြန်ကျ

တရားမဝင်ငွေလွှဲပြောင်းခြင်း (ဟွန်ဒီ) လုပ်ငန်း လုပ်ကိုင်ကြောင်း ကျော်ဇောသူတွေရဲ့ ဘဏ်စာရင်းတွေကို စိစစ်မယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်ပြီးတဲ့နောက် ပြည်တွင်းစျေးကွက်မှာ ဒေါ်လာ စျေး အနည်းငယ် ကျဆင်းလာတယ်လို့ စျေးကွက်ထဲကနေ စုံစမ်းသိရှိရပါတယ်။
Read More

ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ရွာကို စစ်ကောင်စီ လေကြောင်းနဲ့ တိုက်ခိုက်၊ ဒေသခံပြည်သူ ၄၀ ထက်မနည်းသေဆုံးပြီး ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီး

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်က ကျောက်နီမော်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံပြည်သူ ၄၀ ထက်မနည်း သေဆုံးပြီး ရွာလုံးကျွတ်နီးပါး နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ရုံးပင်ရွာကို စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးပွေ့ချီထွက်ပြေးသည့် မိခင်အပါ ၂ ဦး သေဆုံး၊ ကလေးငယ် အသက်ရှင်

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရုံးပင်ရွာ ဘုန်းကြီးကျောင်းအနီးကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၂ ယောက် သေဆုံးပြီး ၂ ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။