ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်​မြို့မှာ ထိုင်းအာဏာပိုင်တွေက တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို အဓိက ပစ်မှတ်ထား ရည်ရွယ်တဲ့ ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ဒုတိယပတ်အကုန်လောက်ကစလို့ ထိုင်းအာဏာပိုင်တွေဟာ မဲဆောက်မြို့လမ်းမတွေပေါ်မှာ သုံးဘီးဆိုင်ကယ်၊ စကူတာနဲ့ ဘတ္ထရီစက်ဘီးစီးနင်းတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေနဲ့ နေထိုင်သူတွေကို အရှိန်အဟုန်မြှင့် ဖမ်းဆီးတာတွေ လုပ်ဆောင်လာတာလည်း ဖြစ်ပါတယ်။

အခုလိုမျိုး ဖမ်းဆီးခံရမှု များလာတာဟာ ထိုင်းနိုင်ငံက တရားဝင်ပြဌာန်းထားတဲ့ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဥပဒေတွေအပေါ် မြန်မာရွှေ့ပြောင်းလုပ်သားတွေနဲ့ နေထိုင်သူတွေက လိုက်နာမှုအားနည်းတာကြောင့်ဖြစ်ပြီး ထိုင်းနိုင်ငံသားတွေရဲ့ တိုင်တန်းမှုတွေကြောင့်လည်း ဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနကတော့ နိုင်ငံခြားသားတွေရဲ့ တရားမဝင်သုံးဘီးဆိုင်ကယ်တွေကို ဖမ်းဆီးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
” သုံးဘီး(စန်ပလော) တွေနဲ့ Ebike တွေဖမ်းနေတာ တော်တော်ဆိုးဆိုးပဲ။ ကျနော်တို့သိတဲ့ ရေဘူးပို့တဲ့ကောင်လေးတွေလည်း အကုန်ပါသွားတယ်။ အခုက ရဲကဒ်နဲ့ ဘာမှလုပ်မရဘူး။ သူတို့နိုင်ငံသားပဲ လုပ်ခွင့်ပေးထားတာ” လို့ မဲဆောက်မြို့နေ မြန်မာရွှေပြောင်းအလုပ်သမား ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။

ဒါ့အပြင် အခုရက်ပိုင်းအတွင်း ရဲကြေးပေးဆောင်ပြီး ဖွင့်လှစ်ထားတဲ့ မြန်မာရွှေ့ပြောင်းနေထိုင်သူတွေရဲ့ တရားမဝင် စျေးဆိုင်ခန်းတွေကိုပါ ဝင်ရောက်စစ်ဆေးဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ဆောင်လာတယ်လို့လည်း သိရပါတယ်။
” ဒီမနက် မဲဆောက်စျေးသွားတာ သရဲခြောက်မှာ​တောင်​ ကြောက်ရတယ်။ နေလာတဲ့ တစ်သက်နဲ့တစ်ကိုယ် ဒီလောက် ခြောက်ကပ်တာမျိုး မတွေ့ဖူးဘူး” လို့ မဲဆောက်မြို့မှာ အခြေချနေထိုင်နေသူတစ်ယောက်က​ မောင်းသတင်းဌာနကို​ ပြောပါတယ်။

ကျန်တဲ့ မဲဆောက်နေသူ ၁ ယောက်ကလည်း ” ဒီလိုအချိန်အထောက်အထားမရှိရင်အပြင်မထွက်တာအကောင်းဆုံးပါ။ တောမောင်းကဝင်ရင်ရှင်းဖို့ခက်ပါတယ်။ ကိုယ်တစ်ခုခုဖောက်ဖျက်မိတာနဲ့ ဘတ်သောင်းဂဏန်းအထိဒဏ်ရိုက်ခံရနိုင်တယ်။” လို့ ပြောပါတယ်။

