စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့နယ်က အင်္ဂါးကျေးရွာစာသင်ကျောင်းကို အကြမ်းဖက်စစ်​​ကောင်စီတပ် အကြောင်းမဲ့ လေကြောင်းကနေ တိုက်ခိုက်ခဲ့ရာ ကျောင်းဆရာမ ၁ ယောက် သေဆုံးပြီး ကလေးငယ်တွေအပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။

ဇွန်လ ၂၀ ရက် မနေ့က ညနေပိုင်းမှာ ပင်လည်ဘူးမြို့တောင်ဘက် ၂၄ မိုင်အကွာမှာရှိတဲ့ အင်္ဂါးကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှု တစ်စုံတစ်ရာ မရှိဘဲ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ တံတားဦးလေဆိပ်တက် ဂျက်ဖိုက်တာဟာ ကျေးရွာစာသင်​ကျောင်းရှိရာကို ဗုံး ၂ လုံးတစ်ပြိုင်နက်တည်း ကြဲချတိုက်ခိုက်သွားခဲ့တာဖြစ်ပြီး ကျောင်းဝန်းအတွင်းမှာရှိတဲ့ ဝန်ထမ်းနေအိမ်တွေ ထိခိုက်ပျက်စီးကာ လူထိခိုက်သေဆုံးမှုတွေ ရှိခဲ့တာဖြစ်ပါတယ်။

” ပေါင် ၃၀၀ တွေ ကြဲသွားတာဖြစ်မယ်ဗျ။ ကျောင်းဝန်းထဲက ဝန်ထမ်းနေအိမ်တွေအပေါ် ၁ လုံးကျတယ်။ ကျောင်းဝန်းထဲ ၁ လုံးကျတယ်။ ဗုံး ၂ လုံးက ပေ ၃၀ အကွာကို တစ်ပြိုင်တည်း ကျတယ်ပြောရမယ်။ အတည့်ကျတဲ့အိမ်ကတော့ လုံးဝ ပျောက်သွားတယ်။ ဘေးကပ်လျက်အိမ်တွေလည်း အကုန်ထိ၊ မီတာ၁၀၀ ဝန်းကျင်က အိမ်တွေပါ မလွတ်ဘူး။ ကျောင်းနဲ့ဝန်ထမ်းအိမ်တွေက ပေ ၁၀၀ ကျော်ကျော်လောက်ပဲ ရှိတယ်​လေ။ ဗုံးကျတဲ့နေရာတွေဆိုလည်း အကျယ် ၁၀ ပေပတ်လည်နဲ့ ၁၀ ပေအနက်လောက်ရှိမယ့် ကျင်း ၁ ခု နဲ့ ၃ ပေအနက်လောက် ကျင်း ၁ ခု ဖြစ်သွားပါတယ်။” လို့ ဒေသခံ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း အဆိုပါ ကျောင်းကကျောင်းဆရာမ ၁ ယောက် သေဆုံးခဲ့ပြီး ဆရာမရဲ့ကလေး ၂ ယောက်ဖြစ်သူအပါအဝင် ထိခိုက်ဒဏ်ရာရသူ ၉ ယောက်အထိ ရှိခဲ့တယ်လို့လည်း သိရပါတယ်။

“ဆရာမက ဆေးခန်းအသွား လမ်းမှာ ဆုံးတာပါ။ သူ့ရဲ့ကလေး ၂ ယောက်ကဒဏ်ရာရပါတယ်။ နောက်ပြီး ကျောင်းဝန်းထဲ ယာယီကျောင်းဆောင် ဆောက်နေတာရှိတယ်။ အဲ့ဒီက လက်သမားအဖွဲ့ဝင် ၆ ယောက်လည်းဒဏ်ရာရပါတယ်။ နောက်ပြီး စာသင်ခန်းနဲ့ မီတာ ၁၀၀ အကွာ အိမ်က ကလေးမ ၁ ယောက်ကျ ခြေတစ်ဖက်ဖြတ်ရပါတယ်။ တိုက်ပွဲမရှိဘဲ သက်သက်ယုတ်မာသွားတာပါ။” လို့ ဒေသခံ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။

ပင်လည်ဘူးမြို့ကို ပြီးခဲ့တဲ့နှစ် ၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

