မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးနယ်မြေရဲစခန်းကို စစ်ကူလာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ရာ  တိုက်ပွဲတွေအတွင်း စစ်တပ်က ၁၃ ယောက်သေဆုံးပြီး ဒုတပ်ကြပ် ၁ ယောက် အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

 ဝက်လူးနယ်မြေရဲစခန်းသို့ စစ်ကူအဖြစ် ရောက်ရှိလာတဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို 9/A Nyar Myae Operation အဖြစ် တိုက်ပွဲငယ်တွေ ဖော်ဆောင်ပြီး တားဆီးတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲငယ်တွေအတွင်း အကြမ်းဖက် စစ်ကောင်စီရဲ့ တပ်မ (၈၈) က ဒုတပ်ကြပ် (၁) ယောက် လက်ဝယ်ဖမ်းဆီးရမိခဲ့ပြီး စစ်ကောင်စီတပ်က (၁၃) ယောက် သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရသူ (၅) ယောက်ရှိကာ အလောင်း (၁) လောင်း သိမ်းဆည်းရမိခဲ့တယ်လို့ မြင်းခြံခရိုင် တပ်ရင်း ၄ က ဆိုပါတယ်။

ဒါ့အပြင် တိုက်ပွဲငယ်တွေအတွင်း အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်သား (၁) ယောက် လက်နက်နဲ့အတူ အလင်းဝင်ရောက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေနဲ့ မတရားပေါ်တာဆွဲဖမ်းဆီးထားတဲ့ ပြည်သူ့စစ် ၂ ယောက်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်ဆီက MA-1 (၁)လက် ၊ MA-3 (၁)လက် ၊  G-3 ကျည် (၉၂)တောင့် ၊ 5.56 ကျည် (၁၅၀၀)တောင့် ၊ M9 (၁၂)လုံး ၊ ၆၀ မမ (၈)လုံး ၊ ၆၀ မမ ဒေါက် (၁)ခု ၊ RPG အဖူး (၂)ဖူး ၊ RPG ပို့ကျည် (၂)တောင့် ၊ နင်းမိုင်း (၁၄)လုံး ၊ လက်ပစ်ဗုံး (၁၁)လုံး ၊ Drone Shooter (၁)လက် ၊ ကျည်ဘောက် (၆)ဘောက် တို့ သိမ်းဆည်းရရှိခဲ့တယ်လို့လည်း သိရပါတယ်။

9/A Nyar Myae Operation အဖြစ် အဆိုပါစစ်ဆင်ရေးတွေကို မြင်းခြံခရိုင် အမှတ် (၄)တပ်ရင်း ၊ မြင်းခြံခရိုင် အမှတ် (၁၀)တပ်ရင်း ၊ တံတားဦး (ပကဖ)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မှော်ဘီလေတပ်စခန်း အရာရှိ လင်မယားချင်း စကားများပြီး မိန်းမကို သေနတ်နဲ့ပစ်သတ်ကာ ခိုးချောင်ခိုးဝှက် နာရေးလုပ်

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ် စံပြဆေးရုံအနီးက သမာဓိ ၁ လမ်းမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ မှော်ဘီလေတပ်စခန်း ပိုင်းလော့ ဗိုလ်ကြီးအဆင့်ရှိသူဟာ လင်မယားချင်း စကားများရာကနေ ဇနီးဖြစ်သူကို သေနတ်နဲ့ ပစ်သတ်ခဲ့သလို ဇနီးဖြစ်သူရဲ့ နာရေးကိုလည်း တိုးတိုးတိတ်တိတ် ခိုးလုပ်ခဲ့ကြောင်း မှော်ဘီလေတပ်စခန်းနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

ပေါက်ခေါင်းမှာ စစ်မှုထမ်းဖို့ လူလိုက်စုပေးနေသူ ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ သဖန်းကိုင်းအုပ်စု၊ ကံကလေးကျေးရွာမှာ စစ်ကောင်စီအတွက် စစ်မှုထမ်းဖို့ လူလိုက်စုပေးနေသူကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ PPDF ၃၆၀၁ တပ်ရင်းထံက သိရပါတယ်။
Read More

စစ်အုပ်စု မင်္ဂလာပွဲကျင်းပရာ အထိုင်စခန်းကို တော်လှန်ရေးတပ်များ ရော့ကတ်ဖြင့် ပစ်ခတ်တိုက်ခိုက်

"မင်္ဂလာပွဲက သူတို့အတွင်းအဖွဲ့တွေပါပဲ။ စစ်သားရယ်၊ ပျူစောထီးရယ်၊ ရဲတွေရယ်ပဲရှိတာပါ။ ပြည်သူတွေက မသွားပါဘူး။ သူတို့က ဟုတ်တဲ့ကောင်တွေမှ မဟုတ်တာ တော်ကြာနေ ပေါ်တာဆွဲနေရင် အခက်ဖြစ်မှာမလို့ မသွားကြပါဘူး။ ကျနော်တို့လည်း အခြားရွာထဲက ပြည်သူတွေ မထိအောင် အတော်ကြိုးစားပြီး ချိန်တွယ်ပစ်ခတ်ခဲ့ရပါတယ်။ မိုးကလည်း တအားသည်းနေပြီးတော်တော်ကို ကြိုးစားခဲ့ရပါတယ်။" လို့ COBRA ONE Pakokku တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ်ရှိ မောတောင်မြို့ကို KNLA ပူးပေါင်းတပ်များ သိမ်းပိုက်

တနင်္သာရီတိုင်းထဲက ထိုင်း-မြန်မာ နယ်စပ်မြို့ မောတောင်မြို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ရရှိထားတယ်လို့ KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက မောင်းကို ပြောပါတယ်။
Read More

ပေါက်မှာ ရွာကင်းစခန်းနား ထောင်ထားတဲ့ မိုင်းတွေနင်းမိလို့ ပျူစောထီး မိန်းမ ၁ ဦး သေ၊ ၁ ဦး ခြေထောက်ပြတ်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ ပျူစောထီးရွာ ကင်းစခန်းအနီး ထောင်ထားတဲ့ မိုင်းတွေပေါက်ကွဲလို့ ပျူစောထီးအမျိုးသမီး ၁ယောက်​သေဆုံးကာ ၁ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိပ်ဖြူပြောက်ကျား တကိုယ်တော်ကျားဇိုး ပြည်သူ့ကာကွယ်ရေး LDF ရဲ့ ကျားဇိုးက မောင်းကိုပြောပါတယ်။
Read More

မြောင်မြို့နယ်တွင် CDM ဝန်ထမ်း အယောက် ၄၀ အတွက် ဂုဏ်ပြုပွဲ ပြုလုပ်ပေး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ “အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု” မှာ ပါဝင်ခဲ့ကြတဲ့ ကျေးရွာတစ်ခုက နိုင်ငံ့ဝန်ထမ်း (CDM) တွေကို ဂုဏ်ပြုပွဲ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။