ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းခရိုင်၊ မိုင်းယု(၁၀၅) မိုင်မှာ တအာင်းတပ်မတော်(TNLA) ၊ ကိုးကန့်တပ်မတော် (MNDAA)နဲ့ အာရက္ခတပ်တော် (AA) တို့ပါဝင်တဲ့ ညီနောင်မဟာမိတ် (၃) ဖွဲ့က သက်တမ်းကုန်နေတဲ့ စားသောက်ကုန်နဲ့ ဆေးဝါးပစ္စည်းတွေကို စစ်ဆေးမှုပြုလုပ်ခဲ့တယ်လို့ TNLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မေလ (၂၆)ရက်က မိုင်းယု (၁၀၅)မိုင်အတွင်းရှိ ဆေးခန်းတွေနဲ့ ကုန်စုံဆိုင်တွေကို လိုက်လံစစ်ဆေးခဲ့ရာ သက်တမ်းကုန်နေတဲ့ ပစ္စည်းတွေ စစ်ဆေးတွေ့ရှိခဲ့ပြီး သိမ်းဆည်းကာ ဇွန်လ (၂၀)ရက်မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

သက်တမ်းကုန် အစားအသောက်တွေနဲ့ ဆေးဝါးတွေ တွေ့ရှိခဲ့ရတဲ့ ဆိုင်တွေအနေနဲ့ နောက်နောင် အဆိုပါလုပ်ရပ်မျိုး လုပ်ဆောင်ရင် အရေးယူသွားမယ်လို့ သတိပေးခဲ့ကြောင်း TNLA က ဆိုပါတယ်။

အခုလိုစစ်ဆေးမှုပြုလုပ်ရတာဟာ ပြည်သူလူထုအနေနဲ့ သက်တမ်းကုန်ဆုံးနေတဲ့ ဆေးဝါးနဲ့ စားသောက် ကုန်ပစ္စည်းတွေ မဝယ်မိစေဖို့ ဖြစ်ပြီး ရောင်းသူတွေကိုလည်း ပြည်သူလူထုရဲ့ ကျန်းမာရေးကို အလေးထားကာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်ကုန်တွေကိုသာ ရောင်းချရမယ်လို့ အသိပေးခဲ့တယ်လို့ ဆိုပါတယ်။

ဆေးဆိုင်နဲ့ စားသောက်ကုန်ရောင်းချတဲ့ ဆိုင်တွေအနေနဲ့လည်း သက်တမ်းကုန်နေတဲ့ ပစ္စည်းတွေကို ထပ်မံတင်သွင်းရောင်းချရင် အဆိုပါပစ္စည်းတွေရဲ့ တန်ဖိုးအတိုင်း ပြန်လျော်ပေးရမယ်လို့ TNLA က အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မြိုင်မှာ အကြမ်းဖက်စစ်ကြောင်းကြောင့် မြို့အနောက်တောင်ပိုင်းဇုန်က ရွာ ၁၀ရွာ ထက်မနည်း တိမ်းရှောင်နေရ၊ အရေးပေါ်လိုအပ်ချက်တွေ မြင့်တက်နေ

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် မြို့အနောက်တောင်ပိုင်းတကြောက ကျေးရွာတွေမှာအရပ်သားတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
Read More

ပွင့်ဖြူနဲ့ စေတုတ္တရာ အစပ်က ရွာတွေကို စစ်အုပ်စုက အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းဝင် မီးရှို့ လူသတ်ခဲ့၊ ပြည်သူ ၅ထောင်နီးပါး ထွက်ပြေးနေရ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူ နဲ့ စေတုတ္တရာအစပ်က ကျေးရွာတွေမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ကြောင်းဝင်ရောက်မှုကြောင့် အရပ်သားနေအိမ်တွေ မီးရှို့ဖျက်ဆီးခံရပြီး ထောင်နဲ့ချီတဲ့ ဒေသခံတွေ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ မင်းဘူးခရိုင် အမှတ် ၄တပ်ရင်းက မောင်းကိုပြောပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည်က လူထုသဘောထားနှင့် သွေဖီသည့်လုပ်ရပ်များ မလုပ်ခဲ့သလို NUG လည်း လုပ်ဆောင်မှာမဟုတ်ဘူးလို့ ကတိပြုကြောင်း ယာယီသမ္မတ ပြောကြား

