ပဲခူးတိုင်း၊ တောင်ငူ၊ ပြည် နဲ့ သာယာဝတီခရိုင်အတွင်းက မြို့နယ်တွေမှာ အကြမ်းဖက်စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား ထိတွေ့မှုတွေ ဆက်တိုက်ဆိုသလို ရှိလာနေပြီး စစ်ကောင်စီက အင်အားသုံးစစ်ကြောင်း ထိုးနေတယ်လို့ သိရပါတယ်။

ဇွန်လအတွင်း တောင်ငူခရိုင်ရှိ ထန်းတပင်နဲ့ တောင်ငူမြို့နယ်၊ သာယာဝတီခရိုင်အတွင်းက မင်းလှ၊ အုတ်ဖို၊ ကြို့ပင်ကောက်နဲ့ ပြည်ခရိုင် ပေါင်းတည်မြို့နယ်တွေမှာ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲတွေ ပြင်းထန်ခဲ့တာ ဖြစ်ပါတယ်။

စစ်တပ် တပ်ရင်းတွေဆီ ပို့ဆောင်မယ့် ရိက္ခာပို့ အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်တာ၊ ဂိတ်စခန်းတွေကို ဝင်ပစ်တာ၊ စစ်ကြောင်းထိုးစစ်တပ်နဲ့ ခုခံစစ်ဖြစ်ခဲ့တာတွေမှာ စစ်ကောင်စီဘက်က သေဆုံးသူများခဲ့သလို တော်လှန်ရေးတပ်တွေဘက်ကလည်း ထိခိုက်မှုတွေရှိခဲ့တယ်လို့သိရပါတယ်။

ဇွန်လ ၁ရက်နေ့က သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်အရှေ့ဘက် ပိတောက်မြိုင်ရွာမှာ စစ်မှုထမ်းပေါ်တာဝင်ဆွဲတဲ့ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၆ယောက်သေကာ ထိခိုက်မှုတွေနဲ့ ပြန်ဆုတ်သွားကြောင်း ကြို့ပင်ကောက်အခြေစိုက် BTZM GBK PDF ရဲ့တာဝန်ခံ ဗိုလ်တေဇမင်းက မောင်းကို ပြောပါတယ်။

ဒါ့အပြင် ဇွန်လ ၃ရက်နေ့ကလည်း ပြည်ခရိုင် ပေါင်းတည်မြို့နယ်မှာ ရွာစဥ်လှည့်မီးလိုက်ရှို့နေတဲ့ အကြမ်းဖက်စစ်ကြောင်းကို ပြည်ခရိုင်အခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်ရင်းတပ်ဖွဲ့တွေက ညောင်နီပင်ရွာအုပ်စု၊ ညောင်နီပင်ရွာနဲ့ မအူကွင်းရွာကြားမှာ စောင့်ကြိုတိုက်ခိုက်ရင်း လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

Paungde PDF 3601 တပ်ရင်းရဲ့ ထုတ်ပြန်ချက်အရ အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၁ယောက်သေပြီး ၈ယောက်ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ၊ ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်း၊ MA 1 ၊ MA 3 ၊ MA3 သေနတ်တွေနဲ့အတူ ခဲယမ်းကျည်ဆံတွေပါ သိမ်းဆည်းရှိခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်သားတွေဆီက WY စိတ်ကြွရူးသွပ်ဆေးပြားတွေကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုထားပါတယ်။

အဲ့ဒီနောက်ပိုင်း စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်တာတွေအပြင် တောင်ငူလေတပ်နဲ့ ပြည်မြို့ဘက်ကနေ ဂျက်ဖိုက်တာတွေသုံးပြီး ဗုံးကြဲတာ၊ စက်တပ်လေထီး ဗုံးကြဲတာတွေလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ ၁၆ရက်နေ့ကလည်း ပေါင်းတည်မြို့နယ်ထဲက နွားသိုးရွာနဲ့ နွေးတောင်ရွာကြားမှာ အရပ်သားတွေကို ဓားစာခံလုပ်လာတဲ့စစ်ကြောင်းကို Paungde PDF 3601 တပ်ရင်းနဲ့ မဟာမိတ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

