ကရင်ပြည်နယ် ကျုံဒိုးမြို့ကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီ တပ်မ ၅၅ နဲ့ တပ်မ ၄၄ ပူးပေါင်းစစ် ကြောင်းကို တိုက်ခိုက်ချေမှုန်းလိုက်ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ Lion Battalion Commando စစ်ကြောင်းက မှတ်တမ်းရုပ်သံနဲ့တကွ ထုတ်ပြန်လိုက်ပါတယ်။

အဆိုပါတိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်သား အများအပြား သေဆုံးပြီး၊ အရှင်ဖမ်းဆီးရမိသူတွေလည်း ရှိကြောင်းလည်း သိရတာပါ။

စစ်ကောင်စီရဲ့ မတရားဖမ်းဆီးစစ်မှုထမ်းခံရတဲ့ ရဲဘော်တွေနဲ့ တပ်တွင်းရဲဘော်တွေအနေနဲ့လည်း စစ်အာဏာရှင်ကောင်းစားရေးအတွက် မလုပ်ဆောင်ကြဘဲ၊ တော်လှန်ရေး ပူးပေါင်းမဟာမိတ်တွေဆီကို ပူးပေါင်းကြဖို့နဲ့ စစ်အာဏာရှင်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို အားပေးထောက်ခံခြင်းမပြုကြဖို့၊ အမြန်ဆုံးပြည်သူရင်ခွင်ခိုလှုံကြဖို့ကို Lion Battalion Commando မှ တိုက်တွန်းထားပါတယ်။

Video- Lion Battalion Commando-စစ်ကြောင်းရုံး
0 Shares:
You May Also Like
Read More

ပုလဲမြို့နယ် ဇီးဖြူကုန်းပျူစခန်းကို ၄ ရက်ဆက် ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်မှု စစ်တပ်အရာရှိအပါ ၁၀ ယောက် ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းပျူစခန်းကို နိုဝင်ဘာ ၁ ရက်ကနေ နိုဝင်ဘာ ၄ ရက်အထိ ဒရုန်းစစ်ဆင်ရေးပြုလုပ်ပြီး ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် - BNRA အဖွဲ့ထံက သိရပါတယ်။
Read More

မယ်ဆိုင်မှ တာချီလိတ်သို့ ပို့ဆောင်မည့် လက်လုပ်ပစ္စတို ၂၅ လက်အား သုံးဘီးယာဉ်အတွင်း ဖမ်းမိ (ရုပ်/သံ)

ထိုင်းနိုင်ငံ မယ်ဆိုင်ကနေ မြန်မာနိုင်ငံ တာချီလိတ်ကို ဝင်ရောက်မယ့် သုံးဘီးယာဉ် ၁ စီးအတွင်းကနေ လက်လုပ်ပစ္စတို ၂၅ လက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းသတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

လွတ်မြောက်နယ်မြေတစ်ခုမှာ လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအထူးတပ်ဖွဲ့ (SSTF) အပတ်စဉ် (၃) သင်တန်းဆင်းပွဲ ပြုလုပ် (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့ရဲ့ လက်အောက်ခံတပ်ဖွဲ့ဖြစ်တဲ့ လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအထူးတပ်ဖွဲ့  (SSTF) အပတ်စဉ် (၃) သင်တန်းဆင်းပွဲကို မတ်လ ၃၁ ရက်က လွတ်မြောက်နယ်မြေတစ်ခုမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရှင်ဓာတ်ဝဲဘုရားအဝင်မုဒ်ဝတွင် ဆက်ကြေးကောက်နေသည့် စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်မှု စစ်သား ၂ ဦး သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ ရှင်ဓာတ်ဝဲဘုရားအဝင်မုဒ်ဝရှိ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို မတ်လ ၂၂ ရက် နေ့လယ်ပိုင်းမှာ တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒူရကစစ်ကြောင်းထံက သိရပါတယ်။
Read More

SSNDF / KNDF B-103 မှ သင်တန်းသား ရဲဘော်သစ်များ ဖိတ်ခေါ် (ရုပ်/သံ)

SSNDF / KNDF B-103 က စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်ဖို့အတွက် သင်တန်းသား ရဲဘော်သစ်တွေ ဖိတ်ခေါ်လျက်ရှိတယ်လို့ သိရပါတယ်။
Read More

ရေစကြိုမှာ ပျူစခန်းကို ရိက္ခာလာပို့တဲ့ စစ်တပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၅ ယောက် သေ (ရုပ်/သံ)

မကွေးတိုင်း ရေစကြိုမြို့နယ်ထဲက ပျူစခန်းကို ရိက္ခာလာပို့တဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဒီဇင်ဘာ ၂၃ ရက်က ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၅ ယောက် သေခဲ့တယ်လို့ YOUNG WOLF LOCAL PDF အဖွဲ့ထံက သိရပါတယ်။