ရန်ကုန်မြို့၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် သုခဒဂုံအိမ်ရာမှာ သူခိုးကို ဖမ်းဆီးဖို့ကြိုးစားရာမှ အိမ်ရှင်လင်မယား ဓားထိုးခံရပြီး အမျိုးသားဖြစ်သူ ပွဲချင်းပြီး သေဆုံးကာ အမျိုးသမီးဖြစ်သူ ဒဏ်ရာရသွားတယ်လို့ မြို့ခံတွေနဲ့ လူမှုကူညီရေးအသင်းဆီက သိရပါတယ်။

ဇွန်လ ၂၁ ရက် ဒီနေ့မနက်အစောပိုင်းမှာ သုခဒဂုံအိမ်ရာ E-1 တိုက်ခန်းမှာ တိုက်ခန်းအတွင်း သူခိုးဝင်ခိုးနေတာကို အိမ်ရှင်အမျိုးသားက တွေ့မြင်သွားပြီးနောက် ဖမ်းဆီးဖို့ ကြိုးစားရာက သူခိုးက ဓားနဲ့ ထိုးပြေးသွားတာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ သေဆုံးသူအမျိုးသားနဲ့ ဒဏ်ရာရသူ အမျိုးသမီးတို့ကို သင်္ဃန်းကျွန်း စံပြဆေးရုံဆီ နယ်မြေခံ လူမှုကူညီရေးအသင်းက ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

ဓားနဲ့ ထိုးပြီး ထွက်ပြေးသွားတဲ့ သူခိုးကိုလည်း အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားပြီဖြစ်တယ်လို့လည်း မြို့ခံတွေဆီက သိရပါတယ်။

အကြမ်းဖက်စစ်တပ် မတရားအာဏာသိမ်းပြီး​နောက်ပိုင်း တိုင်းပြည်စီးပွားရေးပျက်ကာ ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ အလုပ်လက်မဲ့လူဦးရေ များပြားလာမှုတို့ကြောင့် ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေမှာတောင် ညအချိန်တင်မက နေ့အချိန်မှာပါ ခိုးဆိုးလုယက်မှုတွေနဲ့ ရာဇဝတ်မှုတွေ ပိုမို များပြားလာနေတာဖြစ်ပါတယ်။

ဓာတ်ပုံ – ရွှေမေတ္တာလူမှုကူညီရေးအသင်း
0 Shares:
You May Also Like
Read More

လောင်းလုံးမြို့တော်ခန်းမရှေ့က စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု (ဓာတ်ပုံသတင်း)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်က မြို့တော်ခန်းမနဲ့ ဆေးရုံရှေ့မှာ စစ်အုပ်စုဆန့်ကျင်ရေး ဆန္ဒပြခဲ့တယ်လို့ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC) ဘက်က သတင်းထုတ်ပြန်ထားပါတယ်။
Read More

KNU ဗဟိုမှာ ၂၇၆၄ ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနား ကျင်းပပြုလုပ်

၂၇၆၄ ခုနှစ်၊ သလေလဆန်း (၁)ရက် မနေ့က ကျရောက်တဲ့ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ဂုဏ်ပြုခြင်း အခမ်းအနားတစ်ရပ်ကို ကရင်အမျိုးသားအစည်းအရုံး၊ ဗဟိုမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဟားခါးမြို့မရဲစခန်းအတွင်း ဝင်ရောက်ခဲ့သည့် CDF-Hakha နှင့် CNA အကျဥ်းသားများ ကယ်ထုတ်ရေးမစ်ရှင် 

ချင်းပြည်နယ်၊ ဟားခါးမြို့မရဲစခန်းမှာ အကြမ်းဖက် စစ်ကော်မရှင် မတရား ဖမ်းဆီးချုပ်နှောင်ထားတဲ့ တော်လှန်ရေးရဲဘော်တွေကို သွားရောက်ကယ်ထုတ်နိုင်ခဲ့ကြောင်း Chinland Defense Force – Hakha က ဒီည ထုတ်ပြန်ပါတယ်။
Read More

PDF ဗျူဟာ ၃၂ ပူးပေါင်းစစ်ကြောင်းနဲ့ စစ်ကောင်စီ အောင်ဇေယျစစ်ကြောင်းတို့ အာရှလမ်းမကြီးမှာ တိုက်ပွဲဖြစ်ပြီး ခဲယမ်းတွေ သိမ်းဆည်းရရှိ

ကရင်ပြည်နယ်၊ မြဝတီမြို့ကို စစ်ကူတက်လာတဲ့ စစ်ကောင်စီရဲ့ တပ်မ ၅၅၊ စကခ ၁၂၊ တပ်မ ၄၄ အောင်ဇေယျစစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃၊ ဗျူဟာ ၃၂ ပူးပေါင်းစစ်ကြောင်းတို့ အာရှလမ်းမကြီးမှာ ထိတွေ့တိုက်ပွဲဖြစ်ရာ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

စစ်တောင်းမြစ်အရှေ့ဘက်ကမ်းတွင် ရွာမီးရှို့နေသည့် စစ်အုပ်စုနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်​တောင်းမြစ်အရှေ့ဘက်ကမ်းက ရွာသစ်ကျေးရွာမှာ အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

ရွှေဘိုမှာ ဘုန်းကြီးကျောင်းထဲ တပ်စွဲထားတဲ့ စစ်အုပ်စုတွေ ဒရုန်းနဲ့ ဗုံးကြဲခံရပြီး ၅ ယောက်သေ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။