ပဲခူးတိုင်း တောင်ငူမြို့နယ် တောင်ငူ-လိပ်သိုလမ်းမပေါ်မှာ ခမရ ၆၀၃ တပ်ရင်းကို ရိက္ခာပို့ပြန်လာတဲ့ စစ်ယာဉ်တန်းနဲ့ ထိုးဝါးချောင်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက် ခိုက်ခဲ့ရာ စစ်သား ၅ ယောက်သေဆုံးပြီး ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ Kenni Twilight Zoneမှ သတင်းထုတ်ပြန်ထားပါတယ်။

ဇွန်လ ၇ ရက် နံနက်ပိုင်းက တောင်ငူ-လိပ်သိုလမ်းမပေါ်မှာ ခမရ ၆၀၃ တပ်ရင်းကို ရိက္ခာပို့ပြန်လာ တဲ့ စစ်ယာဉ် ၁၁ စီးအား ထိုးဘိုကြီးကျေးရွာအထွက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း ယာဉ် ၁ စီး ထိုးဝါးချောင်းကျေးရွာအနီး တိမ်းမှောက်သွားပြီး ယာဉ်တန်းအား လမ်းကင်းလုံခြုံရေးပေးထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ထိုးဝါးချောင်း‌ကျေးရွာမှာ အင်အား ၄၀ ခန့်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို တစ်ချိန်တည်းဝင်ရောက်တိုက်ခိုက်ခဲ့တယ် လို့ သိရပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၅ ဘောက်သေပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရရှိသွားကာ ၆၀ မမ ဗုံးသီး ၅လုံး၊ ၅.၅၆ ကျည် ၅၀၀၊ လက်ပစ်ဗုံး ၃ လုံး၊MA ကျည်ဘောက် ၄ ခုနှင့် ၁၄မိုင်း ၄လုံးကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို KNU တပ်မဟာ(၂)တပ်ရင်း(၅)လက်အောက်ခံ ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့နှင့်အတူ တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင် ၃၅၀၂ တပ်ခွဲ(၁)/(၂) တို့ ပူးပေါင်းလုပ် ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video-Kenni Twilight Zone
0 Shares:
You May Also Like
Read More

မြို့သာစက်မှုဇုန်ထဲကနေ ၁၂ ဘီးကားနဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း မြို့သာစက်မှုဇုန်ထဲကနေ ၁၂ ဘီးကားနဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို စက်တင်ဘာ ၂၅ ရက် မနက်ပိုင်းက ဆီမီးခုံဆိပ်ကမ်း-မြို့သာစက်မှုဇုန်လမ်းမပေါ် တဲကြီးရွာနဲ့ ရွာသာအေးရွာကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ရွှေဂျိုးဖြူ - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တဲ့ CDF-Mindat ( Drone Team)ရဲ့ တိုက်ပွဲဝင်ပုံရိပ် (ရုပ်/သံ)

အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ နေရာတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ပွဲဝင်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို CDF-Mindat (သတင်း ပြန်ကြားရေး နှင့် မှတ်တမ်းဌာန)မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

ယင်းမာပင်ခရိုင် တပ်ရင်း ၉ ရဲ့ နောက်ချန်ရဲဘော်တွေ တစ်နေ့တာလှုပ်ရှားမှုများ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ တပ်ရင်း ၉ စစ်ကြောင်းဖြစ်တဲ့ Idiots Column တပ်ဖွဲ့ရဲ့ နောက်ချန် ရဲဘော်တွေ တစ်နေ့တာ လုပ်ဆောင်နေတဲ့ လှုပ်ရှားမှုတွေကို ထုတ်ပြန် ဖော်ပြလိုက်ပါတယ်။
Read More

ချင်းတွင်းမြစ်ကြောင်းအတွင်း အကြမ်းဖက်စစ်တပ်၏ အမြန်ရေယာဉ် ၂ စီးကို ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းတစ်နေရာမှာ အကြမ်းဖက်စစ်တပ်ရဲ့ အမြန်ရေယာဉ် ၂ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ချင်းတွင်းကာကွယ်ရေး အထူးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကျောက်မဲမြို့ စျေးသစ်ဝန်းကျင်ကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၃ ယောက် ဒဏ်ရာရ (ရုပ်/သံ)

ရှမ်းပြည်နယ် ကျောက်မဲမြို့မှာ စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ TNLA  မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရွှေကုက္ကိုလ်နယ်မြေရှိ ၁၂ ထပ် ကျားဖြန့်အဆောက်အအုံကို စစ်ကော်မရှင် ဖြိုချဖျက်ဆီးပြ (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ် ရွှေကုက္ကိုလ်နယ်မြေရှိ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်ရာ ၁၂ ထပ်ရှိတဲ့ အဆောက်အအုံကို စစ်ကော်မရှင်က ဒီနေ့ ဖောက်ခွဲ ဖြိုချပြခဲ့ပါတယ်။