စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ရှိ ပုသိမ်-မုံရွာ လမ်းပိုင်းမှာ ယမ်စီဝမ်ပေါင်မှ ထွက်လာတဲ့ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်သား ၄ ယောက်သေဆုံး ခဲ့တယ်လို့ မဲမှောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။

ဇွန် ၁၉ ရက်က ယင်းမာပင်မြို့နယ်ရှိ စစ်ကောင်စီတပ်ရင်း ၂၈ ၊ အကြိုးကန်းကုန်းမှ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ယမ်စီဝမ်ပေါင်မှ ထွက်လာတဲ့ ယာဉ်တန်းတွေကို မြောက်ယမား ချောင်းအရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၄ ယောက်သေဆုံးပြီး ၁ ယောက် အပြင်းအထန်ဒဏ်ရာ ရရှိသွားကာ တော်လှန်ရေးရဲဘော်တွေက တိုက်ခိုက်ခဲ့တဲ့ နေရာသို့ နယ်မြေရှင်းလင်းရေးလုပ် ဆောင်ခဲ့ရာ သေဆုံးဒဏ်ရာရရှိသွားတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ ပျက်စီးသွားတဲ့ စစ်လက်နက်နဲ့ စစ်ဝတ်တန်ဆာတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

Video-မဲမှောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
0 Shares:
You May Also Like
Read More

မြို့သာမြို့ရဲစခန်းကနေ အိမ်စီးကားနဲ့ ထွက်လာတဲ့ စစ်ကောင်စီလက်အောက်ခံတွေ တိုက်ခိုက်ခံရပြီး စစ်ကြောရေးမှူးအပါအဝင် ရဲ ၂ ယောက်သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း ငါန်းဇွန်းမြို့နယ် မြို့သာမြို့ရဲစခန်းကနေ အိမ်စီးကားနဲ့ ထွက်လာတဲ့ စစ်ကောင်စီ လက်အောက်ခံတွေကို စက်တင်ဘာ ၂၀ ရက် နေ့လယ်ပိုင်းက တော်လှန်ရေးတပ်တွေ စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့  Hero Defence Force  အဖွဲ့ထံက သိရပါတယ်။
Read More

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA တည်ထောင်ခြင်း ၄ နှစ်ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားကျင်းပ (ရုပ်/သံ)

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA တည်ထောင်ခြင်း ၄ ပြည့်အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားကို ယနေ့ မတ်လ ၁၅ ရက်က လွတ်မြောက်ဒေသတစ်နေရာမှာ ကျင်းပခဲ့တယ်လို့ သိရ ပါတယ်။
Read More

စခန်းသိမ်း၊ မြို့သိမ်း၊ မြို့ထိန်း တိုက်ပွဲတွေ ဆင်နွှဲနိုင်အောင် MBT ရဲ့ End Point ကမ်ပိန်းမှာ ပါဝင်ပေးဖို့ မေတ္တာရပ်ခံ (ရုပ်/သံ)

Myingyan Black Tiger (MBT) တပ်ဖွဲ့က စခန်းသိမ်း၊ မြို့သိမ်း၊ မြို့ထိန်းတိုက်ပွဲတွေ ဆင်နွှဲနိုင်ဖို့ ပြုလုပ်ထားတဲ့ End Point ကမ်ပိန်းဟာ စက်တင်ဘာ ၆ ရက်က စတင်ခဲ့ပြီး ဒီနေ့အထိ ၂၉ ရာခိုင်နှုန်းသာ ပြည့်မီသေးတဲ့အတွက် ပြည်သူတွေ ပါဝင်အားပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။
Read More

“သင့်မဲဖြင့် တရားဝင်လူသတ်ခွင့်မပေးနဲ့ ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက်၊ မဲမပေးဘဲ သပိတ်မှောက်”

"သင့်မဲဖြင့် တရားဝင်လူသတ်ခွင့်မပေးနဲ့ ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက်၊ မဲမပေးဘဲ သပိတ်မှောက်”
Read More

ရမ်းဖိုကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးသီး ၂ ကြိမ် ကြဲချ၊ စစ်သား ၁ ဦး ထိခိုက်ဒဏ်ရာရ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီး ၂ ကြိမ် ကြဲချတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဗိုလ်ခရင်းတပ်ဖွဲ့ထံက သိရပါတယ်။
Read More

MBT တပ်ဖွဲ့တွင် BT 16 သေနတ်များ စတင်ထုတ်လုပ်နေပြီဖြစ်ကြောင်း ဗိုလ်မိုက်ခဲအသိပေး (ရုပ်/သံ)

Myingyan Black Tiger (MBT) တပ်ဖွဲ့မှာ ထုတ်လုပ်ထားတဲ့ BT-16 သေနတ်တွေကို အလှူရှင် အမည်တွေနဲ့ စတင်ထုတ်လုပ်နေပြီဖြစ်ကြောင်း ဗိုလ်မိုက်ခဲမှာ အသိပေးထုတ်ပြန်ထားပါတယ်။