ပဲခူးတိုင်း ၊ လက်ပံတန်းမြို့နယ် ၊ ပဲခူးရိုးမအစပ်ရှိ ရေငံကျေးရွာမှာ အထိုင်ချထားတဲ့ အကြမ်းဖက်စစ်အုပ်စုကို သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ၊ တပ်ခွဲ ၂ က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇွန်လ ၁၉ ရက် မနက်အစောပိုင်းမှာ ပဲခူးရိုးမအစပ်ရှိ ရေငံကျေးရွာမှာ အထိုင်ချထားတဲ့ အင်အား ၃၀ ခန့်ရှိ စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု ၁ နာရီကျော်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ၅ ယောက် သေဆုံးသွားပြီး ထန်းပင်ချောင်ဘက်ကနေ စစ်ကောင်စီတပ်သားတွေ စစ်ကူရောက်လာတဲ့အတွက် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။

“ထိတွေ့မှုဖြစ်တာက သူတို့တပ်စွဲအထိုင်ချထားတဲ့နေရာကို ဝင်ပစ်တာပါဗျ ၊ စခ ဘက်က သေဆုံးမှုက မြေပြင်ထောက်ပို့ ပြည်သူတွေဆီက အတိအကျသိရတာပါ ၊ ကျနော်တို့ဘက်ကတော့ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်” လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ မှ တပ်ခွဲမှူး ဗိုလ်တိမ်တိုက် က မောင်းသတင်းဌာနကို ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ရေငံကျေးရွာမှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကတည်းက တပ်စွဲထားတာဖြစ်တဲ့အတွက် ရေငံကျေးရွာက ဒေသခံတွေဟာ ရွာထဲမှာ မနေရဲတော့ပဲ ထွက်ပြေးတိမ်းရှောင်နေရတာ ၁ နှစ်ကျော်လောက်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်သားတွေဟာ အင်အားအလုံးအရင်းနဲ့ ရေငံရွာထဲမှာ လူအင်အားထပ်မံဖြည့်တင်းထားတယ်လို့ ဆိုပါတယ်။
အဆိုပါတိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ ၊ တပ်ခွဲ ၃ နဲ့ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (သာယာဝတီခရိုင်ပကဖ ၊ အမှတ် ၁ တိုက်ခိုက်ရေးတပ်ဖွဲ့) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ဒူးပလာယာခရိုင်မှာ ကော်သူးလေ မွေးမြူရေးနဲ့ ရေလုပ်ငန်းဌာန နှစ်၅၀ပြည့်နဲ့ ကမ္ဘာ့ငါးလုပ်ငန်းနေ့ အခမ်းအနား ကျင်းပ…

ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ဒူးပလာယာခရိုင်၊ မွေးမြူရေးနဲ့ ရေလုပ်ငန်းဌာနက ဦးဆောင်ပြီး ကော်သူးလေ မွေးမြူရေးနှင့်ရေလုပ်ငန်းဌာန နှစ်၅၀ပြည့်နဲ့ ကမ္ဘာ့ငါးလုပ်ငန်းနေ့ အခမ်းအနားကို နိုဝင်ဘာလ (၂၁) ရက်မှာ ကျေးရွာတွေနဲ့ ဌာနတွေက စုစုပေါင်း လူဦးရေ (၁၂၀) ဝန်းကျင်နဲ့ ကျင်းပပြုလုပ်ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသမှာ အခုတစ်ပတ် တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား (၂၈) ယောက် သေဆုံးကာ (၄၅) ယောက်နဲ့အထက် ဒဏ်ရာရရှိ…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသမှာ အခုတစ်ပတ် တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား (၂၈) ယောက် သေဆုံးကာ (၄၅) ယောက်နဲ့အထက် ဒဏ်ရာရရှိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

အာဏာသိမ်းကာလ ၄နှစ်ကျော်အတွင်း အကြမ်းဖက်စစ်တပ်စခန်းပေါင်း ၂၀၀ နီးပါးကို KNU သိမ်းပိုက်နိုင်ခဲ့

အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ၄နှစ်ကျော်ကာလအတွင်း ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ မဟာမိတ်တွေက ခရိုင် (၇) ခုအတွင်းရှိ စစ်အုပ်စုစခန်းပေါင်း ၂၀၀ နီးပါးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒီဇင်ဘာလ ၉ ရက် ဒီနေ့ထုတ်ပြန်တဲ့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်(KPSN) ရဲ့ "အ ရှေ့ဘက်နယ်စပ်ကို ပြန်လည်သိမ်းပိုက်ခြင်း" အစီရင်ခံစာက ဆိုပါတယ်။
Read More

ညောင်ဦး၊ ပုဂံမြို့သစ်မှာ အုပ်ချုပ်ရေးမှူး ရှင်းလင်းခံရပြီး ရက်ပိုင်းပဲခြားကာ စစ်တပ်ကား မိုင်းဆွဲတိုက်ခိုက်ခံရ၊ ပိတ်ရက်တွေအတွင်း ပြည်သူတွေ ခရီးသွားလာ သတိပြုကြဖို့ လိုအပ်

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့သစ်မှာ ရက်ပိုင်းပဲခြားပြီး အုပ်ချုပ်ရေးမှူး တစ်ယောက်နဲ့ စစ်တပ်ကား ၁ စီး မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း သိရပါတယ်။
Read More

ဘုန်းကြီးကျောင်းကို စစ်ကောင်စီ ဗုံးကြဲလို့ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲက တောရဘုန်းကြီးကျောင်းထဲကို စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် သံဃာတော်တစ်ပါး ပျံလွန်တော်မူခဲ့ရတယ်လို့ ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပ.က.ဖ လက်ရုံးတပ်က ထုတ်ပြန်ပါတယ်။ 
Read More

မြင်းခြံမြို့နယ်၊ စွန်းလွန်းစစ်တပ်ဂိတ်ကို တော်လှန်ရေးတပ်တွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ အကြမ်းဖက်စစ်သားတွေရှိနေတဲ့ စွန်းလွန်းဂိတ်ကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ရာ စစ်သား ၂ယောက် အပြင်းအထန် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း Natogyi Regional Defence Force- NRDF က သတင်းထုတ်ပြန်ပါတယ်။