အီရန်နိုင်ငံရဲ့ နျူကလီးယား သုတေသန စခန်းတွေကို အမေရိကန်လေတပ်က ဗုံးကြဲခဲ့တဲ့ စစ်ဆင်ရေးကို စစ်ရေး ကွပ်ကဲမှုအခန်း (situation room)​ကနေ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် စောင့်ကြည့်ကွပ်ကဲနေတဲ့ ဓာတ်ပုံတွေကို အိမ်ဖြူတော်က ထုတ်ပြန်လာပါတယ်။

အိမ်ဖြူတော်က ထုတ်ပြန်တဲ့ မှတ်တမ်းဓာတ်ပုံတွေထဲမှာ ထရမ့်နဲ့အတူ ဒုတိယသမ္မတ ဂျိမ်းစ်ဒေးဗစ်ဗန့်စ်၊ ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်၊ နိုင်ငံခြားရေး ဝန်ကြီး မာကိုရူဘီရို၊ စစ်ဦးစီး အရာရှိချုပ် ဒန်ကိန်းတို့ ရှိနေတာကို တွေ့ရပါတယ်။ 

ထရမ့်ကတော့ သူ့ရဲ့ ရွေးကောက်ပွဲကြို ကြွေးကြော်သံ စကားစုဖြစ်တဲ့ ‘Make America Great Again’ စာတန်းပါ အနီရောင်ဦးထုပ်ကို ဆောင်းထားခဲ့ပါတယ်။

အမေရိကန်စံတော်ချိန် ဇွန်လ ၂၁ ရက် ညပိုင်းမှာ အမေရိကန်ဟာ အစ္စရေး-အီရန် စစ်ပွဲအတွင်း ပထမဆုံးအကြိမ်အဖြစ် အီရန် နျူကလီးယား စခန်း ၃ ခုကို ဗုံးကြဲခဲ့တာ ဖြစ်ပါတယ်။ 

ထရမ့်က အီရန်မှာ ဆင်နွှဲခဲ့တဲ့ စစ်ဆင်ရေးဟာ အထူးအောင်မြင်ခဲ့ပြီး ပစ်မှတ် အဆောက်အအုံတွေကို အလုံးစုံ ဖျက်ဆီးပစ်နိုင်ခဲ့တယ်လို့ ကြေညာထားပါတယ်။

(ဓာတ်ပုံ The WhiteHouse’s X)

0 Shares:
You May Also Like
Read More

ငလျင်ဘေးသင့်ပြည်သူတွေထံ အကူအညီများ မရောက်စေရန် အာဏာသိမ်းစစ်တပ် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသည်ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလထံ အသိပေး

အာဏာသိမ်းစစ်တပ်က ငလျင်ဘေးသင့် ပြည်သူတွေထံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ မရောက်ရှိစေဖို့ ရည်ရွယ်ချက်ရှိရှိ တားမြစ်ခဲ့တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
Read More

ထိုင်း-မလေး ရေနယ်နိမိတ်အတွင်း ရိုဟင်ဂျာလှေနစ်မြုပ်မှု သေဆုံးသူ ၂၇ ဦး အထိ တိုးလာ

ရခိုင်ပြည်နယ်၊ ဗူးသီးတောင်က ရိုဟင်ဂျာတွေအပါအဝင် ရွှေ့ပြောင်းဒုက္ခသည်တွေ လိုက်ပါလာတဲ့ လှေတစီး ထိုင်း-မလေးရှား ရေနယ်နိမိတ်ထဲ နစ်မြုပ်ခဲ့ရာမှာ နိုဝင်ဘာ ၁၀ ရက်နေ့အထိ သေဆုံးသူ ၂၇ ယောက်အထိ မြင့်တက်လာတယ်လို့ သိရပါတယ်။ 
Read More

ထိုင်းဝန်ကြီးချုပ် နှုတ်ထွက်ပေးဖို့ ဘန်ကောက်မှာ လူထောင်ချီ ဆန္ဒပြ

ဆန္ဒပြပွဲနဲ့ပတ်သက်လို့ ချင်းရိုင်ခရိုင်မှာ ရေကြီးမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးနေတဲ့ ထိုင်းဝန်ကြီးချုပ်ကတော့ “ဒါက သူတို့ရဲ့ ဆန္ဒထုတ်ဖော်ခွင့်ဖြစ်တယ်၊ ဒီအပေါ် ကျွန်မအနေနဲ့ တုံ့ပြန်ဖို့ ဆန္ဒမရှိပါဘူး” လို့ ပြောဆိုပြီး ဆန္ဒပြသူတွေအနေနဲ့ ငြိမ်းချမ်းစွာ ဆွေးနွေးပြောဆိုဖို့ လမ်းဖွင့်ထားကြောင်း သူမက ဆက်ပြောပါတယ်။
Read More

ထိုင်းနိုင်ငံမှာ မြန်မာပြည်ထွက်စားသောက်ကုန်များ တရားမဝင်ရောင်းချမှုကြောင့် ကုန်စုံဆိုင်ပိုင်ရှင်နှင့် မြန်မာအလုပ်သမား ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ဖန်ငမှာ မြန်မာပြည်ထွက်စားသောက်ကုန်တွေ တရားမဝင်ရောင်းချမှုကြောင့် ကုန်စုံဆိုင်တစ်ဆိုင်ကို စစ်ဆေးရာ ဆိုင်ပိုင်ရှင် ထိုင်းလူမျိုးနဲ့ ဈေးရောင်းဝန်ထမ်း မြန်မာအမျိုးသမီး ၁ ယောက် ဖမ်းဆီးခံလိုက်ရတယ်လို့ ထိုင်းသတင်းတွေမှာ မနေ့က ဖော်ပြထားပါတယ်။
Read More

ဘန်ကောက် ဆန္ဒပြပွဲအနီး မြန်မာ ၇ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်မှာရှိတဲ့ အနုစာဝရီကျောက်တိုင် - Victory Monument မှာ ထိုင်းဝန်ကြီးချုပ် ပေတောင်တန်ရှင်နာဝပ် နုတ်ထွက်ရေး ဆန္ဒပြနေကြတဲ့ ဧရိယာ အနီးတတိုက်က မြန်မာနိုင်ငံသား ၇ ယောက်နဲ့ ကမ္ဘောဒီးယားနိုင်ငံသား ၁ ယောက်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးသွားတယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
Read More

ချင်းမိုင်တွင် တစ်လ ဘတ် ၁၂၀,၀၀၀ ဖြင့် ငှားရမ်းထားသည့် နေအိမ်အတွင်းမှ ကျားဖြန့်ဂိုဏ်းကို ထိုင်းရဲ ဝင်ဖမ်း၊ တရုတ် ၂၀ ဦး ဖမ်းမိပြီး ၁၀ ဦး ထွက်ပြေး

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့၊ မယ့်ရင်မှာ ထိုင်းရဲတပ်ဖွဲ့က အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်ဂိုဏ်း) တစ်ခုကို ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ရာ တရုတ်နိုင်ငံသား အယောက် ၂၀ ကို သက်သေခံပစ္စည်းတွေနဲ့တကွ ဖမ်းမိကြောင်း ထိုင်းသတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။