မြန်မာပြည်သူတွေရဲ့ သဘောဆန္ဒကို ဆန့်ကျင်ကာ စစ်ကောင်စီက မတရား အာဏာသိမ်းပြီးတဲ့နောက် လက်ရှိ မြန်မာပြည်နေရာအနှံ့အပြားမှာ အာဏာရှင်ဖြုတ်ချရေး တိုက်ပွဲတွေ နေ့စဥ်ဖြစ်ပွားနေပါတယ်။ တိုက်ပွဲဖြစ်ပွားရာ ဒေသတွေမှာရှိတဲ့ ဒေသခံတော်တော်များများဟာ အမြဲတစေ နေထိုင်ခဲ့တဲ့ သူတို့ရဲ့ နေအိမ်တွေကို စွန့်ခွာကာ စစ်ဘေးကနေ ရှောင်တိမ်းနေကြရပါတယ်။

ကရင်ပြည်နယ် ကျုံဒိုးမြို့က ဒေသခံတွေ၊ ရွာနားနီးစပ်က ဒေသခံတွေဟာလည်း စစ်ဘေးရှောင်တိမ်းနေရတာ လနဲ့ချီလာပြီ ဖြစ်တာကြောင့် နေထိုင်စားသောက်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ သိရပါတယ်။ စစ်ရှောင်ပြည်သူတွေအတွက် လစဥ် စားနပ်ရိက္ခာ ထောက်ပံ့ပေးမှု အနည်းငယ်ရှိပေမယ့် မိသားစုတွေများတာကြောင့် မလုံလောက်ဘူး ဖြစ်နေကြတယ်လို့ သိရပါတယ်။

“တစ်လတစ်ခါ ထောက်ပံ့တာတော့ ရှိတယ်။ ဒါပေမယ့် မိသားစုကများတော့ မလောက်ဘူး။ ပြန်ပြီးတော့ ဝယ်စားရတယ်။ အလုပ်ကလည်း မရှိတော့ ဒီထက်ပိုပြီး စစ်ရှောင်နေရရင် စားဖို့ကို ဘယ်လိုဆက်လုပ်ရမလဲတော့ မသိဘူး” လို့ စစ်ဘေးရှောင်တစ်ယောက်က မောင်းကို ပြောပါတယ်။

လက်ရှိ စစ်ဘေးရှောင်နေရတဲ့ ကျုံဒိုးအနီးနားတဝိုက်က ဒေသခံတချို့ဟာ တိုက်ပွဲမဖြစ်ခင်ကတည်းက နေ့စား အလုပ်လုပ်ကိုင်နေရသူတွေ ဖြစ်တဲ့အတွက် အခုအခါမှာ နေထိုင်စားသောက်ဖို့ များစွာ အခက်ကြုံနေတယ်လို့ ဆိုပါတယ်။

“တစ်ခုကံကောင်းသွားတာက နေထိုင်တဲ့နေရာတွေကို ငှားစရာမလိုတာ ၊ အမျိုးတွေခြံထဲမှာနေရလို့ ၊ နောက်မဟုတ်ရင် ကျနော်တို့ မတွေးရဲဘူး ၊ ကျနော်တို့က သူများတွေလို အလုပ်အကိုင်ကောင်းတွေ ရှိတာမဟုတ်ဘူး တစ်နေ့လုပ်မှ တစ်နေ့စားရတာ အခုလို ဖြစ်တော့ စိတ်ညစ်တယ်ဗျာ” လို့ ပြောပါတယ်။

အရင်က ပေါင်မုန့်တစ်လုံးကို ၁ဝဝ ကျပ်နဲ့ ဝယ်လို့ရခဲ့ပေမယ့် လက်ရှိမှာ ဈေးနှုန်းက ၃ဆ မြင့်တက်သွားသလို ဆန်၊ ဆီ၊ ဆား၊ ကြက်သွန် စတဲ့ မီးဖိုချောင်သုံး၊ နေအိမ်သုံး ကုန်ပစ္စည်းတွေလည်း အဆမတန် ဈေးကြီးသွားတာကြောင့် အရင်လို ပေါပေါသီသီ မဝယ်နိုင်တော့ဘူးလို့ နောက်ထပ် အမျိုးသမီးတစ်ယောက်ကလည်း ပြောပါတယ်။

“အရင်ကဆို ကြက်သွန် အိတ်လိုက်ဝယ်ထားတယ်.. တစ်လစာဖြစ်ဖြစ်၊ အခု အဲ့လိုတောင် မဝယ်နိုင်တော့ဘူး။ တစ်ခါဝယ်ရင် ၅၀ သား၊ ၁ ပိဿာ အဲ့လောက်ပဲ ဝယ်နိုင်တော့တယ်။ ဘာတစ်ခုမှ ဈေးသက်သာတာ မရှိတော့ဘူး။ အရင်က လက်ဖက်ရည်တစ်ထုပ်မှ ၁၀၀ ပဲ.. အခု ၄၀၀ တို့ ၅၀၀ တို့ ဖြစ်ကုန်ပြီ” လို့ ဆိုပါတယ်။

ကုန်ဈေးနှုန်းတွေ မြင့်တက်လာတဲ့အတွက် ဈေးဝယ်သူတွေကို စာနာ အားနာပေမယ့် ရောင်းသူတွေမှာလည်း ဘယ်လိုမှ မတတ်နိုင်တဲ့ အခြေအနေဖြစ်နေတယ်လို့ ကုန်စုံဆိုင်ရောင်းချသူ တစ်ယောက်က ပြောပါတယ်။

