မန္တလေးတိုင်း၊ မလှိုင်မြို့ပေါ်ရှိ စားသောက်ဆိုင်မှာ မူးယစ်သောက်စားနေတဲ့ စစ်ကောင်စီတပ်သားကို လက်နက်နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ Taung Tha People Defense Force (တောင်သာ ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇွန်လ ၂၂ ရက် ဒီနေ့မနက်ပိုင်းမှာ လက်နက်နဲ့အတူ အင်္ကျီအရပ်ဝတ်၊ အောက်ခံယူနီဖောင်းဝတ်နဲ့ မလှိုင်မြို့ပေါ်ရှိ စားသောက်ဆိုင်တစ်ဆိုင်မှာ စစ်ကောင်စီတပ်သားတစ်ယောက် မူးယစ်သောက်စားနေတယ်လို့ သတင်းရရှိတာကြောင့် သွားရောက်ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲမေတွေ ဦးဆောင်တဲ့အဖွဲ့ဟာ ပျောက်ကြားအသွင် စောင့်ဆိုင်းနေချိန် အဆိုပါစစ်ကောင်စီတပ်သားက အရက်မူးပြီး ကွမ်းယာဝယ်ထွက်လာရာ လက်ရဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်သားဟာ မိတ္ထီလာ အမှတ် (၁) တပ်မတော်အကြီးစားစက်ရုံက တပ်ကြပ်ကြီး အောင်ဝင်းကို ဖြစ်ပြီး သူနဲ့အတူ MA1 အမျိုးအစား လက်နက် (၁) လက် ၊ ၅.၅၆ကျည် (၂၅၀)တောင့်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ချင်းပြည်နယ်မှာ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီစစ်ကြောင်းမှ စစ်မှုထမ်းဆင်း စစ်သား ၁၁ ဦး သေနတ် ၈ လက်၊ ခဲယမ်းများနှင့် အလင်းဝင်လာ

ချင်းပြည်နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်မှုထမ်းသင်တန်းဆင်း စစ်သား ၁၁ ယောက်က သေနတ် ၈ လက်နဲ့ အလင်းဝင်ရောက်လာခဲ့တယ်လို့ ကလေးမြို့ပြပြောက်ကျား UG အဖွဲ့ဆီက သိရပါတယ်။
Read More

ဆားလင်းကြီးနယ်တွင် အကြမ်းဖက် စစ်ကော်မရှင် စက်တပ်လေထီးဖြင့် ပစ်ခတ်လို့ ၁ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို အကြမ်းဖက် စစ်ကော်မရှင်တပ်က စက်တပ်လေထီးနဲ့ လာရောက်ပစ်ခတ်ခဲ့တာကြောင့် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

စစ်ကောင်စီလက်အောက်ခံ BGF တပ် အခြေခံစစ်ပညာသင်တန်း ပြုလုပ်

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ကရင်အမျိုးသားတပ်မတော် (KNA) လို့ နာမည်ပြောင်းထားတဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) က အမှတ်စဉ် (၁၅) အခြေခံစစ်ပညာသင်တန်းဖွင့်ပွဲကို ဖေဖော်ဝါရီ ၂၅ ရက် မနေ့က BGF ထိန်းချုပ်နယ်မြေ ရွှေကုက္ကိုလ်မြို့သစ်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

လောင်းလုံးမှာ အကြမ်းဖက်စစ်တပ်က အရပ်သားလူငယ် ၂ ယောက်ကို PDF အဖြစ် စွပ်စွဲဖမ်းဆီးပြီး ရက်စက်စွာ လည်လှီးသတ်ခဲ့၊ စစ်တပ်စစ်ကြောင်းဝင်ရောက်မှုကြောင့် တခြားအရပ်သား ၃ ယောက်လည်း သေဆုံးခဲ့ရ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက လူငယ် ၂ ယောက်ကို PDF အဖြစ် ဖမ်းဆီးစွပ်စွဲကာ ရက်ရက်စက်စက် လည်လှီးသတ်ဖြတ်ခဲ့ကြောင်း သိရပါတယ်။
Read More

လက်ရုံးတပ်များ တဖြည်းဖြည်း ပြုတ်ကျလာနေသည့် စစ်ကောင်စီ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်က စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ အမှတ် ၂ လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာတပ် (စလစ ၂) နဲ့ အမတ (၃၆၆) တို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်ပြီလို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

နောင်ချို စည်ပင်ရုံးနဲ့ ထွေအုပ်ရုံးအနီးကို စစ်တပ် လေယာဉ်ဗုံးကြဲ၊ ပြည်သူ ၁ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် TNLA သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့နယ် စည်ပင်ရုံးနဲ့ အထွေထွေအုပ်ချုပ်ရေးရုံးအနီးကို အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲရာ ပြည်သူ ၁ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။