တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ဘုတ်ခြံအခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ်က အတင်းအဓမ္မစစ်သား စုဆောင်းခံထားရတဲ့ စစ်သား (၂) ယောက် လက်နက်တွေနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇွန်လ (၂၁) ရက် ဒီနေ့မှာ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ဘုတ်ခြံအခြေစိုက် ခလရ (၁၇) က တပ်ကြပ်ကြီးစာရေး (အကူ) ၁ ယောက်နဲ့ ဒုတပ်ကြပ် (၁) ယောက်ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာ (၃၅) နယ်မြေ၊ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းဆီ လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။

အလင်းဝင်လာတဲ့ စစ်သား ၂ ယောက်ဟာ MA-1 ရိုင်ဖယ် (၁) လက်၊ MA-2 စက်ကလေး (၁) လက်၊ လက်ပစ်ဗုံး (၂) လုံး၊ M-14 နင်းမိုင်း (၁) ခု၊ ကျည်ဘောက် (၁၅)ခု၊ ကပစထုတ် ၅.၅၆ ကျည် (၇၉ဝ) တောင့် ယူဆောင်လာခဲ့တယ်လို့ သိရပါတယ်။
အလင်းဝင် စစ်သားတွေဟာ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်း အခြေခံစစ်သင်တန်း အပတ်စဉ် (၂) တက်ရောက်ဖို့ အတင်းအဓမ္မ စစ်သားစုဆောင်းခံခဲ့ရကာ ခလရ (၁၇) မှာ တာဝန်ချထားခံခဲ့ရတာဖြစ်ပြီး အခုချိန်မှာတော့ အလင်းဝင်စစ်သား ၂ ယောက်ကို ကောင်းမွန်လုံခြုံစွာ စောင့်ရှောက်ထားရှိထားတယ်လို့ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက ဆိုပါတယ်။

မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းအနေနဲ့ စစ်အောက်စီလက်အောက်ကနေ ရုန်းထွက်လာမယ့် သူတိုင်းကို အမြဲလက်ကမ်း ကြိုဆိုနေတာ​ကြောင့် စစ်ကောင်စီတပ်အတွင်း အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိတာဝန်ထမ်းဆောင်နေရသူတွေအနေနဲ့ သတ္တိမွေးပြီး ရုန်းထွက်ခဲ့ဖို့ တိုက်တွန်းထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

နိုင်ငံခြားငွေ ရှားပါးလာတဲ့ စစ်ကောင်စီက စက်သုံးဆီ တင်သွင်းမှုကို လျှော့ချနိုင်ဖို့ စမတ်ကတ်စနစ်ကို ကျင့်သုံးခြင်းသာ ဖြစ်

တစ်နေ့လျှင် တစ်ကြိမ်သာ ဓာတ်ဆီနှင့်ဒီဇယ်ဆီ ဝယ်ယူခွင့်ပြုမယ့်  စက်သုံးဆီဝယ်ယူခွင့် စမတ်ကတ်စနစ် ဟာပြည်ပကနေ စက်သုံးဆီ ဝယ်ယူတင်သွင်းရမှုကို လျှော့ချဖို့ ရည်ရွယ်ပြီး ဆောင်ရွက်သာဖြစ်ကြောင်း စီးပွားရေးပညာရှင်တွေက ပြောဆိုလိုက်ပါတယ်။
Read More

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အောက်တိုဘာလအတွင်း စစ်ရှောင်ပြည်သူ ၃၉၄ ယောက်ကို ဆေးကုသပေးခဲ့

မကွေးတိုင်းအခြေစိုက် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) တပ်ဖွဲ့က လက်ထောက်အထွေထွေ အတွင်းရေးမှူး (၁) ဦးဆောင်တဲ့ ဆေးတပ်သားတွေနဲ့ CDM ဆရာမတွေက စစ်ဘေးရှောင်ပြည်သူတွေနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေ စုစုပေါင်း စစ်ဘေးရှောင်ပြည်သူ ၃၉၄ ယောက်ကို ဆေးဝါးကုသပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

ခလရ (၅၀) တပ်ရင်းမှူးသစ် ညစာစားပွဲ လုပ်နေချိန် ဂန့်ဂေါမြို့အဝင် စစ်ဆေးရေးဂိတ် ဒရုန်းဖြင့် တိုက်ခိုက်ခံရ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြို့အဝင် ခလရ(၅၀) လမ်းဆုံမှာရှိတဲ့ အကြမ်းဖက်စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းတွေနဲဗုံးကြဲ တိုက်ခိုက်လို့ ရဲနဲ့ စစ်သားတွေထိခိုက်သွားပြီး စစ်အုပ်စုက ဖုန်းလိုင်းတွေ ချက်ချင်းဖြတ်တောက်ပစ်ခဲ့တယ်လို့ ယောအလင်းတန်းအဖွဲ့ဆီက သိရပါတယ်။
Read More

ရန်ကုန်တွင် မနေ့ညက ၃ ကြိမ် ငလျင်လှုပ်ခဲ့ပြီး ဒီမနက် ၁ ကြိမ် ထပ်မံလှုပ်ခတ်

ရန်ကုန်မြို့အနီးကို ဗဟိုပြုပြီး အင်အားအသင့်အတင့်ရှိ မြေငလျင်တစ်ခု ဒီနေ့မနက်ပိုင်းမှာ လှုပ်ခတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

အုတ်ဖိုမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူ ၄ ယောက်ကို သတ်ဖြတ်ခဲ့…

ပဲခူးတိုင်း၊ အုတ်ဖိုမြို့မှာ ပြည်သူ ၄ ယောက်ကို အကြမ်းဖက်စစ်ကောင်စီတပ်က နေအိမ်တွေမှာ လာရောက်ခေါ်ဆောင်ကာ သတ်ဖြတ်လိုက်တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းပေါ်မှာ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်၊ စစ်ကိုင်းကနေ မုံရွာကိုလာတဲ့ စစ်ကောင်စီ ဆီဘောက်ဆာယာဥ်တန်းကိုလည်း အနီးကပ် ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ မုံရွာ-မန္တလေးလမ်းပိုင်းပေါ် လမ်းကင်းယူဖို့ထွက်လာတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး  အရာရှိ ၁ ယောက်အပါအဝင် ၄ ယောက် ထိခိုက်သွားကြောင်း Brave Heart Army (BHA) အဖွဲ့ထံက သိရပါတယ်။