ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ လက်ပန်ကုန်း၊ သရက်ကုန်း၊ ဉာဏ်တော၊ ရွေသွန်း၊ လုံဝယ်၊ အုမ္မသီးကျေးရွာနဲ့ ဆမ္မဆယ်ကျေးရွာတို့မှာ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေရာ စစ်ကောင်စီတပ်က လက်နက်ကြီး (၁၄၄) လုံးနဲ့ ဒရုန်းဖြင့် ဗုံး (၃၁)လုံးတို့ကို ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် – TNLA ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇွန်လ ၂၀ ရက် မနေ့က မနက်ပိုင်းမှာ ပိန္နဲကုန်းနဲ့ ဉာဏ်တောကျေးရွာကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး (၁၃)လုံးပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

မနေ့က မနက်ပိုင်းမှာပဲ သရက်ကုန်းကျေးရွာနဲ့ ကန်ကြီးကျေးရွာမှာ တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး(၂၀)လုံးနဲ့ ဒရုန်းနဲ့ ဗုံး(၁၁)လုံးတို့ကို ကြဲချပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒါအပြင် လက်ပန်ကုန်းကျေးရွာနဲ့ လိုင်ဝဲကျေးရွာမှာလည်း တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်က လက်နက်ကြီး (၄၆)လုံးနဲ့ ဒရုန်းဖြင့် ဗုံး(၆)လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို TNLA က ဆိုပါတယ်။

မနေ့က မွန်းလွဲပိုင်းမှာလည်း ရွှေသွန်းကျေးရွာမှာ တိုက်ပွဲ ဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး(၅၃)လုံးနဲ့ ဒရုန်းတဲ့ ဗုံး(၁၅)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဆမ္မဆယ်ကျေးရွာနဲ့ အုမ္မသီးကျေးရွာမှာလည်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ TNLAတို့ ထိတွေ့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

မနေ့က မနက်ပိုင်းမှာပဲ ရေမောင်းတန်းနဲ့ ရွှေညောင်ပင်ကျေးရွာကြား စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ကာ လက်နက်ကြီး(၄၁)လုံး၊ ဒရုန်းနဲ့ အဆိပ်ငွေ့ဗုံး (၆)လုံး၊ ဗုံး (၄၅)လုံးတို့ကို ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ ၁၈ ရက် မနက်ပိုင်းကလည်း ဉာဏ်တောနဲ့ ရွှေသွန်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က လက်နက်ကြီး (၃၈)လုံး၊ ဒရုန်းနဲ့ ဗုံး(၁၀)လုံးတို့ကို ကြဲချပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားတဲ့ ရွှေညောင်ပင်နဲ့ ရေမောင်းတန်းကျေးရွာဘက်ကိုလည်း ပြည်သူလူထုကို ပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး (၈)လုံး၊ ဒရုန်းနဲ့ ဗုံး (၂၃)လုံး ကြဲချပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA က ဆိုပါတယ်။

ညီနောင်မဟာမိတ် (၃)ဖွဲ့က ငလျင်ဒဏ်သင့်ပြည်သူတွေနဲ့ လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေမှာ ထိုးစစ်ဆင်တာတွေ ပြုလုပ်မှာမဟုတ်ဘဲ တစ်ဖက်သတ် အပစ်ရပ်ကာလကို (၁)လ သက်တမ်းထပ်တိုးထားချိန် စစ်ကောင်စီတပ်က အခွင့်ကောင်းယူပြီး အဆက်မပြတ်ထိုးစစ်ဆင်နေတာကြောင့် နောင်ချိုမြို့နယ်မှာ တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ထိုင်းနဲ့ တရုတ်ပေါင်းပြီး လိမ်လည်ဂိုဏ်းတွေ တိုက်ဖျက်ဖို့ ဘန်ကောက်နဲ့ မဲဆောက်မှာ ရုံးဖွင့်မယ်

