အမေရိကန်စစ်တပ်ဟာ အီရန်နိုင်ငံရှိ အဓိက နျူကလီးယားစက်ရုံသုံးခုဖြစ်တဲ့ ဖော်ဒေါ် (Fordow)၊ နေတန့်ဇ် (Natanz) နဲ့ အစ်ဖာဟန် (Isfahan) တို့ကို အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဒီနေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အစ္စရေးနဲ့ အီရန် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ၉ ရက်မြောက်နေ့မှာ အီရန်စံတော်ချိန် ဒီနေ့မနက် နှစ်နာရီခွဲ (မြန်မာစံတော်ချိန် မနက် ၅ နာရီခွဲ) မှာ အမေရိကန်က အီရန်နိုင်ငံရှိ နျူကလီးယားစက်ရုံတွေကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ နယူးယောက်တိုင်းမ်သတင်းဌာနက ဖော်ပြထားပါတယ်။

သမ္မတထရမ့်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ “အီရန်ရှိ နျူကလီးယားစက်ရုံသုံးခုဖြစ်တဲ့ ဖော်ဒေါ်၊ နေတန့်ဇ်နဲ့ အစ်ဖာဟန်တို့ကို အောင်မြင်စွာ တိုက်ခိုက်ပြီးပါပြီ။ အဓိကပစ်မှတ်ဖြစ်တဲ့ ဖော်ဒေါ်ကို ဗုံးအပြည့်အစုံ ကြဲချခဲ့ပါတယ်။ လေယာဉ်အားလုံး ဘေးကင်းစွာ ပြန်လည်ရောက်ရှိနေပါပြီ” လို့ ရေးသားထားပါတယ်။

(ဓာတ်ပုံ Carlos Barria/ Reuters)

အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင်အေဂျင်စီ (IAEA) ကတော့ အီရန်ရဲ့ ဖော်ဒေါ်စက်ရုံ တိုက်ခိုက်ခံရပြီးနောက် သိသိသာသာ ထိခိုက်ပျက်စီးခဲ့ကြောင်း အတည်ပြုခဲ့ပြီး အပြင်ပတ်ဝန်းကျင် ညစ်ညမ်းမှု ဖြစ်ပေါ်နိုင်ခြေမရှိဘူးလို့ ဆိုထားပါတယ်။

အမေရိကန်ကနေ အီရန်ကို တိုက်ရိုက်တိုက်ခိုက်မယ့် အစီအစဉ်အကြောင်း အစ္စရေးကို ကြိုတင်အသိပေးထားခဲ့သလို တိုက်ခိုက်မှုအတွင်း B-2 Spirit မဟာဗျူဟာမြောက် ကိုယ်ပျောက်ဗုံးကြဲလေယာဉ်တွေလည်း ပါဝင်တယ်လို့ အစ္စရေးအရာရှိတစ်ယောက်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး Axios သတင်းဌာနက သတင်းဖော်ပြထားပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုတွေ ပြုလုပ်ချိန်က နိုင်ငံရပ်ခြား စစ်ပွဲဆင်နွှဲတာတွေ ရပ်တန့်ပစ်မယ်လို့လည်း ကြွေးကြော်ခဲ့ဖူးပါတယ်။

အစ္စရေးနိုင်ငံ၊ Ramat Gan ရှိ ပျက်စီးနေသော အဆောက်အအုံတစ်ခု၏ ပြတင်းပေါက်များတွင် အစ္စရေးအလံကို အီရန်မှ ပစ်လွှတ်ပြီး နှစ်ရက်အကြာ စနေနေ့၊ ဇွန် ၂၁၊ ၂၀၂၅။ (ဓာတ်ပုံ Ohad Zwigenberg/ AP)
အီရန်၊ တီဟီရန်တွင် အစ္စရေးတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် မီးခိုးများ မြင့်တက်လာစဉ်​ (ဓာတ်ပုံ Reuters)
0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်အုပ်စု၏ ဝါဒဖြန့်အကောင့်များကို Facebook ၊ YouTube ၊ Twitch နှင့် MediaFire တို့မှ ဖယ်ရှား

