ကရင်ပြည်နယ် ကျုံဒိုးမြို့မှ နွားခြံကုန်းနဲ့ အင်းကြီးရွာသို့ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး အပါအဝင် ၁၀ ယောက်ခန့် ထိခိုက်ဒဏ်ရာရရှိပြီး အများအပြားသေဆုံးခဲ့တယ်လို့ ပျံလွှားစစ်ကြောင်းမှ သတင်းထုတ်ပြန်ထားပါတယ်။

ဇွန်လ ၁၉ ရက်က ကျုံဒိုးမြို့မှတစ်ဆင့် နွားခြံကုန်းနဲ့ အင်းကြီးရွာသို့ အင်အား ၂၀၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်မ ၄၄နဲ့ တပ်မ ၅၅ ပူးပေါင်းစစ်ကြောင်းအား တော်လှန်ရေး ပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်ကောင်စီစစ်ကြောင်းမှ တပ်ရင်းမှူးနဲ့ ဒုတပ်ရင်း မှူး အပါအဝင် ၁၀ ယောက်ခန့် ထိခိုက်ဒဏ်ရာရရှိသွားပြီး အများအပြားသေဆုံးခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်းရရှိခဲ့ပြီး ပျံလွှားစစ်ကြောင်းမှ ရဲဘော် ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Video – Swallow Column-ပျံလွှားစစ်ကြောင်း

0 Shares:
You May Also Like
Read More

မြင်းခြံမြို့နယ် အမှတ် ၁၈ ရပ်ကွက်ရှိ စစ်ကောင်စီဂိတ်ကို တော်လှန်ရေးတပ်တွေ အနီးကပ်ဝင်ရောက်ပစ်ခတ်မှု ၄ ယောက် သေ (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့နယ် အမှတ် ၁၈ ရပ်ကွက်ရှိ အကြမ်းဖက်စစ်ကောင်စီဂိတ်ကို မတ်လ ၃ ရက်က တော်လှန်ရေးပူးပေါင်းတပ်တွေ ပြောက်ကျားနည်းနဲ့ အနီးကပ်ဝင်ရောက်ပစ်ခတ်တိုက် ခိုက်ခဲ့တယ်လို့ Myingyan Black Tiger (MBT) တပ်ဖွဲ့ထံက သိရပါတယ်။
Read More

မင်းတပ်မြို့က စစ်ကောင်စီအထိုင်ချစခန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့ သိမ်းယူနိုင်ခဲ့မှု မှတ်တမ်း (ရုပ်/သံ)

ချင်းပြည်နယ် မင်းတပ်မြို့က အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အထိုင်ချစခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ်က ထုတ်ပြန်လိုက်ပါတယ်။
Read More

ဗန်းမော်တိုက်ပွဲမှာ KIA ထံ အလင်းဝင်လာတဲ့ အောင်မိုးသက်တို့ရဲ့ ထွက်ဆိုချက် (ရုပ်/သံ)

'၁၀ တန်းဖြေနေတုန်းကို ကျူရှင်က ပြန်လာတာ ည ၁၀ နာရီခွဲ၊ ၁၁ နာရီလောက်ရှိပြီ။ ပတ်ကင်း ကားနဲ့ တွေ့တာ။ သူတို့က မူးမူးနဲ့ ဖမ်းတာ။ အုပ်ကြီးကလည်း လူလိုနေတော့ ကျွန်‌တော်ကို မျက်စိ ကျသွားတာထင်တယ်။ ကျွန်တော်စာမေးပွဲဖြေနေတယ်လို့ ‌ပြောလဲမရဘူး။ ရတယ်၊ ဘာမှာမဖြစ်ဘူး ၂ နှစ်ဆိုတာ ခဏပဲ ထည့်လိုက်တာ''
Read More

စစ်ကောင်စီတပ်သားများကို ZO ARMY ရဲဘော်များ တီထွင်ထားသည့် အဝေးပစ်လက်နက်ဖြင့် ပစ်ခတ်တိုက်ခိုက်၊ အရာရှိအပါ စစ်သား ၃ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အတွင်း ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ZO ARMY ရဲဘော်တွေ တီထွင်ထားတဲ့ အဝေးပစ်လက်နက်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာရှိအပါအဝင် စစ်သား ၃ ယောက် သေဆုံးခဲ့တယ်လို့ Zo Army က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကျောမြို့နယ် ရွှေပင်ရွာကို အကြမ်းဖက်စစ်တပ် မီးရှို့ဖျက်ဆီး (ရုပ်/သံ)

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ကျောမြို့နယ် ရွှေပင်ရွာကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ယောကာကွယ်ရေးတပ် မြေပြင်စစ်ဒေသရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
Read More

ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲတွင် ကျဆုံးခဲ့သည့် ရဲဘော်ကျော်ကြီး (ခ) ကျော်မျိုးသူရဲ့ မိဘများအား ရဲဘော်ရဲဘက်များ သွားရောက်ဂါရဝပြု (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ တပ်စုမှူး ရဲဘော်ကျော်ကြီး (ခ) ကျော်မျိုးသူရဲ့  နာရေးစျာပနကို ဇွန်လ ၂၃ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ ကျားသစ်နက်တပ်မတော်က  သတင်းထုတ်ပြန်ထားပါတယ်။