ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်မှာ တားမြစ်ပိတ်ပင်ထားတဲ့ မူးယစ်သေစာနဲ့ အရက်၊ ဘီယာတွေကို ကြားကာလ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ပြည်သူ့ရဲဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေက ရှောင်တခင်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ရှောင်တခင်စစ်ဆေးရာက ရှာဖွေဖမ်းဆီးရမိတဲ့ ပိတ်ပင်ထားတဲ့ အရက်ဘီယာတွေကိုတော့ ဆိုင်ပိုင်ရှင်တွေနဲ့ အများပြည်သူရှေ့မှာ ဇွန်လ ၂၀ ရက်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

မီးရှို့ဖျက်ဆီးခဲ့တဲ့ ဖမ်းဆီးရမိ အရက်၊ ဘီယာတွေကတော့ Yoma တံဆိပ်ပါ ဘီယာဘူး (၂၅) ဘူး၊ Tapper တံဆိပ်ပါ ဘီယာဘူး (၁၈) ဘူး၊ Grand Royal အရက်ပုလင်း (၃) လုံးနဲ့ ၅ ဂါလံပုံး တစ်ပုံး၊ ဝီစကီ အရက်ဘူး (၁၄) ဘူး၊ ရွှေအရက်သန့် တံဆိပ်ပါ ၁ လီတာဘူး (၉) ဘူး၊ ရွှေအရက်သန့် တံဆိပ်ပါ အသေးဘူး (၄၁) ဘူး၊ လီဒါအရက်ဖြူသန့် တံဆိပ်ပါ ၁ လီတာဘူး (၁၂) ဘူး၊ လီဒါအရက်ဖြူသန့် တံဆိပ်ပါ အသေးဘူး (၁၀၅) ဘူးနဲ့ အားမာန်တံဆိပ်ပါ ပလပ်စတိတ်ဘူးသေး (၁) ဘူးတို့ ဖြစ်တယ်လို့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

အာဏာသိမ်း ၄ နှစ်တာအတွင်း စစ်ကောင်စီက နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၄၀၀၀ ကျော် ပြုလုပ်ခဲ့

စစ်အာဏာသိမ်းမှု ၄ နှစ်နီးပါးကာလအတွင်း စစ်ကောင်စီက တစ်နိုင်ငံလုံးကို လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ  ၄၀၀၀ ကျော်ပြုလုပ်ခဲ့ကြောင်း  Blood Money အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
Read More

မအူပင်မြို့ပေါ် စစ်ကောင်စီ ပေါ်တာဆွဲမှုကြောင့် ညဘက် လမ်းဘေးဈေးဆိုင်တွေလည်း ဝယ်ယူစားသုံးသူ မရှိသလောက်ဖြစ်နေ

ဧရာဝတီတိုင်း၊ မအူပင်မြို့ပေါ်မှာ အကြမ်းဖက်စစ်တပ် ပေါ်တာဆွဲမှုတွေ ရှိနေပြီး ညဘက် လမ်းဘေးဈေးဆိုင်တွေမှာ ဝယ်ယူစားသုံးသူ မရှိသလောက် ဖြစ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

အောက်တိုဘာလအတွင်း စစ်တပ်ကြောင့် ၁၈ နှစ်အောက်ကလေး အယောက် ၃၀ ကျော် သေဆုံးခဲ့

လက်ရှိ အောက်တိုဘာလအတွင်း အကြမ်းဖက်စစ်အုပ်စုကြောင့် မြန်မာပြည်တဝန်း သေဆုံးသူ ၃၅ ယောက်ရှိခဲ့တာကို နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ပါတယ်။
Read More

CDF – KKG တပ်ရင်း (၂) ရဲ့ အပတ်စဉ် ( ၅ ) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ 

Chinland Defense Force, Kalay - Kabaw - Gangaw (CDF - KKG) တပ်ရင်း (၂) က လေ့ကျင့်သင်ကြားပေးခဲ့တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၅) သင်တန်းဆင်းပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၉ ရက် မနေ့က နေ့လယ်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မတ်လ ပထမအပတ်အတွင်း စစ်ကောင်စီတပ်မှ အလင်းဝင်လာသူနှင့် ဖမ်းဆီးခံရသည့် စစ်သုံ့ပန်း စုစုပေါင်း ၂၇ ဦး ရှိ

၂၀၂၅ ခုနှစ် မတ်လ ပထမအပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကနေ အလင်းဝင်လာသူတွေနဲ့ ဖမ်းဆီးခံရတဲ့ စစ်သုံ့ပန်း စုစုပေါင်း ၂၇ ယောက် ရှိတယ်လို့ ပြည်သူ့ပန်းတိုင်ရဲ့ စကစ၏ "ပြေးဟပရောဂျက် ယခုတစ်ပတ်" အစီအစဉ်မှာ ဖော်ပြထားပါတယ်။
Read More

အောင်ဇေယျစစ်ကြောင်းမှ စစ်သား ၃ဦး လက်နက်ယူဆောင် အလင်းဝင်လာခဲ့

အကြမ်းဖက်စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းက စစ်သား ၃ ယောက်ဟာ လက်နက်အချို့ကို ယူဆောင်ကာ အလင်းဝင်ရောက်လာတယ်လို့ ဗျူဟာ (၃၁) လုံခြုံရေးတပ်ခွဲက ဒီနေ့ ထုတ်ပြန်ပါတယ်။