“ပစ္စည်းတွေကုန်သွားလို့ ထပ်ဝယ်ရင် ကျမတို့လည်း စိတ်ညစ်ရတယ်။ တခါတလေ ဝယ်သူတွေလာရင် ဈေးမေးရင် အားနာရတယ်။ ကျမတို့လည်း ဘယ်လိုမှ မတတ်နိုင်ဘူး။ တခါမှ မကြားဖူးတဲ့ ကုန်ဈေးနှုန်းတွေ.. အရင်က ပစ္စည်းတစ်ခါမှာရင် ကားတစ်စီးအပြည့်ဆိုရင် သိန်း ၃၀၊ ၄၀ လောက်ပဲရှိတယ်။ အခုဆို သိန်း ၁၀၀ ဖိုး ဝယ်ရင်တောင် ကားတစ်စီးက မပြည့်တော့ဘူး” 

ပြီးခဲ့တဲ့ ဧပြီလလောက်က ကျုံဒိုးမြို့နဲ့ အနီးနားတဝိုက်ရွာတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ပြီးတဲ့နောက် ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတာဟာ ဒီနေ့အချိန်အထိပဲ ဖြစ်ပါတယ်။ တိုက်ပွဲတွေကြောင့် ကျုံဒိုး တဝိုက်က ကျွန်းကလေး၊ နွားခြံကုန်း၊ ကော့ဝါလဲ၊ ချောင်းဖျား အစရှိတဲ့ ရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။

ဇွန်လ ၂၀ ရက်နေ့ကလည်း ကျုံဒိုးမြို့အနီး အကြမ်းဖက်စစ်အုပ်စုနဲ့ KNLA ပူးပေါင်းတပ်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီး စစ်အုပ်စုဘက်က အယောက် ၃၀ ကျော် သေဆုံးခဲ့သလို ဗိုလ်မှူးနဲ့ ဒုဗိုလ်မှူးကြီး ထိမှန်ဒဏ်ရာရရှိခဲ့တာ စစ်ရေးအခြေအနေ တင်းမာနေတယ်လို့ KNLA တပ်ဖွဲ့ထံက သိရပါတယ်။

ကော့ကရိတ်မြို့နယ်အတွင်းမှ စစ်ဘေးရှောင်များ (ဓာတ်ပုံ လူမှုကွန်ရက်)

0 Shares:
You May Also Like
Read More

OWIC ကတ် ပြန်ထုတ်ပေးမည်ဟု စစ်ကောင်စီ ကြေညာ

ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) ကို လာမယ့် မတ်လ ၂၀ ရက်ကစပြီး ထုတ်ပေးသွားမယ်လို့  စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနကနေ မတ်လ ၁၀ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန် ကြေညာလာပါတယ်။
Read More

ကျောက်တော်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုတွေရှိ…

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့က လူနေရပ်ကွက်နဲ့ စျေးကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ ရက္ခိုင့်တပ်တော် AA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရေနံချောင်းမြို့နယ်ကို အကြမ်းဖက်စစ်အုပ်စု ဂျက်ဖိုက်တာဖြင့် ၂ ရက်ဆက် ဗုံးကြဲတိုက်ခိုက်၊ အမျိုးသား ၁ ဦး သေဆုံးပြီး ကလေး ၂ ဦးအပါ ၄ ဦး ဒဏ်ရာရ…

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်ကို အကြမ်းဖက်စစ်အုပ်စု ဂျက်ဖိုက်တာနဲ့ ၂ ရက်ဆက် ဗုံးကြဲတိုက်ခိုက်ရာ အမျိုးသား ၁ ယောက် သေဆုံးပြီး ကလေး ၂ ယောက်အပါအဝင် ၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရေနံချောင်း PDF က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ကုလဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဦးကျော်မိုးထွန်းကို ဆက်လက်အတည်ပြု

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ်  အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားပြု သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်အတည်ပြုခဲ့တယ်လို့ သိရပါတယ်။
Read More

ဝေါမှာ စစ်ကောင်စီတပ်ကင်းကို ချောင်းမြောင်းတိုက်ခိုက်ရာ စစ်သား ၁ ဦးသေ

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ လက်ပံရွာမှာ ကင်းချထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ချောင်း​မြောင်းတိုက်ခိုက်ရာ စစ်သား ၁ ယောက် သေဆုံးခဲ့တယ်လို့ တောင်ညိုစစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အငြိမ်းစား ဗိုလ်မှူးချုပ် ချိုထွန်းအောင်ကို ရှင်းလင်းခဲ့သည့် ဖြစ်စဥ်အတွက် စစ်အုပ်စု CCTV ရထားလည်း စိုးရိမ်စရာ​မရှိဟု Golden Valley Warriors ပြော

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်မှာ ရှင်းလင်းသုတ်သင်ခံရတဲ့ ဗိုလ်မှူးချုပ် ချိုထွန်းအောင် ဖြစ်စဥ်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က CCTV မှတ်တမ်းရရှိသွားပေမယ့်လည်း ပြင်ဆင်မှုတွေ လုပ်ထားပြီးသားမို့ စိုးရိမ်စရာ မရှိဘဲ မဆိုင်တဲ့ပြည်သူတွေ ထိခိုက်မှာကိုသာ စိုးရိမ်ကြောင်း Golden Valley Warriors တာဝန်ရှိသူက မောင်းကိုပြောပါတယ်။