မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မရိုးကုန်းရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇွန်လ ၂၂ ရက်၊ ဒီနေ့မနက် ၁ နာရီခွဲလောက်မှာ ထိတွေ့ပစ်ခတ်မှုမရှိဘဲ စစ်အုပ်စုက ဂျက်ဖိုက်တာနဲ့ မရိုးကုန်းရွာထဲကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဦးပေါညိမ်း (၈၀) နှစ်နဲ့ သမီးဖြစ်သူ ဒေါ်ခင်မိုးဆွေ (၄၀) နှစ်တို့ ထိမှန်သေဆုံးခဲ့ပြီး ၉ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

“ဗုံးက နေအိမ် ၃လုံးအကြား ကွင်းပြင်မှာ ကျတာ၊ အရှေ့ဘက်အိမ်က ကြားက အုတ်ပုံခံနေလို့၊ အနောက်ဘက်အိမ်က မြေနိမ့်လို့ထင်တယ် အိမ်ပဲ ပျက်စီးသွားတာ။ လူသေလောက်အောင်ထိ မထိဘူး။ အခု တောင်ဘက်အိမ်က သားအဖ ၂ဦး ထိမှန်ပြီးသေတာ.. ဦးပေါညိမ်းက မျက်စိသိပ်မမြင်ရဘူး။ သူက ခေါင်းနဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းပဲ ကျန်တော့တာ.. အောက်ပိုင်းတစ်ပိုင်းလုံး ဖွာထွက်ကုန်တာ” လို့ နယ်ခံတစ်ယောက်က မောင်းကို ပြောပြပါတယ်။

ဒီနေ့မနက်အစောပိုင်းက အဆိုပါလေကြောင်းတိုက်ခိုက်မှုမှာ စစ်ကောင်စီက ဗုံးသီး ၃ လုံး လာရောက်ကြဲချတာဖြစ်ပြီး ပထမ ၂ လုံးဟာ စစ်အုပ်စု ရွာလုံးကျွတ်မီးရှို့ထားတဲ့ ရွာရှည်ရွာအနီး ကျရောက်ပေါက်ကွဲခဲ့ကာ လူထိခိုက်မှုမရှိပေမယ့် နောက်ဆုံးအလုံးမှသာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တာလို့ သိရပါတယ်။ လူထိခိုက်သေဆုံးတဲ့အပြင် နေအိမ် ၅ လုံး ထိမှန်ပျက်စီးပြီး နွား ၂ ကောင်လည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“ပထမအလုံးက အသံသိပ်မကျယ်ဘူး။ ဒုတိယအလုံးက တောင်ဘက်ကျတယ် ထင်တယ်။ လေယာဥ်သံပျောက်သွားပြီး ၅မိနစ်လောက်ကြာမှ နောက်တစ်လုံး ထပ်ချတာ။ ၅မိနစ်လောက်ကြာသွားတာ လေယာဥ်သံပျောက်သွားတော့ ဗုံးချပြီး ပြန်သွားပြီ ထင်နေတာ။ နောက်ဆုံးအလုံးက အသံအကျယ်ဆုံးပဲ။ အရင် ၂လုံးက ဘေးရွာတွေ ထိတာ။ ဘေးရွာ ရွာရှည်ရွာက စကစတွေ ရွာလုံးကျွတ်မီးရှို့ထားတာ ရွာပျက်လိုဖြစ်နေတော့ ရွာသားသိပ်မရှိကြတော့ဘူး” လို့ အထက်ပါ ဒေသခံက ဆက်ပြောပါတယ်။

မရိုးကုန်းရွာဟာ ပထမဆုံးအကြိမ် လေကြောင်းတိုက်ခိုက်ခံရတာဖြစ်ပြီး လက်ရှိမှာ မရိုးကုန်းရွာအပြင် သိမ်တိုင်၊ ဇလပ်ကုန်း၊ ဂင့်ဂဲ၊ ကန်တော်၊ ဥဒယ၊ ရွာရှည်၊ တောပု စတဲ့ ကျေးရွာတွေက ဒေသခံတွေလည်း ဗုံးဒဏ်လွတ်အောင် ရှောင်တိမ်းနိုင်ဖို့ ပြင်ဆင်နေကြရတယ်လို့ သိရပါတယ်။

