အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ Time Square ရင်ပြင်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၀) ပြည့် မွေးနေ့ဆုတောင်းပွဲနဲ့ ဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး ဆုတောင်းပွဲကို ဇွန်လ ၂၂ ရက် ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဆုတောင်းပွဲမှာ ဘာသာကြီး ၄ ခုရဲ့ ကိုယ်စားလှယ်တွေက ဆုတောင်းစကားတွေ ရွတ်ဆို ဆုတောင်းခဲ့ပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့အမှတ်တရ ဂုဏ်ပြုစကားပြောကြားပေးခဲ့တယ်လို့ သိရပါတယ်။

ဆုတောင်းပွဲမှာ ကျော်သီဟ၊ ဝင်းနိုင်စိုး၊ Leo နဲ့ အခြားအဆိုရှင်တွေက မွေးနေ့အမှတ်တရ သီချင်းတွေ သီဆိုဖျော်ဖြေခဲ့သလို NYCBC က စီစဉ်တဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံ Gallery ကိုပြသထားပြီး ဖမ်းဆီးခံနိုင်ငံရေး အကျဉ်းသားအားလုံး အမြန်ဆုံးပြန်လည်လွတ်မြောက်ပါစေကြောင်း ဆုတောင်းခဲ့တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ Kyaw Soe Latt)

0 Shares:
You May Also Like
Read More

ပေါက်ကြားလာသည့် ဟွန်ဆင်နှင့် ဖုန်းခေါ်ဆိုမှုကိစ္စ ထိုင်းဝန်ကြီးချုပ် တောင်းပန်၊ ညွန့်ပေါင်းဖွဲ့စည်းမှု ယိုင်နဲ့လာ

"ပေါက်ကြားလာတဲ့ ကမ္ဘောဒီးယားခေါင်း‌ဆောင်နဲ့ ပြောဆိုထားတဲ့ အသံဖိုင်က လူထုကို အဆင်မပြေ ဖြစ်စေခဲ့တဲ့အတွက် တောင်းပန်ပါတယ်" လို့ ကြာသပတေးနေ့ မနက်က သတင်းစာရှင်းလင်းပွဲမှာ ပတွန်တန်က ပြောပါတယ်။
Read More

ICC တရားသူကြီး ၂ ဦးနှင့် အမှုစစ် ၂ ဦးကို ထရမ့်အစိုးရ အရေးယူပိတ်ဆို့မှု ပြုလုပ်

အစ္စရေးခေါင်းဆောင်တွေကို ပစ်မှတ်ထားပြီး စစ်ဘက်ခုံရုံးပေါ်မှာ အရှိန်မြှင့်ဖိအားပေးတဲ့အပြင် အမေရိကန်အရာရှိတွေကိုပါ စုံစမ်းစစ်ဆေးဖို့ အရင်က ဆုံးဖြတ်ခဲ့ဖူးတဲ့ ICC ရဲ့ တရားသူကြီး ၂ ယောက်နဲ့ အမှုစစ် ၂ ယောက်အပေါ် ထရမ့်အစိုးရက အရေးယူပိတ်ဆို့မှုတွေကို ချမှတ်လိုက်ပါတယ်။
Read More

အမေရိကန်ရောက် မြန်မာဆယ်လီ ချင်းတိုင်းရင်းသူ လီဗီဆပ်နိုင်ထန်းကို လိမ်လည်မှုဖြင့် ကန်ဒေါ်လာ ၃ သန်းကျော် ဒဏ်ရိုက်…

အမေရိကန်ရောက် မြန်မာဒုက္ခသည်တွေအပါအဝင် ရွှေ့ပြောင်းနေထိုင်တွေဆီကနေ ငွေကြေးလိမ်လည်မှုနဲ့ မြန်မာဆယ်လီလုပ်ငန်းရှင် လီဗီဆပ်နိုင်ထန်းကို အမေရိကန်ခရိုင်တရားသူကြီးက အမေရိကန်ဒေါ်လာ ၃.၂ သန်းကျော် ဒဏ်ငွေပေးဆောင်ဖို့ အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
Read More

နီပေါဆန္ဒပြပွဲ အကြမ်းဖက်ဖြိုခွင်းမှုအတွင်း လူ ၁၉ ဦး သေဆုံး၊ ၁၀၀ ကျော် ဒဏ်ရာရ၊ အစိုးရဆန့်ကျင် ဆန္ဒပြမှု ပိုမိုကျယ်ပြန့်လာ

နီပေါမှာ လူမှုကွန်ရက်ပိတ်ပင်မှုကြောင့် ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်ပြိုခွဲမှုတွေကြောင့် လူ ၁၉ ယောက် သေဆုံးကာ ၁၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။
Read More

မင်းအောင်လှိုင် တည်းခိုရာ ဟိုတယ်အတွင်းထိ ထိုင်းကျောင်းသားတစ်ဦး သွားရောက်ဆန္ဒပြ 

ထိုင်း တက္ကသိုလ်ပထမနှစ် ကျောင်းသားတစ်ယောက်ဟာ ဒီညနေ ၄း၃၀ ခန့်အချိန်မှာ BIMSTEC အစည်းအဝေး တက်ရောက်ဖို့ ထိုင်းနိုင်ငံကို ရောက်နေတဲ့ မြန်မာစစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် တည်းခိုရာ ရှန်ဂရီလာဟော်တယ်ကို သွားရောက်ဆန္ဒပြခဲ့ပါတယ်။
Read More

တော်လှန်ရေးအင်အားစုများနှင့် ငြိမ်းချမ်းရေးဆွေးနွေးဖို့ မင်းအောင်လှိုင်ကို ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် တိုက်တွန်း

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေနဲ့ လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နဝါထရာက တိုက်တွန်းပြောကြားလိုက်ပါတယ်။