ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်ဖို့ ပြင်ဆင်နေပြီး ကျေးရွာတွေမှာ ပေါ်တာဆွဲဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ အုတ်ဖိုအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ယောက်က မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ တတိယပတ်လောက်ကစလို့ အုတ်ဖိုမြို့နယ်အတွင်းက ကျေးရွာတွေမှာ စစ်ကောင်စီနဲ့ လက်အောက်ခံပျူစောထီးတွေရဲ့ ပေါ်တာဆွဲဖမ်းဆီးမှုတွေ ရှိလာပြီး နေအိမ်တွေ အလုပ်ရုံတွေထဲအထိ ဝင်ရောက်ဖမ်းဆီးနေတယ်လို့ သိရပါတယ်။

အုတ်ဖိုမြို့နယ် လိပ်ဥကုန်းကျေးရွာအုပ်စုက လိပ်ဥကုန်းကျေးရွာမှာ လူငယ်တွေ နေအိမ်အတွင်းထိ ဝင်ရောက်ဖမ်းဆီးခံရတာမျိုးတွေ ရှိသလို အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်းမြို့ ပွဲရုံတစ်ခုက အလုပ်သမားတစ်ယောက်လည်း ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

“အခုရက်ထဲတော့ ပေါ်တာက တအားဆွဲတာပါ။ စီမံချက်နဲ့ဆွဲတာလို့ပြောတယ်။ လူငယ်တွေလည်း ပြေးနေရတယ်။ လူငယ်က သိပ်မရှိကြဘူး။ အရွယ်​ရှိရင် ဆွဲတာ။ အရွယ်ကောင်းအများစုက ထိုင်းတို့ဘာတို့လို နိုင်ငံခြားတွေရောက်နေကြပြီ” လို့ အုတ်ဖိုအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ယောက်က မောင်းကို ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ တိုင်းစစ်ဌာနချုပ်အသီးသီးမှာ စစ်မှုထမ်းအပတ်စဥ် (၁၄)စတင်နေပြီဖြစ်ကြောင်း သတင်းဓာတ်ပုံတွေနဲ့တကွ ထုတ်ပြန်ထားပြီး နိုင်ငံနဲ့တဝှမ်း ပေါ်တာဆွဲဖမ်းဆီးမှုတွေကို အရှိန်မြှင့် လုပ်ဆောင်နေတယ်လို့သိရပါတယ်။

လက်ရှိမှာ အုတ်ဖိုမြို့နယ်နဲ့ ထိစပ်နေတဲ့ မင်းလှမြို့နယ်အတွင်းမှာလည်း ထိတွေ့တိုက်ပွဲတွေရှိနေပြီး စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်နေကြောင်းသိရပါတယ်။

“ကျနော်တို့ဆီ စစ်ကြောင်းထိုးဖို့ရှိတယ်ဆိုလို့ သတိထားနေရပါတယ်။ ဒါကြောင့် စီမံချက်နဲ့ ပေါ်တာတွေ ဆွဲနေတာပါ။ အခုလက်ရှိလည်း ရန်ကုန်မှော်ဘီဘက်က တပ်ကလာပြီး စစ်ကြောင်းထိုးနေတာ” လို့ အုတ်ဖိုအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ယောက်က မောင်းကိုပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

နိုင်ငံခြားငွေ ရှားပါးလာတဲ့ စစ်ကောင်စီက စက်သုံးဆီ တင်သွင်းမှုကို လျှော့ချနိုင်ဖို့ စမတ်ကတ်စနစ်ကို ကျင့်သုံးခြင်းသာ ဖြစ်

