ကရင်နီပြည်နယ်၊ မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေး ထိုးစစ်ဆင်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ရင်း ကျဆုံးခဲ့တဲ့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် အမှတ်(၁၀၀၁)တပ်ရင်း ၊ တပ်ခွဲ-၃ (ကျွဲချိုတပ်ခွဲ) က ရဲဘော်ရဲ့ စျာပနအခမ်းအနား မှတ်တမ်းပုံရိပ်တွေကို ကျွဲချိုတပ်ခွဲက မနေ့က ထုတ်ပြန်ပါတယ်။

ကျဆုံးရဲဘော်ဖြစ်သူ ရဲဘော်မောင်နေမင်းထွေး(ခ) ဗိုလ်ချုပ်ဟာ မိုးဗြဲမြို့တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ရင်း ရရှိခဲ့တဲ့ ဒဏ်ရာနဲ့ ဇွန်လ ၁၇ ရက်မှာ ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ကျဆုံးရဲဘော်ဟာ ပြည်သူ့ကာကွယ်ရေးတပ်၏ သစ္စာအဓိဌာန် (၄) ချက်နဲ့အညီ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်မှာ စတင်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး (၁)နှစ်ကျော်ကာလထိ ပေးအပ်ရာ တိုက်ခိုက်ရေး တာဝန်တွေကို ကျေပွန်စွာထမ်းဆောင်နိုင်ခဲ့ကာ ကရင်နီဒေသရှိ မိုးဗြဲမြို့တွင်းတိုက်ပွဲတွေအပြင် အခြားတိုက်ပွဲပေါင်း (၁၀၀) ထက်မက မဟာမိတ်တပ်တွေနဲ့အတူ ရွပ်ရွပ်ချွန်ချွန် ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ကျဆုံးရဲဘော် ရဲဘော်မောင်နေမင်းထွေးဟာ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် အမှတ်(၁၀၀၁)တပ်ရင်း ၊ တပ်ခွဲ-၃ ကျွဲချိုတပ်ခွဲမှာ သမိုင်းပေးတာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ရင်း ကျဆုံးခဲ့တဲ့ ၁၂ ယောက်မြောက် အာဇာနည်ရဲဘော်ဖြစ်တယ်လို့ သိရပါတယ်။

ဇွန်လ ၁၆ ရက်ကလည်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်အမှတ်(၁၀၀၁)တပ်ရင်း၊ ကျွဲချိုတပ်ခွဲက အသက် ၁၈ နှစ်အရွယ် ရဲဘော် အာကာထွန်း (ခ) ဥက္ကာဟာ မိုးဗြဲမြို့တိုက်ပွဲအတွင်း ကျဆုံးခဲ့ပါသေးတယ်။
0 Shares:
You May Also Like
Read More

၉ နှစ်အရွယ် ကလေးငယ်အပါ ၁၂ ယောက်သေဆုံးခဲ့တဲ့ ငါန်းမြာကြီးရွာကို စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်ကို NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ထုတ်ပြန်

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်လာပါတယ်။
Read More

ဘုတလင်မြို့ကို ပြန်လာတဲ့ ဗိုလ်မှူးကျော်တင့်ရဲ့ စစ်ကြောင်းချေမှုန်းခံရပြီး ၃၃ယောက် သေဆုံးကာ ဗိုလ်ကြီး ၂ယောက်အပါ ၄၃ယောက်က်ို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်တိုက်ပွဲအတွင်း ဗိုလ်မှူးကျော်တင့် (ခမရ-၁၀၆) ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကြောင်းကို ချေမှုန်းတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား (၃၃)ယောက်သေပြီး ဗိုလ်ကြီး၂ယောက်အပါ စစ်သုံ့ပန်း (၄၃) ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန…
Read More

CRPH ကို နိုင်ငံတကာပါလီမန်များအဖွဲ့ရဲ့ စင်မြင့်မှာ ဆက်လက် အသိအမှတ်ပြုထား

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို  နိုင်ငံတကာပါလီမန်များအဖွဲ့က သူတို့ရဲ့ တရားဝင် မိတ်ဖက်အဖွဲ့အစည်းအဖြစ် ဆက်လက် အသိအမှတ်ပြုထားတယ်လို့ သိရပါတယ်။
Read More

မြိုင်မြို့နယ် အနောက်ဘက် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက်စစ်တပ်က အရပ်သား ၇ ဦးကို ဓားစာခံလုပ် ဖမ်းဆီးကာ စစ်ကြောင်းဆက်ထွက်ဖို့ ပြင်နေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်တပ်က နေအိမ်အလုံး ၂၀ ထက်မနည်းကို မီးရှို့ဖျက်ဆီးကာ ကျေးရွာနေ အရပ်သား ၇ယောက်ကို ဓားစာခံအဖြစ် ဖမ်းဆီးသွားတယ်လို့ အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကို ပြောပါတယ်။
Read More

စလင်းမြို့တွင် Grade 10 ကျောင်းသူကို Grade 12 ကျောင်းသား ၃ဦး အဓမ္မပြုကျင့်ကာ ဗီဒီယိုဖြန့်၊ သိန်း ၇၀၀ ဖြင့် ကျေအေးပေးဖို့ ညှိနှိုင်းနေ

မကွေးတိုင်း၊ စလင်းမြို့မှာ Grade 10 ကျောင်းသူ ၁ ယောက်ကို Grade 12 ကျောင်းသား ၃ ယောက်က အတင်းအဓမ္မ မုဒိမ်းကျင့်မှု ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
Read More

ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦးရဲ့ အပတ်စဥ်(၃) အခြေခံစစ်ပညာသင်တန်း ပုံရိပ်များ (ဓာတ်ပုံသတင်း)

အညာဒေသ အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး ( BLDF ) က အပတ်စဥ်(၃) အခြေခံစစ်ပညာသင်တန်း ပြုလုပ်နေတဲ့ ပုံရိပ်တွေကို ထုတ်ပြန်ဖော်ပြလာပါတယ်။