မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်မှာ စျေးဝယ်ပြန်လာတဲ့ စစ်အုပ်စုကို စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ၃ယောက်သေဆုံးခဲ့ကြောင်း Zero ပြောက်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -မြင်းခြံ တာဝန်ခံ ကိုသက်ကြီးက မောင်းကိုပြောပါတယ်။

ဇွန်လ ၂၀ရက်နေ့ မနက်အစောပိုင်းက ငါန်းဇွန်မြို့နယ် ၊ မင်းနေကုန်းရွာရဲစခန်းကနေ ကောင်းစဉ်ရွာဘက် အင်အား၂၀လောက်နဲ့ စျေးဝယ်ထွက်ပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို Zero ပြောက်ကျားတပ်ဖွဲ့က စနိုက်ပါနဲ့ အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

စနိုက်ပါနဲ့ ပစ်ခတ်မှုအပြီး နှစ်ဖက်ထိတွေ့မှု ခဏကြာဖြစ်ပွားခဲ့သလို မင်းနေကုန်းစခန်း အတွင်းကနေလည်း တော်လှန်ရေးတပ်တွေရှိရာဆီ လက်နက်ကြီးပစ်ခတ်တာတွေလည်း လုပ်ဆောင်ခဲ့ကြောင်း ကိုသက်ကြီးက ပြောပါတယ်။

မြင်းခြံခရိုင် တပ်ရင်း ၇၊ Zero ပြောက်ကျားတပ်ဖွဲ့ဝင်များ စနိုက်ပါ ပစ်ခတ်နေစဥ်

“စခန်းကကောင်တွေက အပြင်ကိုထွက်ပြီး စျေးဝယ်တတ်လို့ ၁၉ရက်နေ့ကတည်းက ကျနော်တို့ သွားပြီး ကင်းပုန်းဝပ်စောင့်နေတာပါ။ ၂ရက်ပေါ့။ သူတို့ထွက်လာတဲ့နေ့မှာ စနိုက်ပါနဲ့ပစ်တော့ ၃ကောင်မျက်မြင်သေတယ်။ အဲ့မှာတိုက်ပွဲခဏဖြစ်တယ်။ ကျ​နော်တို့ကလည်း ကင်းပုန်းအနေအထားကနေပဲ သွားပစ်တာ တိုက်ပွဲကြီးဆင်နွှဲဖို့မဟုတ်တော့ ၄၀မမ လက်နက် ပြန်ထောက်ပြီး ဆုတ်ခဲ့လိုက်ပါတယ်။ ကျနော်တို့က သူတို့ကို ကင်းထောက်ထားတာဆိုတော့ လက်ဦးနိုင်ခဲ့တယ်ပေါ့။ ဒါကြောင့် ၄၀မမ နဲ့ ပစ်တာမှာလည်း သူတို့တွေ ဒဏ်ရာရတာတွေ ရှိနိုင်တယ်လို့ သုံးသပ်ပါတယ်။” လို့ Zero ပြောက်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -မြင်းခြံ တာဝန်ခံ ကိုသက်ကြီးက မောင်းကိုပြောပါတယ်။

ဒီတိုက်ခိုက်မှုကို မြင်းခြံခရိုင်တပ်ရင်း အမှတ် (၇) Zero ပြောက်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

 

0 Shares:
You May Also Like
Read More

တိုက်ပွဲအတွင်း ထိမှန်ကာ ဆေးရုံရောက်ခါနီးမှ ကျဆုံးခဲ့သည့် ရဲဘော်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တိုက်ပွဲအတွင်း ထိမှန်ဒဏ်ရာရခဲ့တဲ့ တော်လှန်ရေးရဲဘော်တစ်ယောက်ဟာ ဆေးကုသဖို့ သွားနေစဥ် လမ်းခရီးအခြေအနေကြောင့် ဆေးရုံရောက်ခါနီးမှာပင် ကျဆုံးသွားခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ် - ၄ တပ်ရင်းထံက သိရပါတယ်။
Read More

လက်ပံတန်းတွင် အကြမ်းဖက်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၁၅ ဦး သေ၊ အရှင် ၁၂ ဦးနှင့် လက်နက်ခဲယမ်းများ PDF ရရှိ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်မှာ စစ်ကြောင်းထိုးမီးရှို့ဖို့လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၁၅ယောက်ထက်မနည်း သေဆုံးပြီး စစ်သုံ့ပန်း ၁၂ ယောက်နဲ့ လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနနဲ့ အမှတ်(၂) စစ်ဆင်ရေးနယ်မြေက ထုတ်ပြန်ပါတယ်။
Read More

၄ နှစ်တာအတွင်း တော်လှန်ရေးအတွက် အရေးကြီးတဲ့ ရလဒ် ၃ ခုကို ဖော်ဆောင်နိုင်ခဲ့ပြီဟု NUG ကာကွယ်ရေး၀န်ကြီးက အသိပေး

တော်လှန်ရေး ၄ နှစ်တာအတွင်း အရေးကြီးတဲ့ ရလဒ် ၃ ခုကို ဖော်ဆောင်နိုင်ခဲ့ပြီဖြစ်ကြောင်း  အမျိုးသားညီညွတ်ရေးအစိုးရ (NUG)  ရဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။ 
Read More

ကျောက်ပန်းတောင်း-ချောက်လမ်းပိုင်းတွင် အကြမ်းဖက်စစ်ကား ၁ စီး တိုက်ခိုက်ခံရပြီး ဗိုလ်အပါ ၁၀ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရ

မကွေးတိုင်း၊ ကျောက်ပန်းတောင်း-ချောက် (အမှတ်- ၂ ပြည်ထောင်စု) လမ်းပိုင်းမှာ အကြမ်းဖက်စစ်ကားတစီး ကို အနီးကပ် ကြားဖြတ်တိုက်ခိုက်ရာ စစ်အုပ်စုဗိုလ် အဆင့် ရှိသူအပါ ၁၀ ယောက်သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာ ရသွားတယ်လို့ မကွေးခရိုင် အမှတ်(၃) တပ်ရင်း(CRA) တာဝန်ရှိသူ တစ်ယောက်က မောင်းကိုပြောပါတယ်။
Read More

AA ၏ ထိုးစစ်အောက် နတ်ရေကန်တိုက်ပွဲမှ ထွက်ပြေးလာသည့် စစ်သား ၂၃ ယောက်ကို CDF-Asho ဖမ်းမိ၊ လက်နက်ခဲယမ်းများပါ ရရှိ

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီစခန်းကုန်းတွေဆီ ရောက်လာမယ့် FW (Hercules)

လက်ရှိတော်လှန်ရေးမှာ မြေပြင်ရဲဘော်တွေရဲ့ တိုက်ခိုက်နိုင်စွမ်းနဲ့အတူ ဒရုန်းစစ်ဆင်ရေးတွေကလည်း မရှိမဖြစ် အရေးပါလှပါတယ်။