ထိုင်းအလုပ်သမား​ဝန်ကြီးဌာနဘက်ကတော့ ထိုင်းဥပဒေမှာ ခွင့်မပြုထားတဲ့ လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားတွေကို နိုင်ငံတစ်ဝှမ်း အရှိန်မြှင့်ဖမ်းဆီးသွားဖို့ရှိတယ်လို့ ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက​ကေနေ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးချိန်ကစလို့ မြန်မာနိုင်ငံတွင်းက နိုင်ငံရေးအင်အားစုတွေနဲ့ စစ်မှုထမ်းဥပဒေကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့ မြန်မာနိုင်ငံသားအများစု နေထိုင်ရာ ထိုင်းနိုင်ငံထဲက မြို့တွေမှာ မဲဆောက်မြို့လည်း ပါဝင်တာ ဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

အမေရိကန်ပြည်ထောင်စု တဝန်းမှာ သမ္မတ ထရမ့်ကို ကန့်ကွက်ဆန္ဒပြ (ဓာတ်ပုံသတင်း)

အမေရိကန်ပြည်ထောင်စု တဝန်းမှာ သမ္မတ ထရမ့်ကို ကန့်ကွက် ရှုတ်ချ ဆန္ဒပြမှုတွေ ဆက်တိုက်ဖြစ်ပါ်လျက်ရှိနေပါတယ်။
Read More

စစ်ကောင်စီအဖွဲ့ဝင် ၁၃ ဦးနှင့် အဖွဲ့အစည်း သုံးခုကို ကနေဒါက ပိတ်ဆို့အရေးယူ

အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင်ထဲက စစ်ဗိုလ်ချုပ်တွေအပါအဝင် လူပုဂ္ဂိုလ် ၁၃ ဦးနဲ့ အဖွဲ့အစည်း သုံးခုကို ကနေဒါအစိုးရက ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်တယ်လို့ ကြေညာပါတယ်။
Read More

ရုရှားအရာရှိများကို ငါးသလောက်ပေါင်း၊ လက်ဖက်သုပ်များဖြင့် မင်းအောင်လှိုင် ဧည့်ခံခဲ့ဟု စစ်အုပ်စု ထိန်းချုပ် သတင်းစာ ဖော်ပြ

ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ကျင်းပမယ့် ကမ္ဘာ့အဏုမြူဖိုရမ် (World Atomic Week 2025) တက်ဖို့ သွားရောက်တဲ့ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရုရှားအရာရှိတွေကို ငါးသလောက်ပေါင်း၊ လက်ဖက်သုပ်တွေနဲ့ ဧည့်ခံခဲ့တယ်လို့ စစ်အုပ်စုထိန်းချုပ်ထားတဲ့ သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
Read More

မြန်မာစစ်ပွဲအပေါ်  နိုင်ငံတကာရဲ့တုံ့ပြန်မှု ‘အလုပ်ဖြစ်မနေဘူး’ လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြော

မြန်မာ့ပြည်တွင်းစစ်ကို ရပ်တန့်ဖို့ ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းမှုတွေဟာ အလုပ်မဖြစ်တာ ရှင်းလင်းနေတယ်လို့ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ကအောက်တိုဘာလ ၁၀ ရက်နေ့မှာ ပြောကြားခဲ့ပြီး စစ်ကောင်စီကို ငွေ၊ လက်နက်နဲ့ တရားဝင်မှုတွေ ဖြတ်တောက်ဖို့ တိုက်တွန်းထားပါတယ်။
Read More

နယူးယောက်တွင် ဒေါ်အောင်ဆန်းစုကြည် အသက် (၈၀) ပြည့် မွေးနေ့အထိမ်းအမှတ် ဆုတောင်းပွဲပြုလုပ်

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ Time Square ရင်ပြင်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၀) ပြည့် မွေးနေ့ဆုတောင်းပွဲနဲ့ ဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး ဆုတောင်းပွဲကို ဇွန်လ ၂၂ ရက် ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

သေ့ဘောဘိုး စခန်းသိမ်းတိုက်ပွဲကြောင့် ထိုင်းတိုက်လေယာဉ်နှစ်စင်း နယ်စပ်ကင်းလှည့်

မြန်မာစစ်တပ်နဲ့ ကရင်တော်လှန်ရေး ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတဖန် ပြန်လည်ပြင်းထန်နေတာကြောင့် ထိုင်းလေတပ်က နယ်စပ်ကင်းလှည့်နေကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။