စစ်အုပ်စု လေကြောင်းတိုက်ခိုက်ခဲ့သည့် မရိုးကုန်းရွာ မြင်ကွင်း (ဓာတ်ပုံ လူမှုကွန်ရက်)

0 Shares:
You May Also Like
Read More

ကျေးရွာတွေကို စောင့်ရှောက်မှုပေးတာကြောင့် ရွာခံတွေမှ ရေးဘီလူးကို ဂုဏ်ပြုကြိုဆို

မွန်ဒေသထဲက ကျေးရွာတချို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ရဲ့ တပ်ခွဲတစ်ခုဖြစ်တဲ့ ရေးဘီလူးအဖွဲ့က ပြီးခဲ့တဲ့ ၅ လတာအတွင်း စောင့်ရှောက်မှုပေးခဲ့တာကြောင့် ဒေသခံတွေက ရေးဘီဘူးအဖွဲ့ကို ဖိတ်ကြားပြီး ဂုဏ်ပြုကြိုဆိုပွဲကျင်းပခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်တပ်အတွက် တပ်သားသစ်စုဆောင်းပေးကာ ပြည်သူတွေကို ငွေညှစ်နေတဲ့ ပျူခေါင်းဆောင် ရာအိမ်မှူး ဌေးလွင် ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ ပုတီးကုန်းမြို့နယ်၊ သပြေလှအုပ်စု၊ ရင်းတိုက်ကျေးရွာမှာ နေထိုင်တဲ့ ရာအိမ်မှူး ဌေးလွင်ဟာ အကြမ်းဖက်စစ်တပ်ရဲ့ တရားမဝင် စစ်မှုထမ်းဥပဒေအတွက် လူသစ်စုဆောင်းပေးနေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ သိရပါတယ်။
Read More

ကရင်နီပြည် ကိုယ်ပိုင်တရားစီရင်ရေးစနစ်ကနေ ရာဇဝတ်မှုပေါင်း ၇၀ကျော်ကို လက်ခံဆောင်ရွက်နိုင်ခဲ့

ကရင်နီပြည်မှာ ကိုယ်ပိုင်တရားစီရင်ရေးစနစ်ကနေ ရာဇဝတ်မှုပေါင်း ၇၀ ကျော်ကို လက်ခံဆောင်ရွ့က်နိုင်ခဲ့တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က အသိပေးထုတ်ပြန်ပါတယ်။
Read More

လောင်းလုံးမြို့ စစ်အစိုးရရုံးများတွင် တပ်စွဲထားသည့် စစ်အုပ်စုကို တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့က စစ်ကော်မရှင်လက်အောက်ခံ ရုံးတွေမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေါနစစ်ကြောင်း-၃ (KBDF) က ထုတ်ပြန်ထားပါတယ်။
Read More

တပ်သားသစ် စုဆောင်းခံခဲ့ရသည့် စစ်မှုထမ်းတပ်သား ၃ ဦး လက်နက်နှင့် အလင်းဝင်

ထိုင်း-မြန်မာနယ်စပ် မောတောင်ကုန်သွယ်ရေးလမ်းပိုင်းမှာ ရှေ့တန်းရောက်ရှိနေတဲ့ စစ်ကောင်စီတပ်သား ၃ယောက် လက်နက်နဲ့တကွ KNU တပ်မဟာ ၄၊ တပ်ရင်း ၁၁ ထံ အလင်းဝင်ရောက်လာတယ်လို့ KNU - Mergui - Tavoy District က သတင်းထုတ်ပြန်ပါတယ်။
Read More

ခလရ ၂၅၅ တပ်ရင်းမှ စစ်မှုထမ်းသင်တန်းဆင်း စစ်သား ၁ ဦး လက်နက်မဲ့အလင်းဝင်လာ

၏ မကွေးတိုင်း၊ ပခုက္ကူအခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်မ ( ၁၀၁ )လက်အောက်ခံ ခလရ ၂၅၅ တပ်ရင်းက စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်မဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။