အမေရိကန်စစ်တပ်ဟာ အီရန်နိုင်ငံရှိ အဓိက နျူကလီးယားစက်ရုံသုံးခုဖြစ်တဲ့ ဖော်ဒေါ် (Fordow)၊ နေတန့်ဇ် (Natanz) နဲ့ အစ်ဖာဟန် (Isfahan) တို့ကို အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဒီနေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အစ္စရေးနဲ့ အီရန် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ၉ ရက်မြောက်နေ့မှာ အီရန်စံတော်ချိန် ဒီနေ့မနက် နှစ်နာရီခွဲ (မြန်မာစံတော်ချိန် မနက် ၅ နာရီခွဲ) မှာ အမေရိကန်က အီရန်နိုင်ငံရှိ နျူကလီးယားစက်ရုံတွေကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ နယူးယောက်တိုင်းမ်သတင်းဌာနက ဖော်ပြထားပါတယ်။

သမ္မတထရမ့်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ “အီရန်ရှိ နျူကလီးယားစက်ရုံသုံးခုဖြစ်တဲ့ ဖော်ဒေါ်၊ နေတန့်ဇ်နဲ့ အစ်ဖာဟန်တို့ကို အောင်မြင်စွာ တိုက်ခိုက်ပြီးပါပြီ။ အဓိကပစ်မှတ်ဖြစ်တဲ့ ဖော်ဒေါ်ကို ဗုံးအပြည့်အစုံ ကြဲချခဲ့ပါတယ်။ လေယာဉ်အားလုံး ဘေးကင်းစွာ ပြန်လည်ရောက်ရှိနေပါပြီ” လို့ ရေးသားထားပါတယ်။

(ဓာတ်ပုံ Carlos Barria/ Reuters)

အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင်အေဂျင်စီ (IAEA) ကတော့ အီရန်ရဲ့ ဖော်ဒေါ်စက်ရုံ တိုက်ခိုက်ခံရပြီးနောက် သိသိသာသာ ထိခိုက်ပျက်စီးခဲ့ကြောင်း အတည်ပြုခဲ့ပြီး အပြင်ပတ်ဝန်းကျင် ညစ်ညမ်းမှု ဖြစ်ပေါ်နိုင်ခြေမရှိဘူးလို့ ဆိုထားပါတယ်။

အမေရိကန်ကနေ အီရန်ကို တိုက်ရိုက်တိုက်ခိုက်မယ့် အစီအစဉ်အကြောင်း အစ္စရေးကို ကြိုတင်အသိပေးထားခဲ့သလို တိုက်ခိုက်မှုအတွင်း B-2 Spirit မဟာဗျူဟာမြောက် ကိုယ်ပျောက်ဗုံးကြဲလေယာဉ်တွေလည်း ပါဝင်တယ်လို့ အစ္စရေးအရာရှိတစ်ယောက်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး Axios သတင်းဌာနက သတင်းဖော်ပြထားပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုတွေ ပြုလုပ်ချိန်က နိုင်ငံရပ်ခြား စစ်ပွဲဆင်နွှဲတာတွေ ရပ်တန့်ပစ်မယ်လို့လည်း ကြွေးကြော်ခဲ့ဖူးပါတယ်။

အစ္စရေးနိုင်ငံ၊ Ramat Gan ရှိ ပျက်စီးနေသော အဆောက်အအုံတစ်ခု၏ ပြတင်းပေါက်များတွင် အစ္စရေးအလံကို အီရန်မှ ပစ်လွှတ်ပြီး နှစ်ရက်အကြာ စနေနေ့၊ ဇွန် ၂၁၊ ၂၀၂၅။ (ဓာတ်ပုံ Ohad Zwigenberg/ AP)
အီရန်၊ တီဟီရန်တွင် အစ္စရေးတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် မီးခိုးများ မြင့်တက်လာစဉ်​ (ဓာတ်ပုံ Reuters)
0 Shares:
You May Also Like
Read More