မနေ့ကညပိုင်းမှာလည်း ပင်လည်ဘူးမြို့နဲ့ ထိစပ်နေတဲ့ ကောလင်းမြို့နယ်အရှေ့ခြမ်းကို စစ်ကောင်စီရဲ့ တံတားဦးတက် ဂျက်ဖိုက်တာက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်သွားခဲ့တယ်လို့ Kawlin Revolution – KR က ထုတ်ပြန်ထားပါတယ်။

ပုံစာ – စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ပြီးနောက် အင်္ဂါးရွာစာသင်ကျောင်းဝန်း မြင်ကွင်း
ဓာတ်ပုံ – ဒေသခံ ပေးပို့
0 Shares:
You May Also Like
Read More

မူဆယ်-မန္တလေး မီးရထားလမ်းတစ်လျှောက်က မြို့တွေမှာ စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ၂ လအတွင်း အရပ်သား ၆၈ ယောက် သေဆုံး

တရုတ်စီမံကိန်း ဖြစ်တဲ့ မူဆယ်- မန္တလေးမီးရထားလမ်းတစ်လျှောက်က ရှမ်းမြောက်မြို့ ၉ခုအပါအဝင် မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တို့မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ၂လအတွင်း အရပ်သား၂၀၀ ကျော် ထိခိုက်သေဆုံးထားတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ဆီက သိရပါတယ်။
Read More

ဘီးလင်းမြို့နယ် ပျဥ်းမပင်ဆိပ်အနောက်ခြမ်းရွာကို အကြမ်းဖက်စစ်တပ် ဗုံးကြဲလို့ ကလေးငယ် ၅ ဦး သေဆုံး၊ ၇ ဦး စိုးရိမ်ရ

မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ရှိ ပျဥ်းမပင်ဆိပ်အနောက်ခြမ်းရွာကို အကြမ်းဖက် စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၅ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဘောလခဲမှာ ရိက္ခာပို့တဲ့ စစ်ကြောင်းကို တိုက်ခိုက်၊ ၁၀ ယောက်ထက်မနည်း သေပြီး လက်နက် ၄ လက် သိမ်းဆည်း ရရှိ

ကယားပြည်နယ်၊ ဘောလခဲခရိုင်အတွင်းက အကြမ်းဖက်စစ်တပ်စခန်းကုန်းကို ရိက္ခာလာပို့တဲ့ စစ်ကြောင်းကို တိုက်ခိုက်ရာ ၁၀ ယောက် သေပြီး လက်နက် ၄ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ထားပါတယ်။
Read More

အင်းစိန်ထောင်က အကျဉ်းသား ၅၀၀ ခန့်ကို ထောင်ပြောင်းရွှေ့ခံရ

ရန်ကုန်၊ အင်းစိန်ထောင်ကနေ နိုင်ငံရေးအကျဉ်းသား အပါအဝင် အကျဉ်းသား ၅၀၀ ခန့်ကို သာယာဝတီထောင်နဲ့ ဒိုက်ဦးထောင်ကို ထောင်ပြောင်းရွှေ့မှု လုပ်ဆောင်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကရင်ပြည်နယ်က အကြမ်းဖက်စစ်တပ်ရဲ့ ဥကရစ်ထ စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ဒရုန်းနဲ့ဗုံးချခဲ့လို့ စစ်သား ၄ ယောက်ထက်မနည်း သေဆုံး

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်အထိုင်ချထားတဲ့ ဥကရစ်ထ စခန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက အောက်တိုဘာလ ၅ရက်နေ့မှာ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့လို့ အကြမ်းဖက်စစ်သား ၄ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

စလင်းမြို့နယ်တွင် အတုအယောင်ရွေးကောက်ပွဲအတွက် စစ်တပ် အင်အားဖြည့်တင်းကာ လုံခြုံရေးများ တိုးချထား

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက အတုအယောင်ရွေးကောက်ပွဲကာလ လုံခြုံရေးအတွက် ကျေးရွာတွေမှာ လက်နက်ကြီးတပ်ဆင် အထိုင်ချရင်း လုံခြုံရေးတိုးမြှင့်တာတွေ လုပ်ဆောင်လာတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက မောင်းကိုပြောပါတယ်။