တစ်နေ့လျှင် တစ်ကြိမ်သာ ဓာတ်ဆီနှင့်ဒီဇယ်ဆီ ဝယ်ယူခွင့်ပြုမယ့်  စက်သုံးဆီဝယ်ယူခွင့် စမတ်ကတ်စနစ် ဟာပြည်ပကနေ စက်သုံးဆီ ဝယ်ယူတင်သွင်းရမှုကို လျှော့ချဖို့ ရည်ရွယ်ပြီး ဆောင်ရွက်သာဖြစ်ကြောင်း စီးပွားရေးပညာရှင်တွေက ပြောဆိုလိုက်ပါတယ်။
Read More

ထိန်းချုပ်နယ်မြေအတွင်း ပြည်သူကို လှည့်ဖျားမည့် ရွေးကောက်ပွဲအတု မကျင်းပနိုင်ရန် ဆန့်ကျင်သွားမည်ဟု ဒူးသထူခရိုင်-ဖားအံမြို့နယ် KNU ကြေညာ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်မှာ စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို KNU ဗဟိုရဲ့ သဘောထားအတိုင်း ဆန့်ကျင်သွားမယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဒူးသထူခရိုင် - ဘားအံမြို့နယ် အလုပ်အမှုဆောင်ကော်မတီက ထုတ်ပြန်ကြေညာပါတယ်။
Read More

ပြည်သူ့အားဖြင့် သွားနေသည့် တော်လှန်ရေးမှာ စဥ်းစားမှုတိုင်းက ပြည်သူ့ဆန္ဒကို အခြေပြုဖို့ လိုအပ်ဟု NUG ဝန်ကြီးချုပ် ပြော

ပြည်သူ့အားနဲ့ သွားနေတဲ့ တော်လှန်ရေးမှာ ပြည်သူ့ဆန္ဒကို အခြေပြုတဲ့ စဥ်းစားမှုမျိုးတွေသာ ဖြစ်ဖို့လိုအပ်တယ်လို့ ဧပြီလ ၁၅ ရက်က ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၁၁ /၂၀၂၅ အစိုးရအဖွဲ့အစည်းဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားခဲ့ကြောင်း NUG က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ငလျင်လှုပ်ခဲ့ပေမယ့် မြန်မာမှာ နျူကလီးယားဓာတ်အားပေးစက်ရုံ ဆောက်လုပ်ရေးအစီအစဉ်ကို ဆက်လုပ်သွားမည်ဟု ရုရှား ဆို

ငလျင်နဲ့ စစ်ဒဏ်သင့် မြန်မာနိုင်ငံမှာ နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်မယ့်အစီအစဉ်ကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ စီမံကိန်းကို ဦးဆောင်နေတဲ့ ရုရှားအစိုးရပိုင်ကုမ္ပဏီက Reuters ကို ပြောပါတယ်။
Read More

လွတ်လပ်ပြီး တရားမျှတသည်ဆိုတဲ့ ရွေးကောက်ပွဲအတုတွင် မပြိုင်ရသေးဘဲ ကြံ့ခိုင်ရေး အနိုင်ရနေ

အာဏာသိမ်းစစ်တပ်ရဲ့ လက်ပါးစေ နိုင်ငံရေးပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီ USDP ဟာ စစ်တပ်ကပဲ စီစဥ်ပြုလုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲ မစတင်ခင်အချိန်မှာ လွှတ်တော်အမတ်နေရာ ၂၈ နေရာကို အနိုင်ရနေပြီ ဖြစ်ပါတယ်။
Read More

နှစ်သစ်လက်ဆောင်အဖြစ် မီးဘေးသင့် အိမ်ထောင်စု (၇၀) ကျော်ကို စောင်များလှူဒါန်း (ဓာတ်ပုံသတင်း)

ရေဦးမြို့က မီးဘေးသင့်ခဲ့ရတဲ့ အိမ်ထောင်စု (၇၀) ကျော်ကို နှစ်သစ်လက်ဆောင်အဖြစ် ပြည်ပရောက် ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးရဲ့ ကူညီထောက်ပံ့မှုနဲ့အတူ တခြားအလှူရှင်တွေကိုယ်စား ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ ထောက်ပံ့ရေးအဖွဲ့က သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။