ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ Special Operation Group စစ်ကြောင်းအနေနဲ့ တပ်ရင်းအတွက် ရိက္ခာကို အဆင့်ဆင့် ခက်ခက်ခဲခဲ သယ်ယူရတဲ့ ပုံရိပ်တွေကို ထုတ်ပြန်ဖော်ပြထားပါတယ်။

“လမ်းပန်းဆက်သွယ်ရေး အခြေအနေက မြင်တဲ့အတိုင်းပါပဲခင်ဗျာ တပ်ရင်းရောက်အောင်သယ်ဖို့ လမ်းမှာအဆင့်ဆင့် ပြောင်းရွှေ့ပြီး သယ်ရပါတယ်။” လို့ SOG စစ်ကြောင်းက ဖော်ပြထားပါတယ်။

SOG တပ်ရင်းအတွက် ” မိုးတွင်းရိက္ခာဆန်အိတ် ၁၀၀ ” ကမ်ပိန်းမှာ မျှော်မှန်းချက်ပြည့်ဖို့ များစွာ လိုအပ်နေသေးတာမို့ ပါဝင်အားဖြည့်ပေးကြဖို့ တိုက်တွန်းသလို ဆန်အိတ်တစ်အိတ်ကို တစ်သိန်းကျပ် ကျသင့်မှာဖြစ်ပြီး တတ်နိုင်သလောက် ပါဝင်ထောက်ပို့ဖို့ ဖိတ်ခေါ်ထားပါတယ်။

0 Shares:
You May Also Like
Read More

မဲဆောက်မြို့တွင် “ဧရာဝတီမ” ဆိုသူ အွန်လိုင်းဆယ်လီတစ်ဦး လုယက်သတ်ဖြတ်ခံရ

လူမှုကွန်ရက်စာမျက်တွေမှာ ဟာသဗီဒီယိုတွေနဲ့ လူသိများတဲ့ LGBT အွန်လိုင်းဆယ်လီတစ်ဦးဖြစ်သူ “ဧရာဝတီမ” (ခ) ကိုတင်ဇော်ထွေးဟာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ လုယက်သတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

အကျဉ်းထောင်များတွင် ကျန်းမာရေးစောင့်ရှောက်မှု ငြင်းပယ်ခံရခြင်းကြောင့် သေဆုံးမှု မြင့်တက်လာနေ

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတဝန်းက အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသား/ အကျဉ်းသူတွေဟာ ကျန်းမာရေးစောင့်ရှောက်မှု ငြင်းပယ်ခံရတာကြောင့် သေဆုံးမှုတွေ မြင့်တက်လာနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) အပါအဝင် ပြည်တွင်း၊ ပြည်ပအဖွဲ့ (၁၅) ဖွဲ့ကနေ ပူးတွဲကြေညာချက် ထုတ်ပြန်လာပါတယ်။
Read More

နမ့်ဆန်၊ မန်တုံနှင့် မိုင်းငေါ့မြို့နယ်တွင် စစ်အုပ်စု လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ (၂) ဦး ထိမှန်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်၊ မန်တုံနဲ့ မိုင်းငေါ့မြို့နယ်တွေမှာ အကြမ်းဖက်စစ်တပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ (၂) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပုလဲမြို့နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ကျေးရွာ ၂၂ ရွာက ဒေသခံ ၁၅၀၀၀ ခန့် စစ်ရှောင်နေရ… စစ်ရှောင်ပြည်သူတွေကို အရေးပေါ် စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးနေတယ်လို့ NUG ထုတ်ပြန်…

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်း တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် ကျေးရွာ ၂၂ ရွာက ဒေသခံ ၁၅၀၀၀ ခန့် စစ်ရှောင်နေရပြီး စစ်ဘေးရှောင်ပြည်သူတွေကို အရေးပေါ် စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးနေရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ဘီးလင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်က တစ်ရက်အတွင်း လေကြောင်း တိုက်ခိုက်မှု (၃) ကြိမ်ပြုလုပ်ခဲ့

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

စလင်းမြို့နယ် တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း ပြည်သူတွေရှိရာ ကျေးရွာများတွင် စလင်း ပကဖ လှည့်လည်ဖျော်ဖြေခဲ့ (ဓာတ်ပုံသတင်း)

နိုင်ငံကို ပြန်လည်တည်ဆောက်ရေးနဲ့ နိုင်ငံထဲက အ‌ရှုပ်အထွေးတွေကို ဖြေရှင်းဖို့ ခိုင်မာတဲ့ စီမံချက်တွေ ကြံ့ခိုင်ရေးပါတီ (USDP) မှာ ရှိတယ်လို့ ပါတီ ဥက္ကဋ္ဌ ဦးခင်ရီက ပြောဆိုလိုက်ပါတယ်။