အကြမ်းဖက်စစ်တပ် အသုံးပြုနေတဲ့ ဝါဒဖြန့် ဆိုရှယ်မီဒီယာ အကောင့်တွေကို သက်ဆိုင်ရာ နည်းပညာကုမ္ပဏီတွေက ဖယ်ရှားဖြုတ်ချလိုက်ကြောင်း သိရပါတယ်။
Read More

မြန်မာငလျင် ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပိုးဟပ်စက်ရုပ်တွေ စင်္ကာပူအသုံးပြု

လူပေါင်း ၃,၀၀၀ ကျော် သေဆုံးခဲ့တဲ့ မြန်မာ့ငလျင်ဘေးအတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေမှာ စင်္ကာပူက ပိုးဟပ်စက်ရုပ်တွေကို အသုံးပြုခဲ့တယ်လို့ The Straits TImes သတင်းမှာ ဖော်ပြပါတယ်။
Read More

တန်ဖိုးကြီး နာရီတွေ၊ အိတ်တွေအပါအဝင် ဒေါ်လာ သန်း ၄၀၀ ကျော်ကို ပိုင်ဆိုင်ကြောင်း ထိုင်းဝန်ကြီးချုပ် ကြေညာ

ထိုင်းဝန်ကြီးချုပ် ပတွန်တန်ရှင်နာဝပ်က သူမရဲ့ ပိုင်ဆိုင်မှုဟာ အမေရိကန် ဒေါ်လာ သန်း ၄၀၀ ကျော်ရှိကြောင်း သောကြာနေ့က ကြေညာခဲ့တယ်လို့ သူမရဲ့ပါတီကပြောပါတယ်။
Read More

ငလျင် အကူအညီများကို နိုင်ငံရေးအရ အမြတ်ထုတ်နေသည်ဟု ပြောဆိုမှုအပေါ် စစ်ကောင်စီ ကန့်ကွက်

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၅၈ ကြိမ်မြောက် အစည်းအဝေးအတွင်း လက်ရှိ မြန်မာ့ငလျင်ဘေးအတွက် ကူညီမှုတွေကို စစ်ကောင်စီဟာ နိုင်ငံရေးအရ အမြတ်ထုတ်နေတယ်ဆိုတဲ့ ပြောဆိုချက်တွေကို စစ်ကောင်စီက ငြင်းဆိုလိုက်ပါတယ်။
Read More

ကူညီကယ်ဆယ်ရေးများ လုပ်နိုင်ဖို့အတွက် ထိရောက်သည့် အပစ်ရပ်ရေးလုပ်ဆောင်ကြဖို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

လက်ရှိ မြန်မာပြည်မှာ ကြုံတွေ့နေရတဲ့ ငလျင်ဘေးအတွက် စင်္ကာပူအနေနဲ့ အကူအညီတွေ ပေးအပ်ထားကြောင်းနဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ ထိရောက်တဲ့ အပစ်အခတ်ရပ်စဲရေးတွေကို မျှော်လင့်ကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က မတ်လ ၃၀ ရက်မှာ ပြောပါတယ်။
Read More

မြန်မာပြည်၏ ကာလရှည်အကျပ်အတည်းကြောင့် နိုင်ငံဖြတ်ကျော်မှုခင်းများ ပိုဆိုးလာကြောင်း ထိုင်း ပြော

မြန်မာနိုင်ငံမှာ မတည်မငြိမ်ဆက်ဖြစ်နေမယ်ဆိုရင် နိုင်ငံဖြတ်ကျော်မှုခင်းတွေ ပိုမိုဆိုးရွားလာနိုင်တယ်လို့ ထိုင်းအရာရှိတစ်ယောက်က ပြောဆိုကြောင်း Free Malaysia Today သတင်းက မေလ ၂၆ ရက်မှာ ပြောပါတယ်။