စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ကန်ဒေါင့်ရဲစခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA ရဲ့ ဦးဆောင်မှုနဲ့ မဟာမိတ်တပ်ပေါင်းစုက ဇွန်လ ၁၉ ရက် မနက် ၆ နာရီ မိနစ် ၄၀ မိနစ်အချိန်မှာ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) က ဒီနေ့မှာ တရားဝင်ထုတ်ပြန်ပါတယ်။

ကန်ဒေါင့်ရဲစခန်းကို PLA ရဲ့ ဦးဆောင်မှုနဲ့ မဟာမိတ်ပူးပေါင်းတပ်က ဇွန်လ ၂ ရက်မှာ စတင်ထိုးစစ်ဆင်ခဲ့ပြီး ရက်သတ္တပတ် နှစ်ပတ်ကျော်အကြာ ဇွန်လ ၁၉ ရက်မှာ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ကန်ဒေါင့်ရဲစခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တိုက်ခိုက်သိမ်းပိုက်ရာမှာ ABSDF ကျောင်းသားတပ်မတော် စစ်ကြောင်း၃၊ အမှတ် (၁၄)တပ်ရင်းက ရဲဘော်တွေဟာ စစ်ကူနဲ့ ရိက္ခာ ဖြတ်တောက်ရေးမှာ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ပွဲအတွင်း ကျောင်းသားတပ်မတော် စစ်ကြောင်း ၃၊ အမှတ် (၁၄)တပ်ရင်က ရဲဘော်(၃) ယောက်ဟာ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် အသက်ပေးလှူသွားခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါစခန်းသိမ်းတိုက်ပွဲကို PLA ဦးဆောင်မှုနဲ့ ပြည်သူ့ညီညွတ်‌ရေးတပ်ဦး (PUF)၊ ယင်းမာပင်ခရိုင် အမှတ် ၁၁ တပ်ရင်း (ကျားသစ်နက်တပ်မတော်)၊ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (𝗕𝗟𝗗𝗙)၊ ဒေါင်းနက် နယ်စည်းမခြား ပြောက်ကျားတပ်ဖွဲ့၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) နဲ့ အညာမြေတပ်ပေါင်းစုတို့ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီ လက်အောက်ခံ SNA တပ်နှင့် KIA ပူးပေါင်းတပ်များ ထိတွေ့မှုဖြစ်၊ ထိခိုက်သေဆုံးမှုများရှိသည့် SNA တပ်က ရွာသား ၃၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွား

ဗန်းမောက်နဲ့ ကချင်ပြည်နယ်အစပ်ရှိ ခေါင်းတုန်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီလက်အောက်ခံ ရှမ်းနီအမျိုးသားများတပ်မတော် SNA နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ပူးပေါင်းတပ်တို့ ထိတွေ့မှုဖြစ်ပွားခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူထံက သိရပါတယ်။
Read More

ပြည်သူ လက်မခံသည့် ရွေးကောက်ပွဲအတုအတွက် မဲဆွယ်စည်းရုံးရေးကာလ သတ်မှတ်

အာဏာသိမ်းစစ်ကော်မရှင်က နိုင်ငံရေးထွက်ပေါက်အဖြစ် ကျင်းပဖို့ ကြံစည်ထားတဲ့ ရွေးကောက်ပွဲမှာ ပါဝင်ယှဥ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေအတွက် မဲဆွယ်စည်းရုံးခွင့်ကာလ ရက်ပေါင်း ၆၀ ကို စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Read More

ပေါက်မှာ စစ်အုပ်စုတွေ ရက်ဆက် မိုင်းမိပြီး ၁၅ ယောက် ထက်မနည်း သေ

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်ကြောင်းဝင်နေတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ပြည်သူ့စစ်တွေကို မိုင်းခွဲတိုက်ခိုက်ရာ ၁၅ယောက်ထက်မနည်း သေဆုံးခဲ့ကြောင်း ဆိပ်ဖြူပြောက်ကျား တစ်ကိုယ်တော် ကျားဆိုးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ရွှေဘိုတွင် ရွေးကောက်ပွဲအတု လက်မခံကြောင်း လက်ဗွေနှိပ် ဆန္ဒပြ

အာဏာသိမ်းစစ်တပ် နိုင်ငံရေးထွက်ပေါက်တစ်ခုအနေနဲ့ ဟန်ပြကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲကို လက်မခံ ဆန့်ကျင်ကြောင်း လက်ဗွေနှိပ် ဆန္ဒပြတဲ့ လှုပ်ရှားမှုတစ်ခုကို စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကျောက်မဲမြို့နယ်၊ ပန်ပေါင်းကျေးရွာတွင် စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်တစ်လုံး ထိမှန်ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျောက်မဲမြို့နယ်၊ ပန်ပေါင်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းနဲ့  လာရောက်ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူနေအိမ်တစ်လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မိုင်းလုံမြို့နယ် မန်စန်းကျေးရွာတွင် စစ်အုပ်စု လေကြောင်းဗုံးကြဲတိုက်ခိုက်၊ ကလေးငယ်အပါ ၂ ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် (PSLF/TNLA) ထိန်းချုပ်ထားတဲ့ မိုင်းလုံမြို့နယ်၊ တော့ဆန်ကျေးရွာအုပ်စု၊ မန်စန်းကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့စည်းက ဒီနေ့ ထုတ်ပြန်ပါတယ်။