ပဲခူးတိုင်း တောင်ငူခရိုင် အုတ်တွင်းမြို့နယ်နဲ့ ထန်းတပင်မြို့နယ်တွေကို စစ်ကြောင်း ၃ ကြောင်းခွဲပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး အများအပြားသေဆုံးခဲ့တယ်လို့ People’s Defence Organization – Oktwinမှ သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ အုတ်တွင်းမြို့နယ် ကျွဲပွဲမြို့မှ ကိုင်းတိုင်ရွာသို့ စစ်ကြောင်း တစ်ကြောင်း၊ ထန်းတပင်မြို့နယ် ထန်းတပင်တံတားမှ ကိုးတိုင်ကျေးရွာသို့ စစ်ကြောင်းတစ်ကြောင်းနဲ့ ထန်းတပင်မြို့နယ် ဇရပ်ကြီးမြို့မှ ရေကြည်ကုန်းကျေးရွာသို့ စစ်ကြောင်း တစ်ကြောင်း စုစုပေါင်း အင်အား ၂၈၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့အတွက် တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ ၁၂ ၇က်မှ ဇွန်လ ၁၇ ရက်အထိ ၅ ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြေပြင်ရဲဘော်တွေနဲ့ ကင်းထောက်ဒရုန်းမှတ်တမ်းများအရ စစ်ကောင်စီတပ်သားအများအပြားသေဆုံးခဲ့တယ်လို့ သိရပါ တယ်။

အဲဒီတိုက်ခိုက်မှုကို အုတ်တွင်းမြို့နယ် ပကဖ၊ တပ်ရင်း (၃၅၀၂)၊ တောင်ငူမြို့နယ် ပကဖ၊ ယောနသံ Drone Forceနဲ့ Delta One Drone Forceတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီး ဗျူဟာ ၂၃ တပ်ဖွဲ့ရဲ ဘော် ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Video- People’s Defence Organization – Oktwin
0 Shares:
You May Also Like
Read More

လောင်းလုံးမြို့နယ်အတွင်း အင်အား ၃၀၀ ခန့်ရှိ စစ်ကောင်စီစစ်ကူစစ်ကြောင်းအား တိုက်ခိုက်မှု စစ်ကောင်စီတပ်သားများ အထိနာ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း အင်အား ၃၀၀ ခန့်ရှိတဲ့ စစ်ကောင်စီစစ်ကူစစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတွေ သေဆုံးမှုများခဲ့ပြီး အထိနာခဲ့တယ်လို့ ဝေဟင်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဝက်လက်မြို့နယ် လှတောရွာကို အကြမ်းဖက်စစ်တပ် ဝင်ရောက်မီးရှို့ဖျက်ဆီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ လှတောရွာကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးလျက်ရှိတယ်လို့ Wetlet Informational Network က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကန်ပိုက်တီးမြိုအနီးက အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ်ရင်းဌာနချုပ်ကို KIA တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

ကချင်ပြည်နယ်၊ ကန်ပိုက်တီးမြိုအနီးမှာရှိတဲ့ အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ်ရင်းဌာနချုပ်ကို KIA က  အောက်တိုဘာ ၂၁ ရက် ညနေပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို ရှေ့တန်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ရေးမြို့နယ်တွင် ၃ ရက်ဆက် တိုက်ပွဲဖြစ်ပြီး စစ်တပ် ဗိုလ်ကြီး ၁ ဦး အပါ ၁၂ ဦး သေ (ရုပ်/သံ)

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်ရှင်တပ်ကိုတိုက်ခိုက်ရာ ဗိုလ်ကြီး ၁ ယောက် အပါအဝင် ၁၂ ယောက် သေဆုံးခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) က သတင်းထုတ်ပြန်ပါတယ်။ 
Read More

မုံရွာမြို့နယ် ပေါက်ပင်ကျေးရွာကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်သားတွေ တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ပေါက်ပင်ကျေးရွာကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ Sun King Envoy Monywa မှ သတင်းထုတ်ပြန် ထားပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်က အင်အား ၁၀၀ ခန့်နဲ့ ပေါက်ပင်ကျေးရွာသို့ ဝင်ရောက်လာပြီး ရွာကို မီးရှို့ ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
Read More

သစ်ရုံကျေးရွာအတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့နယ် သစ်ရုံကျေးရွာကို ဒီဇင်ဘာ ၆ ရက်က စစ်ကြောင်းထိုးနေတဲ့ အကြမ်း ဖက်စစ်သားနဲ့ ပျူစောထီးတွေကို တော်လှန်ရေးတပ်တွေ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ Freedom Fighter Guerrilla Force အဖွဲ့ထံက သိရပါတယ်။