မန္တလေးတိုင်း ညောင်ဦးမြို့ကနေ တင့်ကား ၃ စီးနဲ့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ People’s Democratic Army – PDA က သတင်းထုတ်ပြန်ထားပါတယ်။

ဒီနေ့ ဇွန်လ ၂၃ ရက်မှာ ညောင်ဦးကနေ တင့်ကား ၃ စီးနဲ့ ထွက်လာတဲ့ စစ်ကြောင်း၊ တောင်ဇင်းရဲစခန်းကနေ ထွက်လာတဲ့ အင်အား ၈၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းတို့ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၁၅ မိနစ်ကြာဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ညောင်ဦးကနေ ထွက်လာတဲ့ တင့်ကား ၃ စီးနဲ့ စစ်ကောင်စီစစ်ကြောင်းဟာ တော်လှန်ရေးတပ်တွေ ထောင်ထားတဲ့ တိုက်မိုင်းထိပြီး စစ်သားတွေ ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။

အထိနာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်တဲ့အတွက် တော်လှန်ရေး ရဲဘော် ၁ ယောက် ဦးခေါင်း လက်နက်ကြီးစထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အင်အားအများအပြားနဲ့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ ၁၀ ရွာက အရပ်သားပြည်သူတွေ စစ်ဘေးတိမ်း‌ရှောင်နေရပြီး အရေးပေါ်စားနပ်ရိက္ခာ ဆေးဝါးတွေ လိုအပ်လျက်ရှိတယ်လို့ သိရပါတယ်။

Video – People’s Democratic Army-PDA

0 Shares:
You May Also Like
Read More

ဗိုလ်မှူး ရန်လင်းအောင် ဦး‌ဆောင်တဲ့ အင်အား ၅၀ ခန့်ရှိ စစ်အုပ်စုကို ကြားဖြတ်တိုက်ခိုက်၊ ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအပါ ၂၂ ယောက်သေ (ရုပ်/သံ)

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ပြင်စည်ရဲစခန်းက ထွက်လာတဲ့ ဗိုလ်မှူး ရန်လင်းအောင်နဲ့ ဗိုလ်ကြီး အောင်ဇော်မင်းတို့ ဦးဆောင်လာတဲ့ အင်အား ၅၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းကို ဇန်နဝါရီ ၃၀ ရက် မနက်ပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Natogyi People Defence Force ထံက သိရပါတယ်။
Read More

တော်လှန်ရေးတပ်များ ထိန်းချုပ်ထားပြီဖြစ်သည့် မင်းတပ်မြို့မှာ ပြန်လည်နေထိုင်မယ့် ပြည်သူများ ဘေးအန္တရာယ်ကင်းစေရန် ခွေးနှင့်ကြောင်များကို ကာကွယ်ဆေးထိုးပေး

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို တော်လှန်ရေးတပ်တွေ အလုံးစုံထိန်းချုပ်ပြီးတဲ့နောက် ပြန်လည်နေထိုင်ကြမယ့် ပြည်သူတွေ ဘေးအန္တရာယ်ကင်းစေဖို့ ခွေးနဲ့ ကြောင်တွေကို မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကာကွယ်ဆေးထိုးနှံပေးခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကယန်းအမျိုးသားတပ်မတော် (KNA) အမှတ်စဥ် (၁/၂၀၂၅) အခြေခံစစ်ရေးလေ့ကျင့်ရေးသင်တန်းဆင်းပွဲ (ရုပ်/သံ)

ကယန်းအမျိုးသားတပ်မတော် (KNA) ရဲ့ အမှတ်စဥ် (၁/၂၀၂၅) အခြေခံစစ်ရေးလေ့ကျင့်ရေး သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြီးစီးခဲ့ပြီ ဖြစ်တယ်လို့ ဒီနေ့ မတ်လ ၁၁ ရက်မှာ Kayan National Army က ထုတ်ပြန်ထားပါတယ်။
Read More

မန္တလေးမြို့က ၁၁ ထပ်မြင့်တဲ့ Sky Villa Condo ငလျင်ဒဏ်ကြောင့် ၅ ထပ် ကျွံဝင် ပြိုကျသွား (ရုပ်/သံ)

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ လမ်း ၆၀၊ ၂၂ လမ်းနဲ့ ၂၃ လမ်းကြားက ၁၁ ထပ်အမြင့်ရှိ Sky Villa Condo ဟာ ငလျင်ဒဏ်ကြောင့် ၅ ထပ် ကျွံဝင် ပြိုကျသွားပြီး လူအများအပြားပိတ်မိနေတယ်လို့ ဒေသခံများထံက သိရပါတယ်။
Read More

ဒီပဲယင်းမြို့နယ် အထကကျောင်းထဲ စုဝေးနေတဲ့ စစ်ကောင်စီတပ်သားတွေ ဒရုန်းနဲ့ ဗုံးသီးတွေကြဲ ချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်  အထကကျောင်းထဲ စုဝေးနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဇန်န ဝါရီ ၂၈ ရက်က ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ Freedom Revolution Force (FRF)  အဖွဲ့ထံက သိရပါတယ်။
Read More

တအောင်းပြည် တပ်မဟာ ၃ မှာ အထူးတိုက်ခိုက်ရေးသင်တန်း အပတ်စဉ် ၆၆ သင်တန်းသူသင်တန်းသား စုစုပေါင်း ၁၀၀၀ နဲ့ သင်တန်းဆင်းပွဲကျင်းပ (ရုပ်/သံ)

တအောင်းပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ရဲ့ အထူးတိုက်ခိုက်ရေးသင်တန်း အပတ်စဉ် ၆၆ သင်တန်းသူ သင်တန်းသားပေါင်း ၁၀၀၀ နဲ့ သင်တန်းဆင်းပွဲကို နိုဝင်ဘာ ၉ ရက်က တအောင်းပြည် တပ်မဟာ ၃ မှာ ကျင်းပခဲ့တယ်လို့ ဒီနေ့ နိုဝင်ဘာ ၁၅ ရက်မှာ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။