အလားတူဇွန်လ ၁၂ရက်နေ့ကလည်း တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ စစ်တောင်းမြစ်ကူး မြို့စိုးတံတားကို စစ်ကြောင်း၃ခုခွဲပြီး တက်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တောင်ပိုင်းတိုင်း၊ အမှတ် ၂ စစ်ဒေသခွဲ၊ ဗျူဟာ ၂၃တပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ပါတယ်။

စစ်အုပ်စုတွေဟာ အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့ကနေ ကိုးတိုင်ရွာကို စစ်ကြောင်း၁ကြောင်း၊ ထန်းတပင်မြို့နယ် ထန်းတပင်တံတားကနေ ကိုးတိုင်ရွာကို ၁ကြောင်းနဲ့ ဇရပ်ကြီးမြို့ကနေ ရေကြည်ရွာကို ၁ကြောင်း၊ အသီးသီးစစ်ကြောင်းထိုးဝင်ရောက်ခဲ့ရာမှာ တော်လှန်ရေးတပ်တွေနဲ့ ၅ရက်ကြာထိတွေ့မှုဖြစ်ခဲ့တယ်လို့ အုတ်တွင်းပကဖ က ပြောပါတယ်။ အဲ့ဒီတိုက်ပွဲတွေထဲ အကြမ်းဖက်စစ်ကြောင်းက အယောက် ၄၀ ကျော် ထိခိုက်သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

တောင်ငူခရိုင်အတွင်းက တောင်ငူ-လိပ်သိုလမ်းပိုင်းမှာလည်း ခမရ ၆၀၃ တပ်ရင်းကို ရိက္ခာပို့ဖို့တက်တဲ့ အကြမ်းဖက်စစ်ကားတွေကို KNU လက်အောက်ခံတပ်ရင်းတွေနဲ့ PDF ပူးပေါင်းတပ်တွေက ဇွန်လမတိုင်ခင်ကတည်းက မကြာခဏဆိုသလို ကြားဖြတ်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ဇွန်လ ၁၃နဲ့ ၁၄ရက်နေ့တွေမှာ ကွန်မန်ဒို၊ တပ်မ ၄၄၊ တပ်မ ၆၆နဲ့တပ်မ ၇၇တို့က တပ်သားတွေပါဝင်တဲ့ အကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက တောင်ငူ-လိပ်သိုလမ်းပိုင်း၊ ကွမ်းပင်ရွာအုပ်စု၊ မွန်ကုန်းနဲ့ ထုံးဘိုကြီးရွာတွေမှာ ခုခံတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လ ၁၇ရက်နေ့ မနက်အစောပိုင်းကလည်း လိပ်သိုအခြေစိုက် ခမရ ၆၀၃တပ်ရင်းဆီ ရိက္ခာသွားပို့ပြီး ပြန်ဆင်းလာတဲ့ စစ်ကောင်စီကားတွေကို ထုံးဘိုကြီးရွာအထွက်နဲ့ ထိုးဝါးချောင်းကျေးရွာအရောက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက အသင့်စောင့်ကြိုတိုက်ခိုက်ရာမှာ စစ်ကား၁စီး တိမ်းမှောက်သွားခဲ့တယ်လို့သိရပါတယ်။

အဲ့ဒီနောက် ထိုးဝါးချောင်းရွာအတွင်းက စစ်ကောင်စီတပ်သားတွေနဲ့ပါ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး အထိနာသွားတဲ့ စစ်ကောင်စီတပ်တွေက ရွာအတွင်းရှိတဲ့ RC ဘုရားကျောင်းနဲ့ နေအိမ်တချို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကမ်းနီကြားဒေသကာကွယ်ရေးတပ် တာဝန်ရှိသူက မောင်းကို ပြောခဲ့ပါတယ်။

ဒါ့အပြင် လက်ရှိမှာလည်း အကြမ်းဖက်စစ်ကောင်စီတပ်ဟာ သာယာဝတီခရိုင်အတွင်းက မင်းလှနဲ့ အုတ်ဖိုမြို့နယ်တွေကို အင်အားအလုံးအရင်းသုံး စစ်ကြောင်းထိုးဝင်ရောက်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၆ရက်နေ့ကစလို့ မင်းလှမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့မှုတွေရှိနေတာဖြစ်ပြီး ရန်ကုန် ပြည်လမ်းပိုင်းက စစ်ကွင်းတာဆုံကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက သွားရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။

အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ ဒုတိယဗိုလ်မှူးကြီး ဇော်မျိုးဝင်း အပါအဝင် အရာရှိနဲ့ တပ်သား ၂၀ ကျော် ထိခိုက်သေဆုံးခဲ့ကြောင်း သိရပါတယ်။

0 Shares:
You May Also Like
Read More

ရန်ကုန်-မန္တလေး အမှတ် (၁) လမ်းပိုင်းနှင့် ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ ကာကင်းစခန်းများ တိုက်ခိုက်ခံရ၊ အကြမ်းဖက်စစ် တပ်ဘက်က ၈ ဦး သေဆုံး ၊ ၂ ဦး ဒဏ်ရာ ပြင်းထန်

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်နဲ့ ရန်ကုန်-မန္တလေး အမှတ် (၁) လမ်းပိုင်းက အကြမ်းဖက် ကာကင်းစခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ယောက် သေဆုံးပြီး သေနတ် ၃ လက်နဲ့ ခဲယမ်းတွေသိမ်းဆည်း ရမိခဲ့တယ်လို့ သရက်ခရိုင်ကွပ်ကဲရေးရုံးက ထုတ်ပြန်ပါတယ်။
Read More

ပေါက်နဲ့ မြိုင်အစပ်က ရွာသစ်စုရွာကို စစ်တပ်က ပေါင် ၅၀၀ ဗုံးကြဲချလို့ အရပ်သား၂ ယောက်ထိပြီး ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေ ပျက်စီး

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်နဲ့ မြိုင်မြို့နယ်အစပ်မှာရှိတဲ့ ရွာသစ်စုကျေးရွာကို အကြမ်းဖက်စစ်တပ်က ပေါင် ၅၀၀ ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား၂ ယောက် ထိခိုက်ဒဏ်ရာရပြီး နေအိမ်တွေနဲ့ ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
Read More

တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တော်လှန်ရေးအဖွဲ့တွေကြောင့် ပြည်သူတွေ လုံခြုံမှုမရှိတော့ဘူးလို့ မင်းအောင်လှိုင် ပြော

စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတဲ့ မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်တွေ ကြောင့် ပြည်သူတွေဟာ လုံခြုံမှုနဲ့ တည်ငြိမ်မှု လုံး၀မရှိတော့ဘူးလို့ ပြောကြားလိုက်ပါတယ်။
Read More

အသက် ၁၈ နှစ်အရွယ် ကလေးအမေကို အကြမ်းဖက်စစ်သား ၃ ဦး အုပ်စုဖွဲ့ အဓမ္မပြုကျင့်ကာ ဓားဖြင့် ၆ ချက် ထိုးသတ်ခဲ့

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မှာ စစ်ကြောင်းဝင် အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေက အသက် ၁၈ နှစ်အရွယ် အမျိုးသမီးငယ် ၁ ယောက်ကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ပြီး ဓားနဲ့ ၆ ချက် မသေမချင်း ထိုးသတ်ထားခဲ့တယ်လို့ Thawthikho တပ်ဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဝက်လက်မြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသည့် ရဲစခန်း၊ ထွေအုပ်ရုံး၊ ကင်းစခန်းနှင့် မီးသတ်ရုံးတို့ကို ဒရုန်းတွေနဲ့ တစ်ပြိုင်နက်တည်း ဗုံးကြဲတိုက်ခိုက်…

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ပေါ်ရှိ စစ်ကောင်စီတပ် အထိုင်ချ တပ်စွဲထားတဲ့ ရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးရုံး၊ ကင်း စခန်းနဲ့ မီးသတ်ရုံးတို့ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ People's Servant Revolution - Wetlet က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

မိုင်းလုံမြို့နယ် မန်ဟုန်းကျေးရွာကို စစ်တပ် လေကြောင်းတိုက်ခိုက်လို့ ကလေး ၃ ဦးအပါ ၁၃ ဦး သေဆုံးခဲ့

တအာင်းတပ်မတော် TNLA ထိန်းချုပ်ရာ မိုင်းလုံမြို့နယ်ကို အကြမ်းဖက်စစ်တပ်က အောက်တိုဘာ ၇ ရက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ပျက်စီးသွားတဲ့ မြင်ကွင်းတွေကို TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။