ထိုင်းနိုင်ငံတွင် ခိုလှုံနေသည့် မြန်မာစစ်ရှောင် ၄ သောင်းကျော်ကို အလုပ်လုပ်ခွင့်ပြုရန် ထိုင်းအစိုးရ သဘောတူ

ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေမှာရှိတဲ့ မြန်မာစစ်ရှောင် ၄ သောင်းကျော်ကို အလုပ်လုပ်ခွင့်ပြုဖို့ ထိုင်းအစိုးရအဖွဲ့က ဩဂုတ်လ ၂၆ ရက်မှာ မူအားဖြင့် သဘောတူလိုက်ပြီလို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။ 
Read More

အတုအယောင်ရွေးကောက်ပွဲ ရလဒ်များကို ဇန်နဝါရီလကုန် ကြေညာမည်ဟု ရွေးကောက်ပွဲကော်မရှင် ပြော

စစ်အုပ်စုက ပြုလုပ်ဖို့ရှိတဲ့ အတုအယောင်ရွေးကောက်ပွဲရဲ့ နောက်ဆုံးရလဒ်တွေကို လာမယ့်နှစ် ဇန်နဝါရီလကုန်ပိုင်းမှာ ကြေညာမယ်လို့ စစ်တပ်ရဲံ ထိန်းချုပ်မှုအောက်မှာရှိတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) တာဝန်ရှိသူတယောက်က စက်တင်ဘာ ၁၁ ရက် ကြာသပတေးနေ့မှာ ပြောပါတယ်။
Read More

CRPH နှင့် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) တို့ တွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ - CRPH က လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) နဲ့ ဖေဖော်ဝါရီလ ၂၆ ရက်က ၁ နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
Read More

ငလျင်ဒဏ်သင့် မြန်မာအတွက် ဒေါ်လာ ၂ သန်း အမေရိကန် ကူညီမည်

ပြင်းထန်တဲ့ ငလျင်ဘေးဒဏ်သင့် မြန်မာနိုင်ငံအတွက် အမေရိကန်အစိုးရက ဒေါ်လာ ၂ သန်းထောက်ပံ့ကူညီသွားမယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

(AA နှင့်) ကင်းကင်းရှင်းရှင်း နေချင်ရင်တောင် နေလို့မရတော့ပါဘူး၊ ရခိုင်ကို လူသားစာနာ အကူအညီပေးရေးစင်္ကြံဖွင့်ဖို့ ကုလသမဂ္ဂ၏ တောင်းဆိုချက် ဘင်္ဂလားဒေ့ရှ် သဘောတူ

ဘင်္ဂလားဒေ့ရှ်ကတဆင့် မြန်မာပြည်ကို လူသားချင်းစာနာမှု အကူအညီပေးရေးစင်္ကြံဖွင့်ဖို့ ကုလသမဂ္ဂရဲ့ တောင်းဆိုချက်ကို ဘင်္ဂလားဒေ့ရှ်က သဘောတူညီခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
Read More

ICJ ကြားနာမှုတွင် အကြမ်းဖက်စစ်တပ်၏ တင်ပြချက်များသည် မြန်မာပြည်သူများ၏ဆန္ဒကို ကိုယ်စားပြုမည်မဟုတ်ကြောင်း NUG ထုတ်ပြန်

“အကြမ်းဖက်စစ်တပ်အား နိုင်ငံတကာတရားရုံး (ICJ)တွင် မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်ပေးခြင်းသည်ရိုဟင်ဂျာ ပြည်သူများနှင့် မြန်မာပြည်သူအားလုံး၏ ဂုဏ်သိက္ခာကို ထိခိုက်စေသော လုပ်ရပ်ဖြစ်ပါသည်။ နိုင်ငံတကာတရားရုံး (ICJ)အား မြန်မာပြည်သူများ၏ အသံကို နားထောင်ရန် တိုက်တွန်းပါသည်” လို့ အမျိုးသားညီညွတ်ရေးအစိုးရက တိုက်တွန်းထားခဲ့ပါတယ်။