ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ တရားမဝင် Vape ထုတ်လုပ်ရေးနေရာအဖြစ် အသုံးပြုနေတဲ့ အငှားအိမ်တစ်လုံးကို ထိုင်းရဲတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းခဲ့ပြီး တရုတ်နိုင်ငံသား ၂ ယောက်နဲ့ မြန်မာနိုင်ငံသား ၅ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

စီးနင်းမှုအတွင်း အသုံးပြုပြီးသား အီး-စီးကရက်တွေကို အရည်ပြန်ဖြည့်ပြီး အွန်လိုင်းမှာ ပြန်ရောင်းဖို့ ထုတ်ပိုးနေတာ တွေ့ရှိခဲ့ရကြောင်း၊ ထိုင်းဘတ်ငွေ ၁.၅ သန်းကျော် တန်ဖိုးရှိ Vape စက် ၃၂၀၀ ကို အာဏာပိုင်တွေက သိမ်းဆည်းခဲ့ရကြောင်း ဘန်ကောက်ပို့စ်မှာ ဖော်ပြပါတယ်။

အတုအပ Vape ထုတ်ကုန်တွေကို ထုတ်လုပ်သိမ်းဆည်းနေကြောင်း စုံစမ်းသိရှိရတာကြောင့် ပြီးခဲ့တဲ့ စနေနေ့ ညနေပိုင်းက ထိုင်းစားသုံးသူကာကွယ်ရေး ရဲတပ်ဖွဲ့ကနေ ဘန်ကောက်၊ ဘန်ချန်းခရိုင်က နေအိမ်ကို ဝင်ရောက်စီးနင်းခဲ့ကြောင်း သတင်းမှာ ဖော်ပြပါတယ်။

ဘန်ကောက်မှာ အွန်လိုင်းကနေ ပြန်လည်ရောင်းချဖို့အတွက် တရားမဝင်အသုံးပြုထားတဲ့ အီးစီးကရက်တွေကို အရည်အသစ်နဲ့ ပြန်လည်အသုံးပြုတဲ့ vape စက်ရုံကို စနေနေ့က ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပါတယ်။ (ဓာတ်ပုံ Facebook TalknewsOnline)

ကနဦး စုံစမ်းစစ်ဆေးမှုတွေအရ အဆိုပါလုပ်ငန်းဟာ အသုံးပြုပြီးသား Vape တွေ ပြန်လည်ဝယ်ယူခြင်း၊ ဆေးရည်ပြန်ဖြည့်ခြင်းနဲ့ အွန်လိုင်းကနေ ပြန်လည်ရောင်းချဖို့ ပြန်လည်ထုတ်ပိုးခြင်းတွေ လုပ်ဆောင်နေကြောင်း၊ Vape အသစ်တွေအဖြစ် ပြန်လည်ရောင်းချနေတယ်လို့ ရဲတပ်ဖွဲ့က သံသယရှိကြောင်း သိရပါတယ်။

လုပ်ငန်းအနေအထားကို သေချာသိရှိနိုင်ဖို့ သက်သေတွေကို ဆက်လက်စစ်ဆေးသွားမှာဖြစ်ကြောင်း၊ သံသယရှိသူတွေကိုလည်း ဖမ်းဆီးထိန်းသိမ်းထားပြီး ဥပဒေအရ အရေးယူမှာဖြစ်ကြောင်း စားသုံးသူရေးရာရဲမှူး Pattanasak က‌ ပြောပါတယ်။

မူရင်းသတင်း – Police raid illegal vape factory recycling used devices for resale

0 Shares:
You May Also Like
Read More

NUG အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီး ဂျပန်နိုင်ငံရှိ အလုပ်သမားသမဂ္ဂဥက္ကဌနှင့် အမှုဆောင်များကို တွေ့ဆုံခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီး နော်စူစန်နာလှလှစိုးနဲ့ ဝန်ကြီးဌာနအကြံပေး ဒေါ်ရွှေရွှေစိန်လတ်တို့ဟာ ဂျပန်နိုင်ငံရှိ အလုပ်သမားသမဂ္ဂဥက္ကဌနဲ့ အမှုဆောင်တွေကို တွေ့ဆုံခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ၊ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ထားပါတယ်။
Read More

