ပဲခူးတိုင်း လက်ပံတန်းမြို့နယ် ပဲခူးရိုးမအစပ်ရှိ ရေငံကျေးရွာမှာ အင်အား ၃၀ ခန့်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ မှ သတင်းထုတ်ပြန်ထားပါတယ်။

ဇွန်လ ၁၉ ရက် နံနက်အစောပိုင်းက ·‌‌ရေငံကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေရှိတဲ့ စခန်းကို သွားရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု ၁ နာရီကျော်ဖြစ်ပွားခဲ့ပြီး စစ် ကောင်စီတပ်သား ၅ ယောက်သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အထိနာသွားတဲ့ စစ်ကောင်စီတပ်သားဆီသို့ ထန်းပင်ချောင်းဘက်ကနေ တပ်ကူတွေ ရောက်ရှိလာတဲ့အတွက် တော်လှန်ရေးရဲဘော်တွေ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ ၊ တပ်ခွဲ ၃ နဲ့ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (သာယာဝတီခရိုင်ပကဖ ၊ အမှတ် ၁ တိုက်ခိုက်ရေးတပ်ဖွဲ့)တို့က ပူးပေါင်းလုပ် ဆောင်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ပုလဲမြို့နယ် ကန့်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲ မှတ်တမ်းရုပ်သံဖိုင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ထုတ်ပြန်

ကန့်ဒေါင့်ရွာနဲ့ ၃ မိုင်ကွာဝေးတဲ့ အင်မထီးရွာကို စစ်ကောင်စီက Mi17 ရဟတ် ယာဉ်နဲ့ အကြိမ်ကြိမ် စစ်ကူပေးပို့ခဲ့ပေးမယ့် PLA နဲ့ မဟာမိတ်တပ်ပေါင်းစုတွေက စစ်ကြောင်းပျက်တဲ့အထိ တိုက်ခိုက် ဟန့်တားခဲ့တယ်လို့ သိရပါတယ်။
Read More

ရွာအပြင်က စစ်ရှောင်တဲများကို ရွာအတွင်း တပ်စွဲထားသည့် စစ်တပ်က မီးရှို့ဖျက်ဆီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ငယှန်ရွာထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက ရွာသားများ လက်ရှိရှောင်တိမ်းနေထိုင်နေရတဲ့ ရွာပြင်က စစ်ရှောင်တဲတွေကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက မောင်းကိုပြောပါတယ်။
Read More

SSNDF/KNDF ဗျူဟာအမှတ် – ၉ တွေ့ဆုံဂုဏ်ပြုပွဲ အခမ်းအနားနေ့တွင် ရဲဘော်များ သေနတ်အဖြုတ်အတပ် ပြိုင်ပွဲပြုလုပ် (ရုပ်/သံ)

SSNDF/KNDF ဗျူဟာအမှတ် - ၉ တွေ့ဆုံဂုဏ်ပြုပွဲအခမ်းအနားနေ့မှာ တပ်ရင်း B-101 ၊ B-102 ၊ B-103 တို့က ရဲဘော်တွေ ပါဝင်ယှဉ်ပြိုင်တဲ့ သေနတ်အဖြုတ်အတပ်ပြိုင်ပွဲ ပြုလုပ်ခဲ့တယ်လို့ SSNDF/KNDF B-101 က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြို့သိမ်းတိုက်ပွဲတွေအတွက် အဓိကရည်ရွယ်တဲ့ End Point ကမ်ပိန်းကို တစ်လ ထပ်တိုးသတ်မှတ် (ရုပ်/သံ)

Myingyan Black Tiger (MBT) တပ်ဖွဲ့က ပြုလုပ်ထားတဲ့ End Point ကမ်ပိန်းကို သတ်မှတ်ကာလ တစ်လ ထပ်တိုးသတ်မှတ်ထားတယ်လို့ MBTတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြည်သူတွေထံ အသိပေးလာပါတယ်။
Read More

အင်အား ၂၀၀ ခန့်ရှိ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၂၇ ယောက်သေ၊ ဗိုလ်မှူးနှင့် ဗိုလ်ကြီး အပါအဝင် ၁၄ ယောက် ဖမ်းဆီးရမိ (ရုပ်/သံ)

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် ဝက်လူးရဲစခန်းကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၂၇ ယောက်သေကာ ဗိုလ်မှူး၊ ဗိုလ်ကြီးအပါအဝင် ၁၄ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၄-၁၀) တပ်ရင်းထံက သိရပါတယ်။
Read More

တရုတ်ဂတ်စ်ပိုက်လိုင်းစောင့်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ်မှာရှိတဲ့ တရုတ်ဂတ်စ်ပိုက်လိုင်းစောင့်နေတဲ့ အကြမ်း ဖက်စစ်ကောင်စီတပ်သားတွေကို ဧပြီ ၂၄ ရက် ညနေပိုင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။