စစ်ကိုင်းတိုင်း၊ ပင်လယ်ဘူးမြို့နယ်၊ အင်္ဂါးကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ကိုယ်ဝန်ဆောင် CDM ဆရာမ ၁ ယောက်သေဆုံးခဲ့ပြီး အသက် (၄) နှစ်အရွယ် ကလေးငယ် ၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ ၂၀ ရက် ညနေပိုင်းက စစ်ကောင်စီရဲ့ အင်္ဂါးကျေးရွာလေကြောင်းတိုက်ခိုက်မှုမှာ စာသင် ကျောင်းကို ဗုံးထိမှန်ပြီး ကိုယ်ဝန်ဆောင် CDM ဆရာမ ၁ ယောက်သေဆုံးကာ အသက် (၄)နှစ်အရွယ် ကလေးငယ် ၁ ယောက် ခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့ရကာ အခြားကလေးငယ် ၁ ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ 

ဗုံးဒဏ်ကြောင့် စာသင်ကျောင်းဆောင်နဲ့ အနီးရှိ အခြားအဆောက်အအုံတချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

ယင်းမာပင်ခရိုင် တပ်ရင်း ၆ ရဲဘော်များကို KIA လက်နက် ၁၀၀ ကျော် တပ်ဆင်ပေး (ရုပ်/သံ)

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့အတွက် ယင်းမာပင်ခရိုင် အမှတ် ၆ တပ်ရင်း ရဲဘော်တွေကို KIA က လက်နက် ၁၀၀ ကျော် တပ်ဆင်ပေးခဲ့တယ်လို့ အနောက်မြောက်လွင်ပြင်သို့ကမ်ပိန်းက ဆိုပါတယ်။
Read More

ဗန်းမောက်မြို့အဝင် ဆိုင်းဘုတ်တွင် PDF များ အောင်ပွဲခံ (ရုပ်/သံ)

စစ်ကိုင်းတိုင်းအထက်ပိုင်း ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် PDF အလံတွေကိုင်ဆောင်ကာ အောင်ပွဲခံနေတဲ့ PDF ရဲဘော်တွေရဲ့ ရုပ်သံဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။
Read More

နေပြည်တော် ခြောက်အိမ်စုရွာမှ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို KNDO နဲ့ တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်မှု တပ်ရင်းမှူးဒုဗိုလ်မှူးကြီးအပါအဝင် ၈ ယောက်သေဆုံး (ရုပ်/သံ)

နေပြည်တော် ပျဉ်းမနားမြို့နယ် ခြောက်အိမ်စုရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ် ကို နိုဝင်ဘာ ၁၉ ရက် နေ့လယ်ပိုင်းက KNOD နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ခလရ ၈၄ တပ်ရင်းမှူးဒုဗိုလ်မှူးကြီး အပါအဝင် စစ်သား ၈ ယောက်သေဆုံးခဲ့တယ်လို့ KNDO တပ်ခွဲ ၄ထံက သိရပါတယ်။
Read More

ဗန်းမော်လေဆိပ်ရဲ့ နေရာအများစုကို KIA ထိန်းချုပ်ရယူထား၊ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေ (ရုပ်/သံ)

ဗန်းမော်မြို့က စစ်ကောင်စီအတွက် အရေးပါတဲ့ လေဆိပ်ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ၀င်ရောက်ထိန်းချုပ်ထားတဲ့ ရုပ်သံကို ကချင်စစ်ရေးသတင်းရင်းမြစ်တွေက ဖော်ပြလာပါတယ်။
Read More

ညောင်ခြေထောက်ဆေးရုံအတွင်း ‌တောင်ကျရေ စီးဝင်လာသည့်အတွက် လူနာများ အရေးပေါ် ရွှေ့ပြောင်းခဲ့ရ (ရုပ်/သံ)

ပဲခူးတိုင်း အုတ်တွင်းမြို့နယ် ညောင်ခြေထောက်မြို့ ဆေးရုံအတွင်း တောင်ကျရေများ စီးဝင်လာတဲ့ အတွက် လူနာများအား အရေးပေါ်ရွေ့ပြောင်းပေးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ယနေ့စက်တင်ဘာ ၃၀ ရက် နံနက်အစောပိုင်းက ညောင်ခြေထောက်မြို့ ဆေးရုံဝန်းအတွင်း တောင် ကျရေများ စီးဝင်လာပြီး လူနာများ ပိတ်မိနေတဲ့အတွက် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ပြီး ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ သိရပါတယ်။ ပိတ်မိနေတဲ့ လူနာများအား လူမှုကူညီအသင်း‌တွေက လှေများ၊ လူနာတင်ယာဉ်များဖြင့် ကူညီကယ် ဆယ်ခဲ့ကြပြီး အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။
Read More

ဧရာဝတီမြစ်ကြောင်းအတွင်း စစ်သင်္ဘော၊ ရိက္ခာတင်သင်္ဘောများကို KIA ပူးပေါင်းတပ်တပ်ဖွဲ့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ သင်္ဘော ၂ စီး ထိမှန်ပျက်စီး (ရုပ်/သံ)

ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်စုကို KIA နဲ့ ပူးပေါင်းတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သင်္ဘော ၂ စီး ထိမှန်ပျက်စီးခဲ့ပြီး ရွှေကူမြို့ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။