ဘယ်လာရုစ်သမ္မတရဲ့ တရက်မပြည့်တဲ့ မြန်မာခရီးစဉ်အတွင်း မင်းအောင်လှိုင်နဲ့ သဘောတူ စာချုပ် ၁၆ ခု လက်မှတ်ထိုး …

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဖိတ်ကြားချက်နဲ့ ရောက်ရှိလာတဲ့ ဘယ်လာရုစ်သမ္မတ လူကာရှန်ကို ရဲ့တရက်မပြည့်တဲ့ ခရီးစဉ်အတွင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးစာချုပ် ၁၆ ‌စောင်ထိ လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။ တစ်ရက်တာ ၂၄ နာရီ တောင်မပြည့်ဘဲ လာရောက်ခဲ့တဲ့ ဘယ်လာရုစ်သမ္မတ လူကာရှန်ကို ရဲ့ မြန်မာနိုင်ငံခရီးစဉ်မှာ အခုလို စာချုပ်တွေကို လက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး ယင်းစာချုပ်တွေထဲမှာ အာဏာရှင်နှစ်နိုင်ငံအကြား ကုန် သွယ်ရေး၊ စီးပွားရေး ၊ယဉ်ကျေးမှုဆိုင်ရာများ အပြန်အလှန်ဖလှယ်နိုင်ရေး၊ စိုက်ပျိုးမွေးမြူရေး၊ ကုန်ထုတ်လုပ်မှုနည်းပညာများ အပြန်အလှန်ဖလှယ်နိုင်‌ရေးတွေ ပါဝင်တယ်လို့ စစ်အုပ်စုသတင်းများက ဆိုပါတယ်။
Read More

မြန်မာ့ငလျင်အတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ဒေါ်လာ ၉.၇၅ သန်း ကနေဒါ ထောက်ပံ့မယ်

မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ဒဏ်ခံနေရတဲ့ ပြည်သူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ဒေါ်လာ ၉.၇၅ သန်း ပေးအပ်သွားမယ်လို့ ကနေဒါအစိုးရက ထုတ်ပြန်ပါတယ်။
Read More

နယ်စပ်က ကျားဖြန့်လုပ်ငန်းတိုက်ဖျက်ရေး တရုတ်နဲ့ထိုင်းပူးပေါင်းလုပ်ဆောင်မှုကို NUG က ကြိုဆိုတယ်လို့ ထုတ်ပြန်

မြန်မာပြည်နယ်စပ်က ကျားဖြန့်လုပ်ငန်းတွေကို တရုတ်နဲ့ ထိုင်းက ပူးပေါင်းအရှိန်မြှင့်တိုက်ဖျက်ရေးတွေ လုပ်ဆောင်နေတဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြိုဆိုတယ်လို့ ပြောကြားလိုက်ပါတယ်။
Read More

မြန်မာ့လူ့အခွင့်အရေးပြဿနာကို နိုင်ငံရေးအသွင်ပြောင်းတာတွေ ကန့်ကွက်ကြောင်း တရုတ် ပြော

မြန်မာပြည်ရဲ့ လူ့အခွင့်အရေးပြဿနာတွေကို နိုင်ငံရေးအသွင်ပြောင်းတာတွေအပေါ် ကန့်ကွက်တယ်လို့ တရုတ်အရာရှိတစ်ယောက်က အင်္ဂါနေ့မှာ ပြောဆိုကြောင်း တရုတ်အစိုးရပိုင် Xinhua သတင်းက ဖော်ပြပါတယ်။
Read More

မြန်မာနိုင်ငံကို မြေပြင်ဆေးအဖွဲ့စေလွှတ်မည့် အစီအစဉ် စစ်ကောင်စီတောင်းဆိုချက်ကြောင့် မလေးရှား ဆိုင်းငံ့ထား

မြန်မာပြည်မှာ မြေပြင်ကွင်းဆင်းဆေးရုံတစ်ခု တည်ဆောက်ဖို့အတွက် ဗုဒ္ဓဟူးနေ့မှာ မလေးရှားကနေ ဆေးဘက်အရာရှိတွေ စေလွှတ်မယ့် အစီအစဉ်ကို စစ်ကောင်စီတောင်းဆိုချက်အရ ရွှေ့ဆိုင်းလိုက်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ဧပြီလ ၁၇ ရက်မှာ ပြောပါတယ်။