ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ညောင်နီပင်ကျေးရွာနဲ့ မအူကွင်းကျေးရွာကြားမှာ တိုက်ပွဲဖြစ်ပွားပြီးနောက် ဆုတ်ခွာနေတဲ့ စစ်ကောင်စီတပ်သားတွေကို ထပ်မံ မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ထပ်မံသေဆုံးမှုတွေ ရှိတယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF ၃၆၀၁ တပ်ရင်း က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့၊ ည ၁၀ နာရီခွဲအချိန်မှာ တိုက်ပွဲဖြစ်ပွားပြီးနောက် သေဆုံးအလောင်းတွေနဲ့ ဒဏ်ရာရသူတွေကို သယ်ဆောင်ကာ ပြန်လည်ဆုတ်ခွာနေတဲ့ စစ်ကောင်စီစစ်ကြောင်းကို ညောင်နီပင်ရွာနဲ့ မှန်ပြင်ကြောကျေးရွာကြားမှာ မိုင်းကွင်း (၂) ကွင်းဆွဲကာ ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“၃ ရက်နေ့မှာက မနက် ၉ နာရီကနေ နေ့ခင်း ၂ချက်ခွဲလောက်ထိကို တိုက်ပွဲဖြစ်ခဲ့တာ။ အဲ့တိုက်ပွဲမှာ သေသွားတဲ့ စစ်ခွေးအလောင်းတွေနဲ့ ဒဏ်ရာရသူတွေကို ကျောက်ကြီးတောင်ဘက်ကနေ ပေါင်းတည်ဘက်ကို ပြန်ပို့တာပေါ့နော်။ အဲ့ဒါကို ကျနော်တို့က သူတို့ ကျောက်ကြီးတောင်ဂိတ်ကို မရောက်ခင် ကြားထဲမှာပဲ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပေါ့” လို့ ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow က မောင်းကို ပြောပါတယ်။


အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပြီး တော်လှန်ရေးရဲဘော်တွေကို ရမ်းသမ်းပစ်ခတ်ခဲ့ပေမယ့် ထိခိုက်တာမျိုးတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

“နောက်ထပ်တိုက်တာကျတော့ ညဘက်ကြီးဖြစ်နေတော့ သေဆုံးတာကို အတိအကျမသိရဘူး။ ဒါပေမယ့် သူတို့ဆီကနေပြီးတော့ ကျနော်တို့ ကျည်ဘောက်နဲ့ ၅.၅၆ ကျည်တွေ သိမ်းဆည်းရမိလိုက်တယ်” လို့ ပြောပါတယ်။

အဆိုပါ တိုက်ခိုက်မှုကိုတော့ ဗျူဟာ (၂၁) ကွပ်ကဲမှုအောက်ရှိ (၃၆၀၁) တပ်ရင်း၊ တပ်ခွဲ (၄) ကနေ ဖော်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ယူနက်စကိုစာရင်းဝင် ပုဂံရှေး​ဟောင်းနယ်မြေထဲကို စစ်ကောင်စီ စတင်လေကြောင်းတိုက်ခိုက်၊ ရေစကြိုမှာလည်း သာဂေါင်ရွာ ဒုတိယအကြိမ် ဗုံးကြဲခံရပြီး နေအိမ်တွေ ထိခိုက်ပျက်စီး

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ စစ်ကောင်စီက ယူနက်စကိုစာရင်းဝင် ပုဂံရှေးဟောင်းနယ်မြေအတွင်း လေကြောင်းတိုက်ခိုက်မှု စတင်လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။
Read More

Zomi Federal Union(ZFU)/ PDF Zoland က ပြုလုပ်တဲ့ Zoland Army မွမ်းမံ တန်းမြှင့် သင်တန်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

မြန်မာပြည် စစ်အာဏာရှင်လက်က လွတ်မြောက်ရေး တိုက်ပွဲဝင်ဖို့အတွက် Zomi Federal Union(ZFU)/ PDF Zoland က ပြုလုပ်တဲ့ Zoland Army မွမ်းမံ တန်းမြှင့် သင်တန်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ PDF Zoland က အောက်တိုဘာ ၂၈ ရက် ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

တောင်သာမြို့ပေါ် ဌာနဆိုင်ရာရုံးများကို ပြည်သူ့ကာကွယ်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်၊ စစ်တပ်လက်​အောက်ခံဝန်ထမ်းများ ထွက်ပြေးသွားသည့် မြေစာရင်းရုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့

မန္တလေးတိုင်း၊ မြင်းခြံခရိုင်မှာ ၉/အညာမြေစစ်ဆင်ရေးအဖြစ် တောင်သာမြို့ပေါ်က စစ်ကောင်စီ ဌာနဆိုင်ရာရုံးတွေကို တပြိုင်နက်တည်းဝင်ရောက်တိုက်ခိုက်ရင်း မြေစာရင်းရုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း-၃ သတင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ရေဦး ပကဖ ဆီ စစ်ကောင်စီရဲ့ ရဲတစ်ဦး လက်နက်နဲ့ အလင်းဝင်၊ ရေဦး ပကဖ က သိန်း ၅၀ ဆုချီးမြှင့်…

စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ရေဦးမြို့နယ်ဆီ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရဲတပ်သားတစ်ယောက် လက်နက် ခဲယမ်းနဲ့ အလင်းဝင်လာတယ်လို့ ရေဦး ပကဖ က ထုတ်ပြန်ပါတယ်။
Read More

ဆစ်ဒနီမှာ တော်လှန်အနုပညာရှင် ဖြူဖြူ တစ်ကိုယ်တော်ဖျော်ဖြေပွဲ ကျင်းပမည်

ဩစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ တော်လှန်အနုပညာရှင် တစ်ယောက်ဖြစ်သူ ဖြူဖြူကျော်သိန်းက တစ်ကိုယ်တော်ဖျော်ဖြေပွဲ ကျင်းပသွားမယ်လို့ သိရပါတယ်။
Read More

ကန့်ဘလူ၊ ဇီးကုန် ရဲစခန်းကနေ ရဲတပ်သား ၁ ယောက် သေနတ် ၁ လက်နက်နဲ့ အလင်းဝင်လာလို့ ဆုငွေချီးမြှင့်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်း ရဲစခန်းက စစ်ကောင်စီလက်အောက်ခံ ရဲတပ်သား ၁ ယောက်က သေနတ် ၁ လက်နဲ့ အလင်းဝင်လာတာကြောင့် ဆုငွေချီးမြှင့်ခဲ့တယ်လို့ ကန့်ဘလူခရိုင် တပ်ရင်း ၄ ဆီက သိရပါတယ်။