မကွေးတိုင်း ချောက်မြို့နယ် ထိန်ကန်ရွာကို စစ်ကောင်စီတပ်သားတွေ အကြောင်းမဲ့ဝင်‌ရောက်မီး ရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံများထံက သိရပါတယ်။

ဇွန်လ ၂၀ ရက်က ထိန်ကန်ရွာကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်လာပြီး တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အကြောင်းမဲ့ ကျေးရွာနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

မီးလောင်မှုကြောင့် အိမ်ခြေ ၂၀ ပျက်စီးသွားပြီး အရပ်သားတွေဟာ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

ပလိုင်းပျူစောထီးစခန်းက ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်မှု ၅ ယောက် သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပလိုင်းပျူစောထီးစခန်းကနေ ထွက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၈ ရက် ညနေပိုင်းက တိုက်ခိုက်ခဲ့ရာ ၅ ယောက် သေခဲ့တယ်လို့ လျှပ်စီးမုန်တိုင်း ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် မိုင်တိုင် အမှတ် ၃၁၉ မိုင် ၆ ဖာလုံမှာ ဒီနေ့ မတ်လ ၁၉ ရက် မနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ခရီးသွားပြည်သူတွေထံက သိရပါတယ်။
Read More

Justice Soldier Droneတပ်ဖွဲ့ နည်းပညာအင်အားဖြည့်တင်းဖို့အတွက် သင်တန်းသားအယောက် ၂၀၀ ခေါ်ယူ (ရုပ်/သံ)

Justice Soldier Droneတပ်ဖွဲ့ နည်းပညာအင်အားဖြည့်တင်းဖို့အတွက် သင်တန်းသား အယောက် ၂၀၀ ခေါ်ယူလျက်ရှိတယ်လို့ သိရပါတယ်။
Read More

ပြည်သူတွေကို ဖမ်းဆီးဓားစာခံလုပ်ထားတဲ့ စစ်ကောင်စီစစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်မှု စစ်သားအများအပြားသေပြီး ပြည်သူ ၇ ယောက် ကယ်ဆယ်နိုင်ခဲ့ (ရုပ်/သံ)

ပဲခူးတိုင်း အုတ်ဖိုမြို့နယ်အတွင်း ပြည်သူတွေကို ဖမ်းဆီးဓားစာခံလုပ်ထားတဲ့ စစ်ကောင်စီစစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြားသေဆုံးပြီး ပြည်သူ ၇ ယောက်ကို ကယ်နိုင်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ထံက သိရပါတယ်။
Read More

ဂျပန်နိုင်ငံ မြန်မာသံရုံးရှေ့တွင် အတုအ‌ယောင်ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း ယနေ့ ဆန္ဒပြမည် (ရုပ်/သံ)

အာဏာသိမ်း စစ်အုပ်စု ပြုလုပ်မယ့် အတုအ‌ယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဂျပန်နိုင်ငံ မြန်မာသံရုံးရှေ့မှာ ဆန္ဒပြကြမယ်လို့ သိရပါတယ်။
Read More

ဖားကန့်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ

ကချင်ပြည်နယ် ဖားကန့်မြို့မှာ ယနေ့ နိုဝင်ဘာ ၁၆ ရက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူတွေက ချီတက်ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။ ဆန္ဒပြပြည်သူ အင်အား ၁၀၀ ကျော်ပါဝင်ပြီး "မီးရှို့စစ်တပ် အမြစ်ဖြတ်"၊"KIA ​တွေ ဘာလုပ်​နေလဲ ပြည်သူ​တွေကို ကာကွယ်​နေတယ်" ၊ "PDF ​တွေဘာလုပ်​နေလဲ ပြည်သူ​တွေကို ကာကွယ်​နေတယ် "၊ " PDF နဲ့ KIA တိုက်ပွဲတိုင်းမှာ နိုင်ပါ​စေ"၊ "အ​မေစု ဘာမှာခဲ့လဲ ​ကောက်ရိုးမီးလိုမဖြစ်​စေနဲ့"စတဲ့ ကြွေးကြော်သံတွေနဲ့ ချီတက်ခဲ့ကြတယ်လို့ သိရပါတယ်။