"ဒေါ်အောင်ဆန်းစုကြည် အကျဉ်းကျခံမှုကနေ လွတ်မြောက်ဖို့အတွက်၊ သားဖြစ်သူ "Kim" ကိုယ်တိုင်၊ ပြည်သူနဲ့အတူ လူထုလှုပ်ရှားမှုမှာ ဖိဖိစီးစီးပါဝင်နေတာကို တွေ့ရလို့လည်း ဝမ်းသာပီတိဖြစ်မိပါတယ်။ "Kim" ဟာ သူ့မိခင် အသက် (၈၀) ပြည့်အချိန်အထိ၊ အကျဉ်းကျခံနေရလိမ့်မယ်လို့ မျှော်လင့်ထားမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် နိုင်ငံရေးလောကဓံတွေကို ကြံ့ကြံ့ခံဖြတ်သန်းနေတဲ့ မိခင်ဖြစ်သူအတွက် သားဖြစ်သူ "Kim" ဟာ လေးစား ဂုဏ်ယူနေမှာ အသေအချာဖြစ်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သားဖြစ်သူ "ကင်ရဲ့ မိခင်" ဖြစ်သလို၊ မြန်မာနိုင်ငံရဲ့ တိုင်းပြုပြည်ပြုမိခင် တစ်ယောက်ဖြစ်တယ်လို့လည်း ကျွန်တော်တို့ အသိအမှတ်ပြုရမှာဖြစ်ပါတယ်။ " လို့ ယာယီသမ္မတက ဆိုပါတယ်။
Read More

အညာဒေသအခြေစိုက် Rocket Fighter တပ်ဖွဲ့၏ ခဲယမ်းသိုလှောင်စခန်း မီးလောင်ပျက်စီးမှု ကျပ်သိန်း ၅၀၀ ခန့် တန်ဖိုးရှိ ခဲယမ်းများ ပျက်စီးဆုံးရှုံးခဲ့

အညာဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ် တစ်ခုဖြစ်တဲ့ Rocket Fighter တပ်ဖွဲ့ရဲ့ ခဲယမ်းသိုလှောင်စခန်း မီးလောင်မှုဖြစ်ပွားကာ ကျပ်သိန်း ၅၀၀ ခန့် တန်ဖိုးရှိ ခဲယမ်းတွေ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

Air Cargo ဖြင့် ကုန်စည်တင်သွင်းမှု စစ်ကော်မရှင် တင်းကြပ်ထားတာကြောင့် လုပ်ငန်းတချို့ ယာယီရပ်နားရ

အာဏာသိမ်း စစ်ကော်မရှင်ဟာ နယ်စပ်နဲ့ ရေကြောင်းကနေ ကုန်စည်တင်သွင်းမှုတွေကို ထိန်းချုပ်ကန့်သတ်ထားပြီးနောက် လေကြောင်းကနေ ကုန်စည်တင်သွင်းလာမှုကိုပါ ပိတ်ပင်ကန့်သတ်လာပါတယ်။
Read More

ယောကာကွယ်ရေးတပ်က ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် စိုးမိုးနယ်မြေအတွင်း ချောင်းကူးလမ်းလွှဲတံတား ဆောက်လုပ်ပေးခဲ့

ယောဒေသ မြောက်ပိုင်းရှိ ကျေးရွာ (၁၀) ရွာခန့်က ပြည်သူတွေ အဓိကထား အသုံးပြုနေရတဲ့ ချောင်းကူးတံတားမှာ ထက်ပိုင်းကျိုးလုနီးပါး ဖြစ်နေပြီး ယာဥ်တွေ ဖြတ်သန်းမောင်းနှင်ရာမှာ အန္တရာယ် ရှိလာနိုင်တဲ့အတွက် အခွန်ဂိတ်တွေက ရရှိတဲ့ ဘဏ္ဍာငွေတွေထဲက ဒေသဖွံဖြိုးရေးအတွက် အချိုးကျ အသုံးပြုကာ လမ်းလွှဲတံတား တည်ဆောက်ခဲ့တယ်လို့ ယောဒေသ အခြေစိုက် ယောကာကွယ်ရေးတပ် - YDF က ဒီနေ့ ထုတ်ပြန်ပါတယ်။