လျှပ်စစ်ဓာတ်အား လုံလောက်စွာ မပေးနိုင်တော့တဲ့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဆိုလာပြားတွေ ပြည်တွင်းမှာ လုံလောက်စွာ ထုတ်လုပ်နိုင်ဖို့နဲ့ ထုတ်လုပ်မှုတိုးတက်ရေးအတွက် စစ်ကောင်စီ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနဲ့ စက်မှုဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သွားဖို့ ဇွန်လ ၂၁ ရက် မနေ့က ပြောဆိုလိုက်ပါတယ်။

ရန်ကုန်တိုင်းအတွင်းရှိ စက်ရုံအလုပ်ရုံတွေ ကုန်ထုတ်လုပ်မှုတိုးမြှင့်ရေးဆောင်ရွက်နေမှုကို သွား ရောက်ကြည့်ရှုရင်း စက်ရုံအလုပ်ရုံလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံချိန်မှာ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဆိုလာပြားထုတ်လုပ်ရာမှာ လိုအပ်တဲ့ ကုန်ကြမ်းတွေကိုလည်း ထုတ်လုပ်နိုင်ဖို့ လိုအပ်သလို ဆီလီကွန်လို ကုန်ကြမ်းတွေကိုပါ ပြည်တွင်းမှာ ထုတ်လုပ်နိုင်အောင် နည်းလမ်းရှာဖွေသွားဖို့ အကြမ်းဖက်မင်းအောင်လှိုင်က ပြောဆိုထားပါတယ်။

နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်တာတွေအတွက်လည်း ငွေကြေးတတ်နိုင်တဲ့ လုပ်ငန်းရှင်တွေ ရင်းနှီးမြှုပ်နှံအောင် မက်လုံးပေးသွားမယ်လို့လည်း မင်းအောင်လှိုင်က ပြောဆိုထားပါတယ်။

ဆိုလာကနေ လျှပ်စစ်ဓာတ်အား ထုတ်လုပ်တဲ့လုပ်ငန်းဟာ နိုင်ငံအတွက် များစွာအကျိုးရှိစေမယ့် လုပ်ငန်းဖြစ်တာကြောင့် ဝန်ကြီးဌာနအနေနဲ့လည်း အိမ်သုံး၊ စက်ရုံသုံးအထိ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်တာကို ကြိုးပမ်းဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။

တကယ့်လက်တွေ့မှာတော့ အကြမ်းဖက်စစ်ခေါင်းဆောင်ရဲ့ သားနဲ့ သမီးကသာ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနဲ့ ပြည်ပနိုင်ငံတွေဆီကနေ ဆိုလာနဲ့ ဆက်စပ်ပစ္စည်းတင်သွင်းမှုတွေကို လုပ်ပိုင်ခွင့်ရရှိထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေဟာ ပြည်တွင်းလျှပ်စစ်ဓာတ်အား ထုတ်လုပ်သုံးစွဲဖြန့်ဖြူးမှု လုံလောက်ရေးကို အဓိကထား မလုပ်ဆောင်ဘဲ ကိုယ်ကျိုးစီးပွားအတွက်သာ ပြည်ပကို လျှပ်စစ်ဓာတ်အား တင်ပို့ရောင်းချမှုတွေ ပြုလုပ်နေခဲ့တာ ဖြစ်ပါတယ်။

(ဓာတ်ပုံ စကစ ပြန်ကြားရေးဝန်းကြီး)

0 Shares:
You May Also Like
Read More

ရသေ့တောင်မြို့နယ်တွင် စစ်တပ် ဗုံးကြဲမှုကြောင့် ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်ကို အကြမ်းဖက်စစ်အုပ်စုက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁ယောက် သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ရန်ကုန်တိုင်း စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားသည့် မြို့များတွင် လူငယ်များ ပေါ်တာဆွဲဖမ်းဆီးခံရမှု ဆက်တိုက်ဆိုသလိုရှိနေ

ရန်ကုန်တိုင်းအတွင်းက စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ထားရာ မြို့နယ်နဲ့ ဆက်စပ်မြို့နယ်တွေမှာ စစ်မှုထမ်းအတွက် ပေါ်တာဆွဲခံရမှု အခြေအနေ ပိုမိုဆိုးရွားလာပြီး စစ်အုပ်စုလက်ပါးစေ ပျူစောထီးတွေက ဦးဆောင်လုပ်ကိုင်နေတယ်လို့ Rangoon Scout Network တာဝန်ရှိသူ မောင်းကို ပြောပါတယ်။
Read More

ပွင့်ဖြူမှာ စစ်ရှောင်ကျေးရွာများထဲမှ အရပ်သားပိုင်ပစ္စည်းနှင့် အိမ်မွေးတိရစ္ဆာန်များကို စစ်အုပ်စု ခိုးယူသယ်ဆောင်

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ အကြမ်းဖက်စစ်ကြောင်းကြောင့် တိမ်းရှောင်နေရတဲ့ ကျေးရွာတွေထဲကို ပျူစောထီးနဲ့ စစ်အုပ်စုတွေက ဝင်ရောက်စီးနင်းရင်း အရပ်သားပိုင်ပစ္စည်းတွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေကို ခိုးယူသယ်ဆောင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။
Read More

ရွှေဘို-မန္တလေးလမ်းပိုင်းရှိ စစ်အုပ်စုတပ်စွဲရာ ရွာကို ပကဖတပ်များ ဝင်ရောက်တိုက်ခိုက်၊ စစ်အုပ်စု ၄ ဦး သေပြီး ပကဖတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘို-မန္တလေးလမ်းပိုင်းမှာ စစ်အုပ်စုအထိုင်ချနေရာကို ဝင်ရောက်တိုက်ခိုက်ရင်း နှစ်ဖက်တိုက်ပွဲဖြစ်ပွားရာ စစ်အုပ်စုဘက်က ၄ ယောက်ထက်မနည်း သေဆုံးပြီး ပကဖတပ်ဖွဲ့ဝင် ၁ ယောက် ကျဆုံးခဲ့တယ်လို့ ကြောင်ရိုင်း-ရွှေဘို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဘဏ္ဍာရှာဖွေရေးတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ဒီရက်ပိုင်းအတွင်း တရုတ်သွားမယ်ဟု ဆို

စစ်ကောင်စီကို ရာနှုန်းပြည့် ထောက်ခံအားပေးနေတဲ့ တရုတ်နိုင်ငံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က အခုရက်ပိုင်းအတွင်း သွားရောက်မယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။ 
Read More

ရန်ကုန် PDF တပ်ရင်း ၅၁၀၂ တွင် တာဝန်ထမ်းဆောင်ခဲ့သည့် အသက် ၂၇ နှစ်အရွယ် ရဲဘော် ပူတင်း ကျဆုံး 

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တပ်ရင်း ၅၁၀၂ မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ရဲဘော်ပူတင်းဟာ စက်တင်ဘာ ၃ ရက်မှာ ကျဆုံးခဲ့တယ်လို့ ရန်ကုန်တပ်ရင်း ၅၁၀၂ က မနေ့က ထုတ်ပြန်ပါတယ်။