တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အခြေစိုက် ခမရ ၅၅၇ တပ်ရင်းက စစ်သား ၂ ယောက် လက်နက်နဲ့အလင်းဝင်လာတယ်လို့ တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်က တနင်္သာရီမြို့အနီးရှိ အောက်ကင်းရွာ အခြေအစိုက် ခမရ ၅၅၇ တပ်ရင်းက စစ်သား ၂ ယောက် လမ်းကင်းတာဝန်ကျချိန် ထွက်ပြေးလာပြီး အလင်းဝင်လာတယ်လို့ ဆိုပါတယ်။

အလင်းဝင်လာတဲ့ စစ်သား ၂ ယောက်ဟာ ရန်ကုန်တိုက်ကြီး၊ ဂျိုးဖြူ အမှတ်(၁) စစ်သင်တန်း၊ လေ့ကျင့်ရေးကျောင်း၊ အပတ်စဉ်(၁) သင်တန်းဆင်းတွေ ဖြစ်ပြီး MA-3 (၂)လက်၊ ကျည်ဘောက်(၉)ဘောက်၊ ကျည်(၂၄၀)တောင့်နဲ့ ကျည်ကာ(၁)စုံ ယူဆောင်လာတယ်လို့ တနင်္သာရီမြို့နယ် ပကဖ က ဆိုပါတယ်။

အလင်းဝင်စစ်သား ၂ ယောက်ဟာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ စစ်သင်တန်းကာလ နှစ်လခွဲတက်ခဲ့ရပြီးနောက် ဘုတ်ပြင်းမြို့နယ်ရ စကခ(၁၃)မှ မွမ်းမံသင်တန်း(၂)ပတ် ထပ်တက်ခဲ့ရသေးသလို တနင်္သာရီမြို့နယ်၊အောက်ကင်းရွာအခြေစိုက် ခမရ (၅၅၇)တပ်တွင် တာဝန်ထမ်းဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် အလင်းဝင် စစ်သား ၂ ယောက်ဟာ တနင်္သာရီမြို့နယ် ဘန်းလမွတ်ရွာနဲ့ ပနပ်ငယ်ရွာကြား လမ်းကင်းတာဝန်ကျချိန် ထွက်ပြေးလွတ်မြောက်လာပြီး တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) ဆီ ဆက်သွယ် အလင်းဝင်လာခဲ့တယ်လို့ သိရပါတယ်။

အဆိုပါစစ်သား ၂ ယောက်ဟာ မတရား အတင်းအဓမ္မ တပ်သားစုဆောင်းခံရမှုမှာ ပါဝင်ခဲ့ရသူတွေ ဖြစ်ပြီး “ကျနော်တို့ကရပ်ရွာထဲမှာ စစ်မှုထမ်းအလှည့်ကျလို့ ၊ မဲနှိုက်တာပေါက်လို့ ပါသွားတာမဟုတ်ပါဘူး၊ အတင်းအဓမ္မ ဖမ်းစီး ဆွဲခံရပြီးပါလာကြတာပါ။ ကျနော်တို့ကတော့ စစ်ကောင်စီကို ပြန်ချမှာပါ”လို့ ထွက်ဆိုကြောင်း တနင်္သာရီမြို့နယ် ပကဖ က ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ စစ်မှု့ထမ်းအမိန့်ကြေညာချက်ကြောင့် အတင်းအဓမ္မ တပ်သားစုဆောင်းခံရသူတွေအပါအဝင် ပြည်သူ့ဘက် ရပ်တည်လိုတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ တနင်္သာရီမြို့နယ်ပကဖ နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေအပြင် နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့တွေကို ချိတ်ဆက်ကာ အလင်းဝင် ရောက်နိုင်တယ်လို့လည်း တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ)က အသိပေးတိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

ရေဖြူအခြေစိုက် စစ်ကော်မရှင်၏ ခမရ ၄၀၉ မှ စစ်မှုထမ်းစစ်သား ၂ ဦး လက်နက်ဖြင့် အလင်းဝင်လာ၊ ဆုငွေကျပ် သိန်း ၅၀ စီ ချီးမြှင့်…

တနင်္သာရီတိုင်း ၊ ရေဖြူမြို့နယ် အခြေစိုက် အကြမ်းဖက်စစ်တပ်ရဲ့ ခမရ (၄၀၉) က စစ်သား ၂ ယောက် လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင် လာခဲ့တယ်လို့ ဒူရကစစ်ကြောင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

သတ်မှတ်ချက်နှင့် ကိုက်ညီသည့် စစ်သုံ့ပန်းများ၏ မိသားစုဝင် ၁၀၀ ကျော်နှင့် အကျဉ်းသားအချို့ကို AA ပြန်လွှတ်ပေး

အာရက္ခတပ်တော် AA က ဖမ်းဆီးရရှိထားတဲ့ စစ်သုံ့ပန်းတွေရဲ့ မိသားစုဝင် ၁၀၀ ကျော်နဲ့ သာမန်အကျဉ်းသား ၂၀ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။  
Read More

အကြမ်းဖက် ၅၈၇ လက်နက်ကြီးတပ်ရဲ့ လမ်းပြဖြစ်သူကို ရေးဘီလူးအဖွဲ့ ဖမ်းဆီး

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာရှိတဲ့ ၅၈၇ လက်နက်ကြီးတပ်ရဲ့ လမ်းပြဖြစ်သူကို ရေးဘီလူးအဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က အတည်ပြု ပြောဆိုပါတယ်။
Read More

တနင်္သာရီနဲ့ မြိတ်အစပ်မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ကို ၂ ရက်ဆက် မိုင်းဆွဲတိုက်ခိုက်ရာ ၅ယောက်သေ

တနင်္သာရီမြို့နယ်နဲ့ မြိတ်မြို့နယ် အစပ်မှာ ကင်းလှည့်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ၂ ရက်ဆက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၅ ယောက် သေဆုံးခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပကဖ ဇုံ ၅ တောဗုံးကြီးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ရေနံချောင်းမှာ ၁၈ ရက်ကြာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ် မိုင်း ၂ ခါဆွဲခံရပြီး ၇ ယောက် သေဆုံး…

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်မှာ ကျေးရွာတွေထဲ ၁၈ ရက်ကြာ စစ်ကြောင်းဝင်နေတဲ့ အကြမ်းဖက်စစ်တပ်ကို မိုင်းဆွဲပိတ်ဆို့တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၇ ယောက်သေဆုံးပြီး အများအပြားထိခိုက်သွားတယ်လို့ TAMAR MYAY Special Column (တမာမြေအထူးလှုပ်ရှားစစ်ကြောင်း) တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ကောလင်းအရှေ့ခြမ်းရှိ ဆေးရုံနှင့်စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ (၃) ဦးသေဆုံးပြီး (၈) ဦးဒဏ်ရာရ…

စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်းမြို့ အရှေ့ခြမ်းရှိ ဆေးရုံနဲ့ စာသင်ကျောင်းကို အကြမ်းဖက်စစ်အုပ်စု လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားပြည်သူ ၃ ယောက် သေဆုံးပြီး ၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ ပကဖ အသံက မနေ့က သတင်းဖော်ပြပါတယ်။