မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းရဲ့ ကာကင်းစခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ရာ စစ်သား ၁ ယောက် သေပြီး ၁ ယောက် အရှင်ဖမ်းမိခဲ့တယ်လို့ အရှိုချင်းကာကွယ်ရေးတပ် (ACDF) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇွန်လ ၂၀ ရက် မနေ့က မနက်ပိုင်းမှာ ခွန်ဇူကျေးရွာလမ်းခွဲရှိ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းရဲ့ ကာကင်းစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ ၁၅ မိနစ်ခန့် ကြာချိန်မှာ စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ၁ ယောက် သေဆုံးပြီး ၁ ယောက် အရှင်ဖမ်းမိကာ MA အမျိုးအစား သေနတ် ၅ လက်၊ BA 100 စိန်ပြောင်း ၁ လက်နဲ့ ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို အရှိုချင်းကာကွယ်ရေးတပ် (ACDF) ၊ ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho) နဲ့ လူ့ဘောင်သစ်တပ်မတော် (NSA) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ထိုင်း-မြန်မာနယ်စပ်မှာ စစ်ကောင်စီတပ်စခန်း ၁၃၈ ခုကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့

စစ်တပ်အာဏာသိမ်းပြီးနောက် KNLA နဲ့ မဟာမိတ်တပ်တွေက စစ်ကောင်စီတပ်စခန်း ၁၃၈ ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက် (KPSN)က အသိပေးထုတ်ပြန်ပါတယ်။
Read More

PDF စခန်းကို လမ်းပြဒလန် လုပ်ခဲ့သူ ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ စိန်ကန့်လန့်ရွာ၊ ရွှေကြီးမြင့်ရပ်ကွက်မှာနေထိုင်တဲ့ စစ်ကောင်စီရဲ့ လမ်းပြ သတင်းပေးဖြစ်သူ စန်းဌေးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၅) က သတင်းထုတ်ပြန်ပါတယ်။
Read More

စဉ့်ကူးမြို့နယ်က စစ်ရှောင် ၇၅၀ ကျော်ကို အဝတ်အထည်၊ စားနပ်ရိက္ခာနဲ့ ထောက်ပံ့ငွေတွေ PDF အမှတ် ၁၂၂၂ တပ်ရင်း ပေးအပ်

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်က စစ်ဘေးရှောင် ပြည်သူတွေနဲ့ သက်ကြီးရွယ်အို ၇၅၀ ကျော်ကို ဆန်၊ ဆီ၊ အဝတ်အထည်နဲ့ ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် အမှတ် (၁၂၂၂) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ကန့်ဘလူတွင် စစ်ကောင်စီတပ်ကက အရပ်သား ၅ ဦးကို ဧပြီလအတွင်း ဖမ်းဆီးသတ်ဖြတ်ခဲ့

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်မှာ စစ်ကြောင်းနဲ့ တိုးတဲ့ အရပ်သား ၂ ယောက်အပါဝင် ဧပြီလအတွင်း စစ်ကောင်စီတပ်ကက အရပ်သား ၅ ယောက်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင် က သတင်းထုတ်ပြန်ပါတယ်။
Read More

ABSDF အမှတ်-၂ စစ်ကြောင်း၏ အမှတ်စဉ် ၁/၂၀၂၅၊ အပတ်စဉ် (၉) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနား

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (မြန်မာပြည်မြောက်ပိုင်း) ABSDF ကျောင်းသားတပ်မတော် အမှတ် -၂ စစ်ကြောင်းက အမှတ်စဉ် ၁/၂၀၂၅ ၊ အပတ်စဉ် (၉) အခြေခံစစ်ပညာ သင်တန်းဆင်းပွဲအခမ်းအနားကို ဇွန်လ ၂၅ ရက်က အမှတ်-၂ စစ်ကြောင်း အခြေခံစစ်ပညာ သင်တန်းဌာနမှာ ပြုလုပ်ခဲ့တယ်လို့ ABSDF က ဒီနေ့က ထုတ်ပြန်ပါတယ်။
Read More

ဒီပဲယင်းစာသင်ကျောင်း လေကြောင်းတိုက်ခိုက်မှုကို သရုပ်ပြခဲ့သည့် ရန်ကုန်မြို့လယ်ခေါင်က သွေးစွန်းကျောင်းလွယ်အိတ်နှင့် ဖတ်စာအုပ်များ

ကျောင်းသားကျောင်းသူ ၂၂ ယောက်နဲ့ ဆရာမ ၂ ယောက် သေဆုံးခဲ့တဲ့ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာ လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်ကို သရုပ်ပြဆန္ဒထုတ်ဖော်တဲ့ လှုပ်ရှားမှုတစ်ခု ရန်ကုန်မြို့လယ်ခေါင်မှာ ပြုလုပ်ခဲ့တယ်လို့ Yangon Revolution Force (YRF) က ဒီနေ့ ထုတ်ပြန်ပါတယ်။