မြန်မာ၊ ကမ္ဘောဒီးယားတို့နဲ့ ထိစပ်နေတဲ့ ထိုင်းနယ်စပ်တလျှောက်မှာ တရားမဝင် တယ်လီကွန်းနဲ့ အွန်လိုင်းလိမ်လည်လုပ်ငန်းတွေ အလျင်အမြန် တိုးပွားလာမှုကို တိုက်ဖျက်ဖို့ ထိုင်းနဲ့ တရုတ်အစိုးရတို့ပေါင်းပြီး ညှိနှိုင်းရေးရုံးတွေ ဖွင့်လှစ်သွားမယ်လို့ Reuters က သတင်းဖော်ပြပါတယ်။
Read More

တီးတိန်မြို့ ခလရ ၂၆၈ က စစ်ကောင်စီတပ်သား လက်နက်နဲ့အတူ အလင်း၀င်ရောက်လာ

ချင်းပြည်နယ်၊ တီးတိန်မြို့ အခြေစိုက် ခလရ ၂၆၈ တပ်ရင်းက တပ်သား ၁ ယောက်ဟာ လက်နက်တွေ ယူဆောင်လာပြီး အလင်းဝင်လာလို့ ငွေကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့ကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ပေါ်တာဆွဲခံခဲ့ရသည့် ထောက်ပို့ရဲဘော်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ ပြန်လည်အလင်းဝင်ရောက်လာ

“ကိုထက်က ယခင်က မြင်းခြံဘက်က ထောက်ပို့ ရဲဘော်ဟောင်းတစ်ဦးပါ။ မန္တလေး ပြင်ဦးလွင် ကြားမှာ ထောက်ပို့လုပ်ငန်း လုပ်ဆောင်ရင်း ပေါ်တာဆွဲခံရပြီး ပစ သင်တန်းပို့ခံရတာ” လို့ မင်းဘူးခရိုင် အမှတ် (၅) တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပြည်ပသွားရောက် အလုပ်လုပ်ကိုင်မှုကို အရေအတွက်ဖြင့် ကန့်သတ်ကာ ပြည်တွင်းမှာလည်း ကြီးပွါးတိုးတက်နိုင်သည်ဟု မင်းအောင်လှိုင် ပြော

ပြည်ပနိုင်ငံတွေကို သွားရောက်အလုပ်လုပ်ကိုင်လိုသူ များပြားနေချိန် အကြမ်းဖက်စစ်ကောင်စီက လစဥ် အရေအတွက် အကန့်အသတ်နဲ့သာ ခွင့်ပြုပြီးတဲ့နောက် ပြည်တွင်းမှာသာ အလုပ်လုပ်ကြဖို့ အကြမ်းဖက် မင်းအောင်လှိုင်က တိုက်တွန်းပြောဆိုထားပါတယ်။
Read More

“ရန်ကုန်အဝင် ချပ်ဝတ်ဆင်” မှ ရရှိသည့် စစ်ဝတ်တန်ဆာများကို ရှေ့တန်းရဲဘော်များထံ သွားရောက်တပ်ဆင်ပေး

"ရန်ကုန်အဝင် ချပ်ဝတ်ဆင်” ကျည်ကာကမ်ပိန်းကတဆင့် တော်လှန်ပြည်သူတွေရဲ့ ထောက်ပို့ငွေတွေနဲ့ ဝယ်ယူထားတဲ့ VEST ၊ ကျည်ကာ၊ ဦးထုပ် အစုံရေ (၅၀) ကို ရှေ့တန်းရဲဘော်တွေဆီ သွားရောက်တပ်ဆင်ပေးခဲ့တယ်လို့ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ၁ က ထုတ်ပြန်ပါတယ်။
Read More

NUG ဂုဏ်သိက္ခာကျဆင်းအောင် ရည်ရွယ် လုပ်ဆောင်မှုများ ရှိနေပြီး တော်လှန်ပြည်သူများ သတိပြုကြရန် လွတ်လပ်သော CDM အင်အားစု တိုက်တွန်း

တော်လှန်ရေးအစိုးရဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို နိုင်ငံရေး ရည်ရွယ်ချက်ရှိရှိ ဂုဏ်သိက္ခာကျဆင်းအောင် လုပ်ဆောင်မှုတွေ ရှိနေတဲ့အတွက် တော်လှန်ပြည်သူတွေ အသိ၊ သတိနဲ့ ဆင်ခြင်သုံးသပ်ကြဖို့ လွတ်လပ်သော CDM အင်အားစု (Independent CDM Alliance – ICA) က ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။