စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ကန်ဒေါင့်ရဲစခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA ရဲ့ ဦးဆောင်မှုနဲ့ မဟာမိတ်တပ်ပေါင်းစုက ဇွန်လ ၁၉ ရက် မနက် ၆ နာရီ မိနစ် ၄၀ မိနစ်အချိန်မှာ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) က ဒီနေ့မှာ တရားဝင်ထုတ်ပြန်ပါတယ်။

ကန်ဒေါင့်ရဲစခန်းကို PLA ရဲ့ ဦးဆောင်မှုနဲ့ မဟာမိတ်ပူးပေါင်းတပ်က ဇွန်လ ၂ ရက်မှာ စတင်ထိုးစစ်ဆင်ခဲ့ပြီး ရက်သတ္တပတ် နှစ်ပတ်ကျော်အကြာ ဇွန်လ ၁၉ ရက်မှာ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ကန်ဒေါင့်ရဲစခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တိုက်ခိုက်သိမ်းပိုက်ရာမှာ ABSDF ကျောင်းသားတပ်မတော် စစ်ကြောင်း၃၊ အမှတ် (၁၄)တပ်ရင်းက ရဲဘော်တွေဟာ စစ်ကူနဲ့ ရိက္ခာ ဖြတ်တောက်ရေးမှာ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ပွဲအတွင်း ကျောင်းသားတပ်မတော် စစ်ကြောင်း ၃၊ အမှတ် (၁၄)တပ်ရင်က ရဲဘော်(၃) ယောက်ဟာ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် အသက်ပေးလှူသွားခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါစခန်းသိမ်းတိုက်ပွဲကို PLA ဦးဆောင်မှုနဲ့ ပြည်သူ့ညီညွတ်‌ရေးတပ်ဦး (PUF)၊ ယင်းမာပင်ခရိုင် အမှတ် ၁၁ တပ်ရင်း (ကျားသစ်နက်တပ်မတော်)၊ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (𝗕𝗟𝗗𝗙)၊ ဒေါင်းနက် နယ်စည်းမခြား ပြောက်ကျားတပ်ဖွဲ့၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) နဲ့ အညာမြေတပ်ပေါင်းစုတို့ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ထိုင်းနိုင်ငံတွင် နေအိမ်များကို ဒရုန်းဖြင့် စောင့်ကြည့်ပြီး ပစ္စည်းခိုးယူသည့် မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံတောင်ပိုင်း၊ စူရတ်ဌာနီခရိုင်၊ ကော့ဖငန်းကျွန်းမှာ နေအိမ်တွေကို ဒရုန်းနဲ့ စောင့်ကြည့်ပြီး ပစ္စည်းခိုးယူတဲ့ မြန်မာနိုင်ငံသား ၄ ယောက်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းဌာနက ဖော်ပြထားပါတယ်။
Read More

ဧရာဝတီတိုင်းအတွင်း တပ်ရင်းတွေအလိုက် ပြုတ်ပြုတ်ပြုန်း ထားတာကြောင့် စစ်ကောင်စီ တွေ့သမျှလူ ဆွဲခေါ်ကာ လုံခြုံရေးယူခိုင်းနေ

ရခိုင်ပြည်နယ်မှာ အကြီးအကျယ် ရှုံးနိမ့်ထားတဲ့ စစ်ကောင်စီဟာ ဧရာဝတီတိုင်းအတွင်း ရခိုင်နဲ့ ထိစပ်နေတဲ့ မြို့နယ်တွေမှာ လုံခြုံရေးတင်းကျပ်ကာ ခံစစ်အတားအဆီးတွေ လုပ်ဆောင်နေပါတယ်။
Read More

ရန်ကုန်-ပြည်လမ်းပေါ် တိုက်ပွဲဖြစ်ပွားနေသောကြောင့် ယာဉ်ကျောပိတ်နေ

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ရန်ကုန်-ပြည်လမ်းပေါ်မှာ တော်လှန်ရေးတပ်နဲ့ အကြမ်းဖက်စစ်တပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် ကားတွေ ရပ်ထားရပြီး ယာဉ်ကျောပိတ်ဆို့မှု ဖြစ်ပွားနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံမှ သိရပါတယ်။
Read More

ပြင်ဦးလွင်ကိုသွားမယ့် စစ်ကားတွေကို ဆိပ်ဖြူ-ကန်ဇွန်းမလမ်းပိုင်းမှာ ကြားဖြတ်တိုက်ခိုက်၊ စစ်ကား ၂ စီးမီးလောင်ပျက်စီးပြီး စစ်သား ၁၁ ​​ဦးသေ…

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်မှာ ပြင်ဦးလွင်ကို သွားမယ့် စစ်ကောင်စီတပ်ကားတွေကို ကြားဖြတ်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၁၁ ယောက်သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Yenanthar Column (မကွေးတိုင်းပကဖ ရွေ့လျားစစ်ကြောင်း) က ထုတ်ပြန်ပါတယ်။
Read More

ကလေး၀-မော်လိုက် လမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်လာနိုင်လို့ ပြည်သူတွေ အသုံးမပြုဖို့ သတိပေး

ကလေး၀-မော်လိုက် လမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်လာနိုင်တာကြောင့် အဆိုပါလမ်းပိုင်းကို အသုံးပြုသွားလာခြင်း မပြုလုပ်ကြဖို့ ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
Read More

ဇီးကုန်းရဲစခန်း စီးနင်းတိုက်ခိုက်မှုအတွင်း ဖမ်းမိသည့် သုံ့ပန်းများထဲမှ ကိုယ်ဝန်ဆောင်အမျိုးသမီးကို အောင်မြင်စွာ မီးဖွားပေးနိုင်ခဲ့ဟု ကန့်ဘလူ ပအဖ ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ရဲစခန်း တိုက်ခိုက်သိမ်းပိုက်မှုအတွင်း ဖမ်းဆီးရမိခဲ့တဲ့ ရဲဖြစ်သူရဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးကို အောင်မြင်စွာ မီးဖွားပေးနိုင်ခဲ့တယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။